အိန္ဒိယနိုင်ငံ မွမ်ဘိုင်း မြို့မှာ သြဂုတ် ၃၁ ရက် မနက်ပိုင်းက ၁၁၇ နှစ် သက်တမ်း ရှိတဲ့ အဆောက်အဦး ပြိုကျမှု ကြောင့် သေဆုံးခဲ့သူဟာ ၂၀ ဦးအထိ မြင့်တက်သွားသလို ဒဏ်ရာ ရသူ အရေအတွက် လည်း ၃၀ ကျော်ထိ တိုးလာပါတယ်။

အဲဒီ အဆောက်အဦး ဟာ မွမ်ဘိုင်း မြို့ရဲ့ လူစည်ကားရာ ဘင်ဒီဘာဇာ နယ်မြေ ရှိ မောင်လာနာ ဆူခတ် အလီ လမ်းမပေါ်မှာ တည်ရှိပါတယ်။

 

တည်ဆောက်သူက အဆောက်အဦး ဟာ အန္တရာယ်ရှိပြီး ၂၀၁၁ ခုနှစ်လောက်ကတည်းက ယိုယွင်းနေတယ်လို့ ပြောကြားထားပါတယ်။

ဒါပေမယ့် အိမ်ထောင်စု ၉ စုဟာ ဆက်လက်နေထိုင်လျက်ရှိပြီး အခုပြိုကျမှုရဲ့ သားကောင် တွေ ဖြစ်ခဲ့ရပါတယ်။

မွမ်ဘိုင်း အစိုးရ ကလည်း အတော်ကြာကတည်းက အဲဒ အဆောက်အဦး ကို “လူနေရန်မသင့် အဆောက်အဦး” အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကလည်း မွမ်ဘိုင်း မြို့မြောက်ပိုင်းမှာ အဆောက်အဦး ပြိုကျမှု ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Credit : DVB