ZawGyi- ျဖင့္ဖတ္ရန္
ထိုင္ဝမ္မွာ အသစ္စက္စက္ဝယ္ခါစ iPhone 8 Plus ဟာ အားသြင္းေနစဥ္ မထင္မွတ္ဘဲ ေပါက္ကြဲသြားခဲ့တယ္လို႔ဆိုပါတယ္။ ဒီဖုန္းပိုင္ရွင္ကေတာ့ ထိုင္ဝမ္အေနာက္ပိုင္း တီခြၽမ္ၿမိဳ႕မွ ဝမ္လို႔ဆိုတဲ့ အမ်ိဳးသမီးျဖစ္ၿပီး ၿပီးခဲ့တဲ့ စေနေန႔ကမွ iPhone 8 PLus ကို ဝယ္ခဲ့တာ ျဖစ္ပါတယ္။ သူမ ဝယ္ထားတဲ့ အသစ္စက္စက္ iPhone 8 Plus ဟာ ဝယ္ၿပီးငါးရက္အၾကာမွာ အားသြင္းစဥ္ ေပါက္ကြဲသြားတာလည္း ျဖစ္ပါတယ္။

အြန္လိုင္းေပၚ ပ်ံ႕ႏွံ႔လာတဲ့ ပုံေတြ ဗြီဒီယိုေတြအရေတာ့ ဖုန္းဟာ မီးမေလာင္ေပမယ့္ မွန္ျပင္ေတာ့ ႂကြတက္ကုန္တယ္လို႔ေဖာ္ျပထားပါတယ္။ မစၥဝမ္ရဲ႕အဆိုအရ သူမဟာ ဖုန္းကို official အားသြင္းႀကိဳးနဲ႔အားသြင္းထားတာ ျဖစ္တယ္လို႔ဆိုပါတယ္။ အားသြင္းစဥ္က ဘက္ထရီအားဟာ ၇၀% ရွိေနၿပီး အားသြင္းၿပီး ၃ မိနစ္အတြင္းမွာ ေပါက္ကြဲသြားတာလို႔လည္း ေျပာပါတယ္။

႐ုတ္တရပ္ဖုန္းေပါက္ကြဲမႈနဲ႔ႀကဳံၿပီးေနာက္ မစၥဝမ္မွ မီးမေလာင္ေအာင္လို႔ပလပ္ျဖဳတ္လိုက္ရတယ္လို႔လည္း ဆိုပါတယ္။ သူမဝယ္ယူခဲ့တဲ့ iPhone 8 Plus ဟာ ပန္းႏုေရာင္ 64GB ဗားရွင္းျဖစ္ၿပီး ယခုေပါက္ကြဲမႈဟာလည္း ဖုန္းဘက္ထရီေၾကာင့္ ျဖစ္မယ္လို႔ဆိုေနၾကပါတယ္။ iPhone 8 Plus ဟာ 2675 mAh ဘက္ထရီသုံးထားတာ ျဖစ္ၿပီး စက္တင္ဘာလ ၂၂ ရက္ေန႔ကမွ ေဈးကြက္ထဲ ေရာက္လာတာပါ။

အလားတူျဖစ္ရပ္မ်ိဳးကို ဂ်ပန္ႏိုင္ငံမွ iPhone 8 Plus မွာထားသူလည္း ျဖစ္ပြားခဲ့တယ္လို႔ဆိုပါတယ္။ သူ႔အျဖစ္မွာေတာ့ ပါကင္နဲ႔ေရာက္လာတဲ့ ဖုန္းကို ဖြင့္ၾကည့္ရာမွာ ဖုန္းမွန္ထြက္ၿပီးသားႀကီး ပါလာတာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို သူလည္း Twitter (ေအာက္ပုံ) မွာ တင္ထားခဲ့ပါတယ္။

ေပါက္ကြဲမႈျဖစ္သြားတဲ့ ဖုန္းကို Apple စက္႐ုံဆီပို႔ထားၿပီး ျဖစ္ရတဲ့ အေၾကာင္းရင္းကို စုံစမ္းေနတယ္လို႔ဆိုပါတယ္။ iPhone 8 Plus အတြက္ ဘက္ထရီကို Apple ဟာ Samsung SDI ၊ တ႐ုတ္မွ Amperex Technology Limited နဲ႔LG Chem ကုမၸဏီမ်ားဆီကေန တင္သြင္းထားတာ ျဖစ္ပါတယ္။ ယခုဖုန္းမွာ သုံးထားတဲ့ ဘက္ထရီကိုေတာ့ ဘယ္ကုမၸဏီကေန ထုတ္ထားတာလဲ မသိရေသးပါဘူး။

