မြန်​မာအသင်းနှင့်​မ​လေးရှားအသင်းတို့ ယှဉ်​ပြိုင်​ကစားသွားသည့်​ ဆီမီဖိုင်​နယ်​ပွဲစဉ်​၌ ပွဲပြီးခါနီး ဧရိယာအတွင်း လက်​ထိ​ဘောဖြစ်​ခဲ့မှုသည်​ မြန်​မာအသင်း အမှန်​တကယ်​ ပင်​နယ်​တီရသင့်​​ကြောင်း မ​လေးရှား အသင်းနည်းပြ ဘိုဂျန်​က ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်​ ​ပြောကြားခဲ့သည်​။

“မြန်​မာအသင်းကစားသွားတာ ကျွန်​​တော်​တို့ထက်​ပို​ကောင်းပါတယ်​။ကျွန်​​တော်​တို့ ဒုတိယပိုင်းမှာ အခွင့်​အ​ရေးနှစ်​ကြိမ်​​လောက်​ရခဲ့ပါ။ အသုံးမချနိုင်​ခဲ့ပါဘူး။ ပွဲပြီးခါနီး ဧရိယာအတွင်းလက်​ထိ​ဘောက ပင်​နယ်​တီ​ပေးသင့်​ပါတယ်​။ ဒိုင်းကဘာ​ကြောင့်​မ​ပေးခဲ့လဲဆိုတာ မသိပါဘူး”ဟု ယင်းက​ပြောကြားခဲ့သည်​။

မြန်​မာနည်းပြ ဘန်​လာဘီက မိမိအသင်းကိုရှုံးနိမ့်​ခဲ့​သော ဗီယက်​နမ်​နိုင်​ငံမှ ဒိုင်​ကို တာဝန်​​ပေးမှုအ​ပေါ် ဘယ်​လို့မှနားမလည်းနိုင်​​ကြောင်းနှင့်​ ၄င်း၏ ပ​ရော်​ဖက်​ရှင်​နယ်​သက်​တမ်း ၁၅နှစ်​​ကျော်​ကာလအတွင်း ယခုကဲ့သို့ တစ်​ကြိမ်​တစ်​ခါမှ
အကြုံဖူး​ကြောင်း ဗီယက်​နမ်​ ကွင်းလယ်​ဒိုင်​ကို တာဝန်​​ပေးခြင်းနှင့်​ပတ်​သက်​၍ အာဆီယံ​ဘောလုံးအဖွဲ့ချုပ်​ကို ​ဝေဖန်​​ပြောကြားခဲ့သည်​။

သတင်း – မိုင်း​စောလွင်
ဓာတ်​ပုံ – မျိုး​ကျော်​စိုး

Credit: Pyi Myanmar