အဆိုတော် နှင့် သရုပ်ဆောင် ယုန်လေး က သူ့ရဲ့ မွေးနေ့ကို ရည်စူး ပြီ ဘာသာကြီး လေးခု မှ အထွဋ်အမြတ်နေရာများသို့ သွားရောက်ကာ ကုသိုလ် ပြုခဲ့ကြောင်း သိရသည်။

ယုန်လေး က မနှစ်က မွေးနေ့မှာလည်း ယခုလို ကုသိုလ် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်အတွက်လည်း ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ တင်လိုက်တာဖြစ်ပါတယ်။

‘’ ကျွန်တော် မွေးနေ့ အတွက် အရင်နှစ်ကလိုပဲ ရွှေတိဂုံ ဘုရား , Chruch , ပလီ , ဟိန္ဒူ ဘုရားကျောင်း

သို့ တတ်နိုင်သလောက်လေး သွားလှုခဲ့ပါတယ် ။ လူသား တိုင်း ငြိမ်းချမ်း နေရင် အကောင်းဆုံးပါပဲ .

လူသား တိုင်း စိတ်၏့ ချမ်းသားခြင်း ကိုယ်၏့ ကျမ်းမာခြင်း နှင့် ပြည့်စုံကျပါစေ ‘’ ဟု ရေးသားက ဓာတ်ပုံ များနှင့်တကွ တင်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ များထဲတွင် ဗလီ ဆရာ တစ်ယောက်ကို အလှူငွေ ပေးအပ်နေသော ပုံ ကို ပရိတ်သတ် များက အာရုံစိုက်နေကြတာ တွေ့ရသည်။ တစ်ချို့ကလည်း မနှစ်သက်သည့် အမူအယာပြ ရီအက်ရှင်များ ပေးထားသည်ကို တွေ့ရသည်။

 

ပရိတ်သတ်တစ်ဦးက ‘’ဗလီ ကိုဘာလို့လှူတာလဲ’’ ဟု မေးမြန်းလိုက်သည်။ ဒါကိုတော့ အဆိုတော် ယုန်လေးက မဆိုင်းမတွပဲ

‘’ ညီမလေး ရယ် ဗုဒ္ဓဘာသာ တွေပဲ အစ်ကို တို့က ဘာပဲဖြစ်ဖြစ် မေတ္တာ ထားကြည့်လိုက်ပါ။
ဘာသာတိုင်းမှာ မေတ္တာ တရား ထားရမယ်ဆိုတာပါပါတယ်။ လူတွေနဲ့ပဲဆိုင်တာပါ။’’ ဟု ဖြေပေးလိုက်တာ ဖြစ်ပါတယ်။

အချို့ကလည်း ထောက်ခံကြ အချို့ကလည်း မနှစ်မြို့ကြသည်ကို တွေ့ရသည်။ ပရိတ်သတ် တစ်ဦးက ”ကို ယုန်လေး ရေ ဗလီ ကို လှူမယ့်အစား..မိဘမဲ့ ကျောင်း တို့ မသန်စွမ်းကျောင်း တို့ ဘိုးဘွား ရိပ်သာ တို့မှာလှူလိုက်ရင် ပိုပိုပီး ကုသိုလ်ရမှာပါ..ဒါပေမယ့်လဲ မဆိုင်ပါဘူးလေ..အစ္စလာမ် တိုင်း အကြမ်းဖက် နေတာမှမဟုတ်တာပဲလေ..သာဓု သာဓု သာဓု” ဟု မှတ်ချက်ပေးထားသည်ကိုလည်း တွေ့ရသည်။

”လူပီသတဲ့လူဆိုတာကိုယုန်လေးကိုပြောတာ” ဟုလည်း ပရိသတ် တစ်ဦးက မှတ်ချက်ပေးသည်။

ဘာပဲဖြစ်ဖြစ် ယုန်လေး တစ်ယောက်ကတော့ အများရဲ့ အထင်အမြင်များထက် သူရဲ့စိတ်ထဲက ကောင်းမယ်ထင်ရာကို လုပ်လေ့ရှိတာကိုလည်း အများအသိပင်ဖြစ်သည်။

Credit : PannPwint