တစ်နာရီ၊ နှစ်နာရီခန့် ကြိုတင်ပြီး B6 တစ်ပြားသောက်ထားပါ။နားထဲမှာ ခန္ဓာကိုယ် ကို ဟန်ချက်ညီအောင် ထိန်းပေးနိုင်တဲ့ အရည် တွေ ရှိပါတယ်။ အဲဒီ အရည် တွေ ပရမ်းပတာဖြစ်ပြီး လှုပ်သွားတယ်ဆိုရင် အမြင်တွေ ဝေဝါးပြီး ခေါင်း ထဲမှာ မူးနောက်နောက်ဖြစ်လာစေပါတယ်။ ကားမူး တယ်၊ ကားတောက် တယ်လို့ ခေါ်လေ့ရှိပါတယ်။ ဒီလို မဖြစ်ရအောင် ဘယ်လိုကာကွယ်နိုင်လဲဆိုတာကို အောက်မှာ ဖော်ပြထားပါတယ်။

၁။ ကား စီးနေစဉ် ရှေ့တည့်တည့်ကို ကြည့်ပါ။
ဒီလိုနေတာဟာ မျက်စိ နဲ့ နား ကို တစ်တန်းတည်းဖြစ်စေပြီး နားထဲက အရည် တွေ လှုပ်ရှားမှုသိပ်မဖြစ်စေဘဲ ခေါင်းမူးခြင်းကနေ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။


၂။ ကား လမ်း တစ်လျှောက် ရှုခင်း တွေလိုက်ကြည့်ပါ။
လမ်းပေါ်က မြင်ကွင်းတွေ၊ သစ်ပင်စိမ်းစိမ်းတွေကို လိုက်ကြည့်နေတာက ကျန်းမာရေး အတွက်လည်းကောင်းပါတယ်။ ကား စီးနေစဉ် ဖုန်းကိုငုံ့ပြီး အကြာကြီး ကြည့်တာ၊ စာအုပ် ဖတ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာက ဇက်ကြောတက်တာ၊ ကားမူးတာအပြင် ကြာလာရင် ကျီးပေါင်းတက်ပြီး ဇောချွေးပြန် ကာ အန်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

၃။ B6 သောက်ပါ။
ခရီးဝေး သွားရမယ်ဆိုရင် မသွားခင် တစ်နာရီ၊ နှစ်နာရီခန့် ကြိုတင်ပြီး အာရုံကြောအားကောင်းစေတဲ့ B6 ၁၀ မီလီဂရမ် ဆေးပြား တစ်ပြားသောက်လိုက်ပါ။ B6 ဟာ ခေါင်းကြည်စေပြီး ပျို့တာအန်တာမျိုးတွေ မဖြစ်စေပါဘူး။ ကျီးပေါင်းတက်တဲ့သူတွေ၊ ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေ ညအိပ် ခရီးသွားရတဲ့အခါမျိုးတွေမှာတော့ Stugeron ၁ ပြားသောက်ပေးလို့ ရပါတယ်။ ခရီး သွားရတာလည်း အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ နိုးလာရင်လည်း လန်းဆန်းနေစေပါလိမ့်မယ်။

Credit : Duwun