ထိုင်းနိုင်ငံမှ မိန်းကလေး ၂ ဦးဟာ အပေါ်ပိုင်းဗလာကျင်း ၀စ်လစ်စလစ်အခြေအနေနဲ့ လိင်စိတ်နှိုးဆွအက ကခုန်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ပျံ့နှံ့ပြီးနောက်မှာ ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။

 

အသက် ၂၃ နှစ်အရွယ် သန်နာကန်ရိုဂျင်နဲ့ အသက် ၂၁ နှစ်အရွယ် ကန်သီချာဘူရာနွန် တို့ ၂ ဦးဟာ အ၀တ်တွေကို ချွတ်ထားခဲ့ပြီး သူတို့ရဲ့ အပေါ်ပိုင်းရင်သားနေရာတွေကို အရုပ်တွေနဲ့ ဖုံးကွယ်ကာ ညည်းညူသံတွေနဲ့ မြူဆွယ်ကပြခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့လကတည်းက အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ ပျံ့နှံ့နေခဲ့ပြီးနောက်မှာတော့ ၀င်ရောက်ကြည့်ရှုသူတွေကြားမှာ လူပြောများနေခဲ့တာ ဖြစ် ပါတယ်။

အဲဒီနောက်မှာတော့ ရဲတွေနဲ့ အစိုးရတာဝန်ရှိသူတွေက အများပြည်သူအတွက် မသင့် တော်တဲ့ ဒီအပြုအမူအတွက် အရေးယူနိုင်ဖို့ ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာပါ။

သြဂုတ် ၃၁ ရက်နေ့မှာတော့ သူတို့ ၂ ယောက်ကို ဘန်ကောက်မြို့၊ ဘန်ခန်ခရိုင်တွင်း မှာ ဖမ်းမိခဲ့တာပါ။

 

သန်နာကန်က သူ့အနေနဲ့ ခုလိုသရုပ်ပြမှုမျိုးကိုလုပ်ဆောင်ခဲ့တာဟာ ဆင်းရဲတဲ့ မိသားစု အတွက် ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ မျက်ရည်လည်ရွှဲနဲ့ ပြောခဲ့ပါတယ်။

“ကျမ ဒါကို မလုပ်ချင်ခဲ့ပါဘူး။ ဒါပေမယ့် မိသားစုအတွက် ငွေလိုလို့ ခုလိုလုပ်ခဲ့ရတာပါ။ ကျမအောက်က အငယ်တွေကို ကျောင်းထားဖို့လည်း ငွေလိုနေတာမို့ပါ။ လူငယ်တွေအတွက် လမ်းလွဲစေတဲ့ ဆိုးဝါးတဲ့ ဒီအပြုအမူအတွက် တောင်းပန်ပါတယ်။”

သူတို့ ၂ ယောက်ရဲ့ ခုလိုအကအတွက် ဒေသတွင်းဘောလုံးလောင်းကစားကုမ္ပဏီတခု ကနေ အခကြေးငွေတွေ ရရှိခဲ့တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

“ကျမတို့ အ၀တ်တွေကို ချွတ်ပြရင် စိတ်ဝင်စားမှုပိုလာပြီး ၀င်ငွေလည်း ပိုရလာနိုင်လို့ပါ”

ဒီရုပ်သံဗွီဒီယိုဖိုင်ပျံ့နှံ့ခဲ့ပြီးချိန်မှာ ထင်ရှားတဲ့ ထိုင်းရှေ့နေတဦးဖြစ်တဲ့ ဆောင်ခရန် အက် ချရီရက်တ်ဆက်ပ်က သူတို့ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

လောင်းကစားမှုနဲ့ လိင်ဆွဲဆောင် ညစ်ညမ်းရုပ်ရှင်စတဲ့ အရာတွေကို ထိုင်းနိုင်ငံမှာ ဥပဒေ နဲ့ မညီဘူးလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ သူတို့ ၂ ဦးရဲ့ ပြစ်ဒဏ်ထင်ရှားရင်တော့ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရနိုင်ပြီး ကွန်ပြူတာပြစ်မှုဆိုင်ရာရာဇ၀တ်မှုဥပဒေပုဒ်မ ၁၄(၄)အရ ပြစ်ဒဏ်ချမှတ်ခံရမှာလို့ ဆိုပါတယ်။

 

Source: Coconut Bangkok, DVB, Siam Clip

Share From Sun Thit