Myanmar Idol ကနေ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ကျော်ထက်အောင် ကတော့ စက်တင်ဘာလကုန်မှာ ပြုလုပ်မယ့် Miss Universe Myanmar ပွဲမှာ အစီအစဉ်တင်ဆက်သူ အဖြစ် ပါဝင်မယ်လို့ သိရပါတယ်။
ယခုလက်ရှိမှာတော့ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာလည်း တွေ့ရပါတယ်။

မကြာခင်မှာ ပြန်လည်ကျင်းပတော့မယ့် Myanmar Idol အစီအစဉ်မှာလည်း ဆန်းသစ်တဲ့ ပုံစံတွေနဲ့ တွေ့မြင်ရဦးမှာလို့ ဆိုပါတယ်။
‘‘Myanmar Idol မှာလည်းSeason 3,4 အနေနဲ့ ထပ်ပြီးမြင် ရမှာပါ။ ကျွန်တော့်ကိုပြန်ပြီး Higher လုပ်ထားတဲ့အပိုင်း တွေ ရှိပါတယ်။ Planning ချနေတဲ့ အပိုင်းတွေပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ Presentation အ ပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုဆန်း သစ်အောင် လုပ်မလဲဆိုတာတွေ စီစဉ်နေပါတယ်။ ကျွန်တော့်ကို Host Man အနေနဲ့ ပြန်မြင်တွေ့ ရဦးမှာပါ’’လို့ ပြောပါတယ်။

သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေနဲ့ ရင်းနှီးလာတဲ့ ကျော်ထက်အောင်ကတော့ ယခုလက်ရှိမှာ ချူဆီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပါတယ်။
သူအနေနဲ့ အဲ့ဒီဇာတ်ကားကတော့ ခြောက်ကားမြောက် ဇာတ်ကားဖြစ်ပြီး ကေတီဗီ မန်နေဂျာ တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
တစ်ကိုယ်တော်ပွဲအတွက် ပြင်ဆင်နေမှုတွေ လုပ်နေပြီဆိုတဲ့ ဝိုင်းစု: မအားတာနဲ့ ဖေ့စ်ဘွတ်မှာ ပုံတွေတောင်မတင်ဖြစ်ဘူးတဲ့။

Photo : ကျော်ထက်အောင် ဖေ့စ်ဘွတ်
Credit: Duwun