ဘူးသီးတောင်မှ စစ်တွေမြို့သို့ သွားသော စက်လှေပေါ်တွင် တွေ့ရသည့် ဆရာကိုရဲနိုင်(အလယ်)(ဓာတ်ပုံ−စိုင်းဇော်)

လက်ရှိ မောင်တောမြို့နယ် အကြမ်းဖက်ခံရမှု ဖြစ်စဉ်ကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူ များ မောင်တောမှ ဘူးသီးတောင်၊ ဘူးသီးတောင်မှတစ်ဆင့် စစ်တွေ သို့ ထွက်ပြေးတိမ်းရှောင်နေကြ သည်။ ၎င်းတို့အနက် ကျောင်းဆရာ၊ ဆရာမများလည်း အပါအဝင်ဖြစ်ပြီး မောင်တောမြို့နယ် ကွမ်းသီးပင်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြကျောင်းဆရာ ကိုရဲနိုင်နှင့် 7Day Daily သတင်းထောက်တို့ ဘူးသီးတောင်မှ စစ်တွေသို့ ပြေးဆွဲသည့် စက်လှေအမြန်ယာဉ် ပေါ်တွင် သြဂုတ် ၂၉ ရက်က တွေ့ဆုံစဉ် ၎င်းကို မေးမြန်းထားသည် များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဆရာတို့ မောင်တော မှာ တွေ့ကြုံခဲ့ရတဲ့အခြေအနေကို ပြောပြပေးပါ။
ကျွန်တော်တို့က မောင်တော မြို့နယ်အတွင်းက ကွမ်းသီးပင် ကျေးရွာမှာ ဆွဲခန့်အနေနဲ့ တာဝန် ကျနေတာ။ သြဂုတ် ၂၄ ရက်နေ့က Permanent (အမြဲတမ်း ဝန်ထမ်း)ခန့်ဖို့ လျှောက်လွှာကျလို့ မောင်တောကို လာပြီးယူတာ။ အဲဒီနေ့ညမှာပဲ ဖြစ်တယ်။ ညဥ့် ဦးပိုင်း ၁၂ လောက်ကတည်းက ဘယ်သူတွေပစ်မှန်းမသိဘူး။ ဒုန်း ဒုန်းဒိုင်းဒိုင်းနဲ့။ မောင်တောရဲ့အ ရှေ့အရပ်လောက်မှာပဲ။ ကျွန် တော်တို့က အဝေးကြီးပါပဲဆိုပြီး နမော်နမဲ့နေတာပေါ့။ မနက် ၃ နာရီ၊ ၄ နာရီလောက်ကျတော့ အရပ်လေးမျက်နှာကနေ အကုန် လုံးစုလာတာ။ သေနတ်သံ၊ ဗုံးသံ မကြားဖူးတော့ အဲဒီအချိန်မှာ အရမ်းဆိုးပဲ။ ဘယ်နားပုန်းလို့ ပုန်းရမှန်းမသိဘူး။ အကုန်လုံး ကြောက်သွားတယ်။ ဗုံးသံကြီး တွေက နီးနီးလေးပဲ။

 

လက်ရှိ မောင်တောမြို့ပေါ် လုံခြုံ ရေး အခြေအနေ က ဘယ်လိုရှိလဲ။
လုံခြုံရေးက တစ်စိတ်တစ် ဒေသတော့ ရှိပါတယ်။ များသော အားဖြင့်တော့ မလုံခြုံဘူး။ ကျွန် တော့်စိတ်ထဲ ခံစားရတာ အမှန် ပြောရရင်တော့ မလုံခြုံဘူးလို့ ထင်တယ်။

အခု ဆရာတို့က အိမ်က စိတ်ပူနေလို့ ပြန်လာကြတာလား။
ကျွန်တော့်စိတ်ထဲက မလုံခြုံဘူးလို့ ထင်တယ်။ အများအားဖြင့် တော့ ပြန်လာကြပြီ။ ကျွန်တော် တို့လည်း မနေရဲတော့ဘူး။ မိဘ တွေကလည်း ဖြစ်နိုင်ရင် ပြန်လာ ခဲ့ပြောတယ်။

