နာမည်ကျော် ထိပ်တန်း မင်းသား နေတိုး က ရခိုင် ဒေသ မှ ဒုက္ခသည် များအတွက် ကျပ် သိန်း ၁ဝဝ ကျော် လှူဒါန်း လိုက်တယ်လို့ သိရှိရပါတယ်။

မင်းသား နေတိုး က မွေးနေ့ အလှူ အဖြစ် ရည်စူးပြီး ရခိုင်လူမျိုးတစ်ဦးဖြစ်တာကြောင့်လည်း ခုလို သိန်း ရာနှင့်ချီပြီး လှူဒါန်း လိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ ကတော့ စက်တင်ဘာလ ၉ (ယနေ့) ပဲဖြစ်ပါတယ်။

ရခိုင် အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ကနေတစ်ဆင့် ရခိုင် ဒေသ အတွက် သိန်း တစ်ရာတစ်ဆယ့်သုံးသိန်းသုံးသောင်း (၁၁,၃၃၀,၀၀၀) လှူဒါန်း လိုက်တာ လို့ ၄င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွက် စာမျက်နှာမှတစ်ဆင့်သိရပါတယ်။

”မွေးနေ့မှာ လှူဒါန်း ဖြစ်သော အလှူ များအား ပရိတ်ကြီး အားလုံကို အမျှဝေပါသည်။ အမျှရ၍ သာဓုခေါ်ဆိုနိုင်ကြပါစေ .. ထာဝရ နေတိုး” ဟု သူက ရေးသားထားသည်။

လက်ရှိ မြန်မာနိုင်ငံ သရုပ်ဆောင် မင်းသား များတွင် အအောင်မြင်ဆုံး မင်းသား တစ်ဦးဖြစ်တဲ့နေတိုးက အနုပညာကို ခုံမင်သလို ဝေဖန်အပြစ်ပြောစရာလည်း နည်းသူဖြစ်သည်။ ပရဟိတ များကိုလည်း ပါဝင်လှူဒါန်းလေ့ရှိသည်။

Credit: PannPwint