သင်ဇာဝင့်ကျော်

ယခု ဖေ့စ်ဘွက်လူမှုကွန်ယက်တွင် လူစိတ်ဝင်စားမှုများနေတဲ့ သင်ဇာဝင့်ကျော် နဲ့ မိုးဟေကို တို့ရဲ့ ပြဿမှာ သင်ဇာဝင့်ကျော်က သူမ ပြောခဲ့တဲ့ စကားတွေ မှန်ကန်ကြောင်းကို ဗွီဒီယိုဖိုင်တစ်ခုနဲ့ သက်သေပြလာပါတယ်။ သရဲဇာတ်ကောင်အတွက် ဆီလီကွန် မိတ်ကပ်များ လိမ်းပြီး စောင့်ဆိုင်းနေခဲ့ရတဲ့ ဗွီဒီယဖိုင်ဖြစ်သည်။

စက်တင်ဘာလ ၂၄ ရက် (မနေ့က) သင်ဇာဝင့်ကျော် ဖေ့စ်ဘွက်ပေါ်တင်လိုက်တဲ့ ပိုစ်တစ်ခုဟာ ပြန့်နှံ့သွားပြီး လူစိတ်ဝင်စားမှုများပြားခဲ့ပါတယ်။ ထုတ်လုပ်ရေးပိုင်ရှင်ဖြစ်သူ မိုးဟေကိုက သင်ဇာ့ကို ငှားရမ်းပြီး အနိုင်ကျင့် နှိပ်စက်ခဲ့ကြောင်း စာများစွာ ရေးသားပြီး တင်ခဲ့ပါတယ်။

သင်ဇာဝင့်ကျော်က အနှိပ်စက်မခံနိုင်တော့လို့မိုးရုပ်ရှင်ထုတ်လုပ်ရေးကို စရံငွေသုံးဆ လျော်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီသတင်းကို သိလိုက်ရတဲ့ ဖေ့စ်ဘွက်အသုံးပြုသူ အများစုက သင်ဇာဝင့်ကျော်ဘက်မှ မခံမရပ်နိုင်ဖြစ်ခဲ့ကြသည်။

ဒီနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်က သူမဘက်ကရပ်တည်ပေးတဲ့ ပရိတ်သတ်တွေကို အရမ်းကျေးဇူးတင်ကြောင်းပြောရင်း သူမရဲ့စကား ပိုမိုခိုင်မာစေရန် ဗွီဒီယိုဖိုင်တစ်ခုကို သက်သေအဖြစ် တင်ပေးလိုက်တာဖြစ်ပါတယ်။

သင်ဇာအခုလိုအရေးကြုံတဲ့အချိန်မှာသင်ဇာဘက်နေမားမားမတ်မတ်ရပ်တည်ပေးတဲ့သင်ဇာချစ်ရတဲ့ fan လေးတွေ,သူငယ်ချင်းတွေ,မိသားစုတွေ,သင်ဇာချစ်ရတဲ့သူတွေကိုအရမ်းကျေးဇူးတင်ပါတယ်…အားလုံးရဲ့အားပေးမှုမေတ္တာပို့သမှုတွေကြောင့်သင်ဇာအားပြန်ရှိသွားပါပြီ…အစကတော့လူတွေရဲ့စိတ်ဓာတ်တွေကိုတော်တော်စိတ်ကုန်သွားတာပါ…ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေကတော့သင်ဇာ့ဘက်ကရပ်တည်ကြပါလိမ့်မယ်…မရှိတဲ့သူတွေကတော့မသိချင်ယောင်ဆောင်နေကြပါလိမ့်မယ်…ဒါပေမဲ့ဝဠ်ဆိုတာကိုတော့ယုံကြည်တယ်!

Posted by Thin Zar Wint Kyaw on domingo, 24 de septiembre de 2017

 

< “သင်ဇာ အခုလိုအရေးကြုံတဲ့အချိန်မှာ သင်ဇာဘက်နေ မားမားမတ်မတ်ရပ်တည်ပေးတဲ့ သင်ဇာချစ်ရတဲ့ fan လေးတွေ, သူငယ်ချင်းတွေ, မိသားစုတွေ, သင်ဇာချစ်ရတဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်… အားလုံးရဲ့အားပေးမှု မေတ္တာပို့သမှုတွေကြောင့် သင်ဇာအားပြန်ရှိသွားပါပြီ >အစကတော့ လူတွေရဲ့စိတ်ဓာတ်တွေကို တော်တော်စိတ်ကုန်သွားတာပါ…ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေကတော့ သင်ဇာ့ဘက်ကရပ်တည်ကြပါလိမ့်မယ်…မရှိတဲ့သူတွေကတော့မသိချင်ယောင် ဆောင်နေကြပါလိမ့်မယ်…ဒါပေမယ့် ဝဋ်ဆိုတာကိုတော့ ယုံကြည်တယ်!” လို့ သင်ဇာဝင့်ကျော်က ရေးသာထားပါတယ်။

ဒီကိစ္စအတွက် မိုးဟေကိုကတော့ ဝေဖန်မှုများ ခံနေရသည်ကို တွေ့ရသည်။ ယခုအချိန်ထိတော့ သူမဘက်က တစ်စုံတရာ ဖြေရှင်းမှု ထွက်ပေါ်မလာသေးပေ။

Picture©Thin Zar Wint Kyaw

Credit – http://www.pannpwint.com/archives/4301