အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံး (ဓာတ်ပုံ – VOA)

အင်ဒိုနီးရှား နိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေအနေနဲ့ လုံခြုံရေး ကို အထူးဂရုစိုက် သတိပြုသွားလာနေထိုင်ကြဖို့ ဂျာကာကာမြို့ အခြေစိုက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး က အသိပေးတိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်က ဂျာကာတာရှိ မြန်မာသံရုံး ကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရ ပြီးနောက် မြန်မာသံရုံးက မြန်မာနိုင်ငံသားတွေ သတိဝရိယနဲ့ သွားလာ နေထိုင်ကြဖို့ မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှု တွေ ဖြစ်ပွားနေချိန်မှာ အင်ဒိုနီးရှားနဲ့ မလေးရှားအပါအ၀င် အစ္စလာမ်ဘာသာဝင်တွေအများစု နေထိုင်တဲ့ နိုင်ငံတွေမှာ မြန်မာနိုင်ငံ အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ တွေလည်း ပေါ်ပေါက်လာနေတာဖြစ်ပါတယ်။
Credit :DVB