Credit: duwun

Unicode-ဖြင့်ဖတ်ရန်
ထိုင်ဝမ်မှာ အသစ်စက်စက်ဝယ်ခါစ iPhone 8 Plus ဟာ အားသွင်းနေစဉ် မထင်မှတ်ဘဲ ပေါက်ကွဲသွားခဲ့တယ်လို့ဆိုပါတယ်။ ဒီဖုန်းပိုင်ရှင်ကတော့ ထိုင်ဝမ်အနောက်ပိုင်း တီချွမ်မြို့မှ ဝမ်လို့ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့ကမှ iPhone 8 PLus ကို ဝယ်ခဲ့တာ ဖြစ်ပါတယ်။ သူမ ဝယ်ထားတဲ့ အသစ်စက်စက် iPhone 8 Plus ဟာ ဝယ်ပြီးငါးရက်အကြာမှာ အားသွင်းစဉ် ပေါက်ကွဲသွားတာလည်း ဖြစ်ပါတယ်။

အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ပုံတွေ ဗွီဒီယိုတွေအရတော့ ဖုန်းဟာ မီးမလောင်ပေမယ့် မှန်ပြင်တော့ ကြွတက်ကုန်တယ်လို့ဖော်ပြထားပါတယ်။ မစ္စဝမ်ရဲ့အဆိုအရ သူမဟာ ဖုန်းကို official အားသွင်းကြိုးနဲ့အားသွင်းထားတာ ဖြစ်တယ်လို့ဆိုပါတယ်။ အားသွင်းစဉ်က ဘက်ထရီအားဟာ ၇၀% ရှိနေပြီး အားသွင်းပြီး ၃ မိနစ်အတွင်းမှာ ပေါက်ကွဲသွားတာလို့လည်း ပြောပါတယ်။

ရုတ်တရပ်ဖုန်းပေါက်ကွဲမှုနဲ့ကြုံပြီးနောက် မစ္စဝမ်မှ မီးမလောင်အောင်လို့ပလပ်ဖြုတ်လိုက်ရတယ်လို့လည်း ဆိုပါတယ်။ သူမဝယ်ယူခဲ့တဲ့ iPhone 8 Plus ဟာ ပန်းနုရောင် 64GB ဗားရှင်းဖြစ်ပြီး ယခုပေါက်ကွဲမှုဟာလည်း ဖုန်းဘက်ထရီကြောင့် ဖြစ်မယ်လို့ဆိုနေကြပါတယ်။ iPhone 8 Plus ဟာ 2675 mAh ဘက်ထရီသုံးထားတာ ဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့ကမှ ဈေးကွက်ထဲ ရောက်လာတာပါ။

အလားတူဖြစ်ရပ်မျိုးကို ဂျပန်နိုင်ငံမှ iPhone 8 Plus မှာထားသူလည်း ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ သူ့အဖြစ်မှာတော့ ပါကင်နဲ့ရောက်လာတဲ့ ဖုန်းကို ဖွင့်ကြည့်ရာမှာ ဖုန်းမှန်ထွက်ပြီးသားကြီး ပါလာတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို သူလည်း Twitter (အောက်ပုံ) မှာ တင်ထားခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်သွားတဲ့ ဖုန်းကို Apple စက်ရုံဆီပို့ထားပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ဆိုပါတယ်။ iPhone 8 Plus အတွက် ဘက်ထရီကို Apple ဟာ Samsung SDI ၊ တရုတ်မှ Amperex Technology Limited နဲ့LG Chem ကုမ္ပဏီများဆီကနေ တင်သွင်းထားတာ ဖြစ်ပါတယ်။ ယခုဖုန်းမှာ သုံးထားတဲ့ ဘက်ထရီကိုတော့ ဘယ်ကုမ္ပဏီကနေ ထုတ်ထားတာလဲ မသိရသေးပါဘူး။

Credit: duwun
www.duwun.com