ဒီနိုင်ငံမှာ ဒီလိုစိတ်ထားမျိုးနဲ့သာဆိုရင် အနှစ် ၂၀ မဟုတ်ဘူး ၁၀နှစ်နဲ့တင် တိုးတက်တယ်။ ( Powe 11 Co., Ltd မှ ကားနံပါတ် 6L-2936 )

ဒီတစ်ခဏမှာ သူဟာ ကုလားလည်းမဟုတ် ဗမာလည်းမဟုတ် တရုတ်လည်းမဟုတ်ဘဲ လူအချင်းချင်းဆိုတဲ့ အသိဖြ င့် သာ ကားဆရာ ညီအစ်ကိုနှစ်ယောက် ကူညီလိုက်တာကဖြင့် လူသားချင်းစာနာမှုဆိုသော အသိတစ်ခုကို လှုံ့ဆော်ေ ပး လိုက်ပါတယ်။

 

အကြောင်းစုံကဒီလိုပါ — စိန်ဂျွန်းမှတ်တိုင်ကနေသူတက်လာတယ်။ တစ်ကိုယ်လုံးစိုနေတယ် ကားကလည်း Air con နဲ့ဆိုတော သူတော်တော်ချမ်းနေတာ။ မြေနီကုန်းရောက်တော့ ကားဆရာ ညီငယ်က သူ့မှာရှိတဲ့အင်္ကျီတစ်ထည်ယူပြီး ဝတ်ပေးနေတယ်။

 

ပြီးတော့ စိုက်ပျိုးရေးမှတ်တိုင်မှာ ဆင်းသွားတယ်။ ပိုက်ဆံ တစ်ထောင်ပါထည့်ပေးလိုက်သေးတာ မြင်ခဲ့ရတယ်။ ကားေ မာင်းသူက မှတ်တိုင်ရှေ့မှာ ကားတွေအရမ်းကိုပိတ်နေလို့ မရပ်ပေးနိုင်တာကို စပီကာမှ တဆငိ့တောင်ပန်းနေပြီးတော့ အကူ ညီငယ်ကလည်း ဆင်းမဲ့သူတွေကို ယဉ်ကျေးပျုငှာသော အပြောများနှင့်ဝန်ဆောင်မှု(ထမင်းချိုင့်တွေ ထီးတွေမေ့ကျ န်မှာကအစ သတိပေးနေတာပါ) ပေးနေတာကို အထူးကိုကျေးဇူးတင်မိပါတယ်။

ကျွန်တော်တို့တတွေ မကောင်းတာကိုလည်း မကောင်းဘူးဟုပြောခဲ့သလို့ ကောင်းတာမြင်ရင်လည်း ချီးမြှောက်ပေးခြင်းဖြ င့် ဂုဏ်ပြုပေးကြရအောင်။

ဒီနိုင်ငံမှာ ဒီလိုစိတ်ထားမျိုးနဲ့သာဆိုရင် အနှစ် ၂၀ မဟုတ်ဘူး ၁၀နှစ်နဲ့တင် တိုးတက်တယ်။ Powe 11 Co., Ltd မှ ကားနံပါတ်…

Posted by အခမဲ့ on lunes, 4 de septiembre de 2017

 

အများသိစေရန် ဤPost ကို share ပေးခြင်းဖြင့် ဂုဏ်ပြုပေးရအောင်ပါ။

Share From Sun Thit