တေလာဆွစ်က သူမရဲ့ Reputation အယ်လ်ဘမ်ကို နိုဝင်ဘာမှာတရားဝင်ထုတ်လွှင့်ဖြန့်ချိမယ်လို့ ကြေညာထားပြီး ပထမဆုံးသီချင်း Look What You Made Me Do က လွန်ခဲ့တဲ့ရက်ပိုင်းက သီချင်း Audio ရော Video ပါ ထွက်ရှိပြီးပြီဖြစ်ပါတယ်။ အခု ဒုတိယသီချင်းဖြစ်တဲ့ Ready For It ကတော့ မနေ့က ထွက်ရှိလာခဲ့ပါတယ်။

သီချင်းက ခပ်ကြမ်းကြမ်းခပ်မြူးမြူးပုံစံပါ။ သူမဆိုနေကျပုံစံနဲ့ နည်းနည်းကွဲထွက်နေတယ်လို့လည်း ပြောလို့ရပါတယ်။
Chorus မှာ In the middle of the nights, in my dreams. You should see the things we do, baby ဆိုတဲ့ စာသားလေးက ဆွေးသလိုလိုလေးရှိနေ၊ တစ်ယောက်ယောက်ကို သတိရသလိုလိုလေးရှိနေပေမယ့် တကယ့်အဆွေးသီချင်းသပ်သပ်ကြီးတော့လည်း ဟုတ်မနေပြန်ပါဘူး။
Chorus အဆုံးမှာ Are you ready for it ? လို့မေးပြီး လာတဲ့ Beat သံကြောင့် ပရိသတ်တွေအသည်းစွဲကြရပြန်တာပါ။

ကြည့်ရတာတော့ ဒီသီချင်းက တခြားပြဿနာတွေနဲ့ ပြန်တိုက်ခိုက်တာမျိုးတွေမပါဘဲ သီးသန့်ဖန်တီးထားတဲ့ သီချင်းဖြစ်ပုံပါပဲ။ တချို့စာသားနဲ့အဓိပ္ပါယ်လေးတွေကတော့ တေလာက သူမရဲ့အချစ်ရေးအချစ်ရာလေးတွေကို အေးအေးဆေးဆေးလေးခံစားဖို့ ရည်ရွယ်ထားပုံတော့ရပါတယ်။

Credit: Duwun