အခု ပြန်လာကြတာ ဆရာတွေ ချည်းပဲလား။ ဆရာမတွေကော ပါလာသေးလား။
ဆရာတွေချည်းပဲ။ အကုန် လုံး ၃၀ လောက်တော့ရှိတယ်။ ဆရာမတွေက ရွာတွေမှာ ပိတ်မိ နေကြတယ်။ ပိတ်မိနေတဲ့ ဆရာ က ခန့်မှန်းခြေ ၆၀ လောက်ရှိမယ်။ အတိအကျပြောလို့တော့ မရဘူး။

အကြမ်းဖက်မှုစဖြစ်ပြီး ငါးရက် လောက်အတွင်း ဆရာတို့ ဘယ် လိုနေကြလဲ။
ပစ်သံခတ်သံတွေကတော့ တောက်လျှောက်ပဲ။ ကျွန်တော် တို့က ဘုန်းကြီးကျောင်းသွားနေ တယ်။ အမှန်ပြောရရင် ကျွန်တော် တို့မှာ ပိုက်ဆံမရှိတော့ဘူး။ စား နပ်ရိက္ခာကို အောင်မြေဗောဓိ ဘုန်းကြီးကျောင်းက ထောက်ပံ့ ပေးထားတယ်။ ကျွန်တော်တို့က နေ့စားဆိုတော့ တစ်လမှ ရှစ် သောင်း၊ တစ်သိန်းပဲရတယ်။ အခု အဲဒီပိုက်ဆံလည်း ကုန်ပြီ။ ဘုန်းကြီးကျောင်းက နေ့ရော၊ ညရော ကျွေးထားတယ်။ မောင်တောစ ရောက်ကတည်းက လက်ထဲ ပိုက်ဆံနည်းနေတာနဲ့ တည်းခိုခန်းမ တည်းတော့ဘဲ ဘုန်းကြီးကျောင်း မှာ တည်းဖို့ ဆရာတော်ကို လျှောက်ပြီး နေလိုက်တယ်။ အဲဒီ ညဖြစ်တာပဲ။ ဆရာတော်နဲ့က အရင်ကတည်းက သိတယ်။

ဆရာတို့ ဘုန်းကြီးကျောင်းမှာရှိ နေတုန်း မောင်တောမြို့နယ်ပညာ ရေးမှူးက လာတွေ့တာမျိုးရှိပါသလား။
ဘုန်းကြီးကျောင်းမှာ ကျောင်းဆရာတွေ ရောက်နေ တယ်ဆိုလို့ မြို့နယ်လက်ထောက် ပညာရေးမှူးက လာပြီး အားပေး စကားတော့ ပြောသွားတယ်။ မနေ့က (သြဂုတ် ၂၈) က လာ သွားတာ။ လက်ရှိအချိန်မှာ သူတို့ လည်း အကုန်လုံးကို တာဝန်မယူ နိုင်ဘူး။ အဆင်ပြေအောင်လုပ် ပေးမယ်။ လောလောဆယ် ရွာ တွေမှာ ရောက်နေတဲ့ ဆရာ၊ ဆရာမတွေကို ဦးစားပေးလုပ်ပေး ရမယ်။ မြို့ပေါ်မှာ ရောက်နေတဲ့ သူက ပိုပြီး လုံခြုံမှုရှိတယ်။ သွား ချင်ရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြ။ အဲဒီလိုပြောတယ်။ သ ဘောကတော့ ကိုယ်ဖြစ်ရင် ကိုယ် ခံပေါ့။

အခု ဆရာတို့ မောင်တောကနေ ဘူးသီးတောင်ကို ဘယ်လိုလာလဲ။
ကားနဲ့ လာတယ်။ တစ် ယောက်ကို တစ်သောင်းပေးရ တယ်။ ပုံမှန်အတိုင်းဆို တစ် ယောက်သုံးထောင်ပဲ ပေးရတယ်။ အခု စစ်တွေအမြန်ယာဉ်ခက ကိုး ထောင်။ ပိုက်ဆံ ဘာမှ မကျန် တော့ဘူး။ စစ်တွေရောက်တာနဲ့ ဘဏ်ကနေ ပိုက်ဆံလွှဲဖို့ အိမ် ကို ပြောရမယ်။

ဆရာတို့ မောင်တောကနေ ပြန် လာတော့ စီးလာတဲ့ ကား ကို လုံခြုံ ရေးပေးလား။
လုံခြုံရေးမပေးဘူး။ လမ်း တစ်လျှောက် ပစ်တာ ခတ်တာ တော့ မကြုံခဲ့ဘူး။ လုံခြုံရေးတွေ လည်း မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ ပုံမှန်အတိုင်း တံတားတို့၊ ဘာတို့မှာ တော့ လုံခြုံရေးတွေ စောင့်နေတာ ရှိတယ်။

