သရုပ်ဆောင် သွန်းဆက် ကတော့ မိခင်နဲ့အတူ သီလရှင် ဝတ်ခဲ့ပါတယ်။ ဒီနေ့ (စက်တင်ဘာ၂၅ရက်)မနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘူမိခေမာရာမ သီလရှင်စာသင်တိုက် မိခင်နဲ့အတူ သီလရှင် ဝတ်ခဲ့တာ ဖြစ်ပါတယ်။

သွန်းဆက်ကတော့ ဆရာလေး သီလနန္ဒီအဖြစ်သို့ ရောက်ရှိသွားပါပြီ။

ဆရာလေး သီလနန္ဒီကလည်း ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှူ အစုစုတို့ကို ဆရာလေး ဖေ့စ်ဘွတ်ကနေ တစ်ဆင့် အမျှပေးဝေထားပါတယ်။

“ဆရာလေး သီလနန္ဒိ ဆရာလေး ပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကို ( ၇ ) ရက် သားသမီး များအား ပေးဝေပါတယ်

အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ( သာဓု သာဓု သာဓု )
အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ( သာဓု သာဓု သာဓု )
အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ( သာဓု သာဓု သာဓု )” ဆိုပြီး အမျှပေးဝေထားပါတယ်။

သရုပ်ဆောင်သွန်းဆက်အနေနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့ ကြားက မိခင်နဲ့အတူ သီလရှင် ဝတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခင်ကလည်းက ပရိသတ်တွေနဲ့ Live ပြောရင်လည်း သီလရှင် ဝတ်ချင်တယ်ဆိုတဲ့ အကြောင်းလေးတွေ ထည့်ထည့်ပြောဖူးပါတယ်။

ယခုတော့ သီလရှင် ဝတ်ချင်တဲ့ သူမရဲ့ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ကြည်ညိုစရာကောင်းလှတဲ့ ဆရာလေး သီလနန္ဒီရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။

Photo : သွန်းဆက် ဖေ့စ်ဘွတ်

Credit: Duwun