အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကုလသမဂ္ဂ မှာ မိန့်ခွန်း မပြောခင် မြောက်ကိုရီးယား သံအမတ် ဟာ ခန်းမထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်က နယူးယောက် မှာ ကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြောက်ကိုရီးယား သံအမတ်ကြီး ဂျာဆောင်နန်းဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် မိန့်ခွန်း မပြောခင် ခန်းမ ထဲက ထွက်သွားခဲ့တာပါ။

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ ကုလသမဂ္ဂ မှာ မိန့်ခွန်း ပြောကြားရာ မြောက်ကိုရီးယား ကို အလုံးစုံချေမှုန်းသွားမယ်လို့ ပြောကြားခဲ့သလို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ကိုလည်း ဒုံးကျည် လူသားလို့ ခေါ်ဝေါ်သုံးနှုန်းသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ မြောက်ကိုရီးယား၊ အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကို ကုလသမဂ္ဂ စင်မြင့်ထက်မှာ ပြစ်တင်ပြောကြားသွားခဲ့ပါတယ်။

ဂျပန်နိုင်ငံ ကတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ကုလသမဂ္ဂ မှာ မြောက်ကိုရီးယားအပေါ် ပြောဆိုမှုတွေကို ကြိုဆိုခဲ့ပါတယ်။

ဂျပန်ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှီဟီဒဲ ဆူဂက “အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ မြောက်ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းမဲ့ရေးဆိုတဲ့ ကျေန်ာတို့ရဲ့ ရည်မှန်းချက် ကို ထပ်လောင်း အတည်ပြုပေးတဲ့အတွက် ကျေန်ာတို့ အသိအမှတ်ပြုပါတယ်။ နောက်ပြီး မြောက်ကိုရီးယားကို ဖိအားထပ်ပေးဖို့ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပူးပေါင်းကြဖို့ အပြင်းအထန် တိုက်တွန်းသွားတာကိုလည်း ဂျပန်အနေနဲ့ အသိအမှတ်ပြုပါတယ်” လို့ ပြောကြားသွားပါတယ်။

Credit : DVB

 

Credit to DVB