ဆရာတို့ စစ်တွေရောက်ရင် သက်ဆိုင်ရာ ပညာရေးမှူး ရုံးတွေ သွားဖို့ရှိလား။ ဘာတွေ တောင်းဆိုဖို့ စဉ်းစားထားလဲ။
ဟုတ်ကဲ့ သွားမယ်။ ကျွန် တော်တို့နဲ့ ညီအစ်ကို လိုနေတဲ့ ဆရာတွေ ကျန်ခဲ့သေးတယ်။ ရွာမှာပဲ ပိတ်မိနေကြတယ်။ ကျွန် တော်တို့သာ လျှောက်လွှာကိစ္စရှိ လို့ ပြဿနာမဖြစ်ခင် တစ်ရက်ကြို ရောက်လာလို့။ ကျန်တဲ့သူတွေက အကုန်လုံး ပိတ်မိနေကြတုန်းပဲ။ အဲဒါတွေ သွားပြောမှာ။

ရွာတွေမှာ ကျန်ခဲ့တဲ့ ဆရာ၊ ဆရာမ တွေနဲ့ ဖုန်း အဆက်အသွယ် ရှိ လား။ သူတို့အခြေအနေကကော ဘယ်လိုတဲ့လဲ။
မင်္ဂလာညွန့်မှာ နေတဲ့တစ် ယောက် ပြောပြ တာတော့ စစ်တပ် က တစ်ခေါက်ရောက်လာတယ်။ ထပ်ပြီးတော့ ရောက်မလာဘူး။ ကြောက်ပြီး သူတို့ ပုန်းလျှိုးကွယ် လျှိုးနေရတယ်။ ကုလားတွေရန် ကြောက်ပြီး တောင်ပေါ်တက်ပြီး နေရတယ် ပြောတယ်။ ကျန်တဲ့ သူတွေကတော့ နည်းနည်းပါးပါး အဆင်ပြေတယ် ပြောရမှာပေါ့။ ဒါပေမဲ့ အသက်ဘေးအန္တရာယ် ကျလာရင် ဘယ်လိုမှ မလုံခြုံဘူး ပေါ့။ လုံခြုံမှုတော့ မရှိဘူး။

အဲဒီတော့ ဆရာ တို့ ဘာဆက်လုပ်မလဲ။
စစ်တွေရောက်ရင် ပြည်နယ် ပညာရေးမှူးရုံးသွားမယ်။ ဘာ လုပ်ထားတာရှိလဲ။ ပိတ်မိနေသူ တွေအတွက် ဘယ်လိုစီစဉ်ထား တာရှိလဲ သွားမေးမယ်။ လူကြီး တွေ ပြောမှ ကျွန်တော်တို့သိမယ်။ ကျွန်တော်တို့က စိတ်မကောင်း တာပဲ ရှိတယ်။ ဘာမှ မကူညီပေး နိုင်ဘူး။ ကျွန်တော်တို့လွတ်လာ တာပဲရှိတယ်။

တာဝန်ကျတဲ့ရွာကို ပြန်သွားဖို့ အစီအစဉ် ရှိလား။
မတည်ငြိမ်ရင်တော့ ကျွန် တော်တို့ မသွားရဲဘူး။ ငြိမ်းငြိမ်း ချမ်းချမ်းမဖြစ်ရင် မသွားရဲဘူး။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်၊ တည်ငြိမ်မှ သွားမှာ။ အခုလိုမျိုး တည်ငြိမ်မှု မရှိဘူး။ တာဝန်ယူမှုမရှိဘူးဆိုရင် ကျွန်တော်တို့ လုံးဝသွားစရာအ ကြောင်းမရှိတော့ဘူး။ အဲဒါ ပြတ် ပြတ်သားသားပြောတာ။ ကျွန် တော်တို့ဝန်ထမ်းတွေအပေါ် တာ ဝန်ယူမှုမရှိရင် ဘယ်လိုမှ သွားစ ရာအကြောင်းမရှိဘူး။ ကျွန်တော် တို့လည်း ဒီအလုပ် လုပ်စရာမရှိ တော့ဘူး။ အသက်ထက် ဘယ် ဟာမှ အရေးမကြီးဘူး။
ကျေးဇူးတင်ပါတယ်။

Credit : 7day daily