အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တော်ရှိ မြန်မာ သံရုံး ကို စက်တင်ဘာလ ၃ ရက်နေ့က ဓာတ်ဆီ ပုလင်းများကို မီးရှို့ကာ ပစ်ပေါက်တိုက်ခိုက်ခံခဲ့ရကြောင်း ဂျကာတာ ရဲအဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။

နံနက် ၂ နာရီ ၃၅ မိနစ်အချိနခန့်တွင် မြန်မာ သံရုံး တည်ရှိရာ အနောက်ဘက်လမ်းတွင် ကင်းလှည့်နေသော အင်ဒိုနီးရှားရဲတစ်ဦးက သံရုံး ၏ ပထမထပ်၌ မီးလောင်ကျွမ်း နေသည်ကို တွေ့ရှိခဲ့ပြီးနောက် သံရုံးအစေင့်ရဲများကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

မီးငြှိမ်းသတ်ခဲ့ပြီးချိန်တွင် ဓာတ်ဆီဗုံး အဖြစ် အသုံးပြုသော ဘီယာ ပုလင်း အကွဲ နှင့် မီးစာ အဖြစ်အသုံးပြုသော အဝတ်စတို့ကို တွေ့ရှိခဲ့ရပြီး တိုက်လိုက်ခဲ့သူက ကားနှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲအဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။

ယခုလို တိုက်ခိုက်ခဲ့ရသည့်အကြောင်းကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ‘အာဂို ယုဝိုနို’ က ပြောကြားခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံက ရခိုင်ပြည် အရေးကိစ္စအတွက် ပါဝင်လှုပ်ရှားသူများ တိုးပွားလာလျှက် ရှိကြောင်း သတင်းရရှိသည်။

သတင်းကိုးကား – AFP, Reuters
Credit : popolay