ချစ်စရာ ကောင်းပြီး သိမ်သိမ်မွေ့မွေ့ အပြောလေး များနဲ့ သရုပ်ဆောင် ပြီး ပရိတ်သတ် များစွာ အချစ်ခံထားရတဲ့ အကယ်ဒမီ စိုးပြည်သဇင်က သူမရဲ့ ငယ်ဘဝအကြောင်းလေးတွေ ပြောပြလာပါတယ်။

ခုချိန်မှာ နူးညံ့တဲ့ မျက်နှာထားလေးရှိသလို ငယ်ငယ်ကလည်း ချစ်စရာ ကောင်းတဲ့ မျက်နှာထားလေး ပိုင်ဆိုင်ခဲ့တာကို ဓာတ်ပုံများထဲတွင် တွေ့ရသည်။ တကယ်တော့ စိုးပြည့်သဇင်က ငယ်ငယ်တည်းက အနုပညာ ဗီဇ ပါလာခဲ့တာဖြစ်ပါတယ်။ စိုးပြည့်သဇင်က ၂ဝ၁၉ ခုနှစ်အတွက် ပေးအပ်သော အကယ်ဒမီထူးချွန်ဆုပေးပွဲတွင်”မိုးည အိမ်မက်မြူ” ဇာတ်ကား ဖြင့် ဇာတ်ပို့နေရာမှ အကယ်ဒမီ ရရှိခဲ့သည်။

ယနေ့ (စက်တင်ဘာလ ၈ရက်)မှာ သူမ အသုံးပြုတဲ့ ဖေ့စ်ဘွက် စာမျက်နှာကနေ ငယ်ငယ်က တောင်ငူ မှာ ကျောင်းတက်ခဲ့ရတဲ့ လွမ်းမောဖွယ် အကြောင်းလေးတွေကို ခုလိုပဲ ရေးသားပြီး တင်ထားခဲ့ပါတယ်။

 

”*သတိရတယ်…စည်းနဲ့ဝါးလေးကိုင်ပြီးပုဝါလေးနှစ်ဖက်စုံချလို့မဟာ ဂီတ သီချင်း တွေဝင်ပြိုင်ခဲ့ရတဲ့အချိန်တွေကို

*သတိရတယ်……စာကျက် ရတာကိုဝါသနာမပါပေမဲ့မေမေတို့ပျော်အောင်စာကြိုးစားကျက်ခဲ့ရတဲ့အချိန်ကို…

*သတိရတယ်…..အေးတိအေးစက်နေပေမဲ့သမီးလေးလိုချစ်ပြီးစာတွေသင်ပေးတဲ့ဆရာဆရာမတွေကို…..

*သတိရတယိ….ကျောင်းအတူတူတက်ခဲ့ချစ်ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေကို…..ခုတော့လည်းအလုပ်ကိုယ်စီနဲ့ဘဝအတွက်ရုန်းကန်နေကြရပြီ..အချိန်တွေကမြန်လိုက်တာ…တချို့လည်းခုချိန်ထိကိုယ်နဲ့အဆက်အသွယ်မပျက်အတူတွေ့ဆုံနေကြသေးတယ်…….

သတိရတယ်……တောင်ငူကကျောင်းတော်ကြီးကို”

အကယ်ဒမီ စိုးပြည့်သဇင် ကလည်း ခုလည်း အနုပညာ လမ်းကြောင်းပေါ်မှာပဲ လျှောက်လှမ်းလျှက်ရှိသည်။ ဝေဖန်စရာကိစ္စတွေ ပေါ်လာတတ်ကြတဲ့ မင်းသမီး တွေအကြား သူမကတော့ ဝေဖန်ခံရမှု နည်းတဲ့ မင်းသမီး လည်းဖြစ်ပါတယ်။

Credit : PannPwint