ZawGyi- ျဖင့္ဖတ္ရန္

နီေပါႏိုင္ငံရဲ႕ သက္ရွိနတ္ဘုရားမ ကုမၼာရီ အျဖစ္ သံုးႏွစ္အရြယ္ မိန္းကေလးကို တင္ေျမွာက္

နီေပါႏိုင္ငံမွာ ကုမၼာရီလို႔ေခၚတဲ့ သက္ရွိနတ္ဘုရားမတဦးကို ေရြးခ်ယ္တင္ေျမွာက္ေလ့ရွိပါတယ္။ ခုသက္ရွိ နတ္ဘုရားမအသစ္အျဖစ္ အသက္ သံုးႏွစ္အရြယ္ရွိတဲ့ မိန္းကေလးတေယာက္ကို ေရြးခ်ယ္လိုက္ၿပီလို႔ ဆိုပါတယ္။ အနီေရာင္၀တ္စံုကို ၀တ္ဆင္ထားတဲ့ Trishna Shakya ဆိုတဲ့ ကေလးမေလးက သူ႕ရဲ႕ဖခင္က နတ္ဘုရားတင္ေျမွာက္ပြဲ အခမ္းအနားက်င္းပမဲ့ ခတၱမန္ဒူၿမိဳ႕ရွိ ဒါဗာရင္ျပင္ဆီ ေခၚေဆာင္သြားခဲ့ပါတယ္။

 

အဆိုပါ မိန္းကေလးဟာ နီေပါႏိုင္ငံၿမိဳ႕ေတာ္အလယ္မွာရွိတဲ့ ဘုရားေက်ာင္းနန္းေတာ္မွာ အထူးခန္႔အပ္ထားတဲ့ အေစာင့္အေရွာက္ေတြနဲ႔အတူ ေနထိုင္ရမွာ ျဖစ္တယ္။ ကုမၼာရီကို မိသားစုနဲ႔ ၀တ္႐ံုနီ၀တ္ အေစာင့္အေရွာက္ေတြ ၿခံရံၿပီး ဘိသိက္တင္ေျမွာက္တဲ့ အခမ္းအနားကို ေျခလ်င္ေလွ်ာက္သြားရတယ္။ ဒါဟာ ကုမၼာရီကို အမ်ားျပည္သူေတြ ေနာက္ဆံုးျမင္ရတဲ့ျမင္ကြင္း ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ကုမၼာရီဟာ ပ်ဳိေဖာ္၀င္ခ်ိန္ေရာက္တဲ့အထိ ဘုရားေက်ာင္းနန္းေတာ္ထဲမွာပဲ ေနထိုင္သြားရမွာ ျဖစ္ပါတယ္။

 

“ကၽြန္ေတာ့္ရင္ထဲမွာေတာ့ တမ်ဳိးႀကီးပဲ ခံစားေနရတယ္။ ကၽြန္ေတာ့္သမီးေလးက ကုမၼာရီျဖစ္လာတာေတာ့ ေကာင္းပါတယ္။ ၀မ္းသာပါတယ္။ ဒါေပမဲ့ သူ႕ကို ကၽြန္ေတာ္တို႔နဲ႔ ခြဲေနရတာကိုေတာ့ စိတ္မေကာင္းဘူး”လို႔ ဖခင္ျဖစ္သူ ဘီဂ်ာရာရတနာရွာက်ာက ေျပာျပခဲ့တယ္။ ရွာက်ာလို႔ေခၚတဲ့ မိန္းကေလးရဲ႕ အျမႊာပူးအစ္ကိုကေတာ့ ညီမျဖစ္သူကို ေခၚသြားလို႔ ၀မ္းနည္းငိုေၾကြးခဲ့ပါတယ္။ ဟိႏၵဴနတ္ဘုရားမ Telejku ၀င္စားတယ္လို႔ သတ္မွတ္ခံရတဲ့ ကုမၼာရီဟာ အထူးစားေသာက္ပြဲေတြ က်င္းပတဲ့အခ်ိန္က်မွ တႏွစ္မွာ ၁၃ ႀကိမ္ေလာက္ပဲ အျပင္ထြက္ခြင့္ရမွာ ျဖစ္ပါတယ္။

 

အခမ္းအနားက်င္းပတဲ့ သန္းေခါင္ယံအခ်ိန္မွာေတာ့ ဟိႏၵဴဘုန္းႀကီးေတြက ယဇ္ပူေဇာ္ပြဲက်င္းပမွာျဖစ္ၿပီး ကုမၼာရီက နတ္ဘုရားမအျဖစ္ တက္ေရာက္ရမွာ ျဖစ္တယ္။ အစဥ္အလာအရကေတာ့ ကၽြဲ၊ ဆိတ္၊ ၾကက္၊ ဘဲနဲ႔ ဥေတြ စုစုေပါင္း ၁၀၈ ခုကို ယဇ္ပူေဇာ္ရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း တိရစၦာန္အခြင့္အေရး လႈပ္ရွားသူေတြရဲ႕ ကန္႔ကြက္မႈေၾကာင့္ ယဇ္ပူေဇာ္မဲ့ တိရစၦာန္အေရအတြက္ကို ေလွ်ာ့ခ်ထားတယ္လို႔ သိရပါတယ္။

 

တကယ္ေတာ့ အခုလို အခမ္းအနားနဲ႔ ကုမၼာရီေရြးခ်ယ္တင္ေျမွာက္ ယဇ္ပူေဇာ္ပြဲဟာ နီေပါ ဘုရင္မိသားစုနဲ႔ ဆက္ႏႊယ္ေနပါတယ္။ ဒါေပမဲ့လည္း ၂၀၀၈ ခုႏွစ္မွာ နီေပါႏိုင္ငံ ဘုရင္စနစ္ဖ်က္သိမ္းခဲ့ေပမဲ့လည္း ဒီအစဥ္အလာကို ဆက္လက္က်င့္သံုးေနဆဲ ျဖစ္ပါတယ္။ ကုမၼာရီေရြးခ်ယ္ရာမွာလည္း တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြ ရွိတယ္။ ျပစ္မ်ဳိးမွည့္မထင္ စင္းလံုးေခ်ာ ခႏၶာကိုယ္ရွိရမယ္။ ရင္ဘတ္ဟာ ျခေသၤ့ပံုစံလို ျဖစ္ရမယ္။ ေျခတံက သမင္မ ေျခတံျဖစ္ရမယ္။ ဒီလို အရည္အခ်င္းေတြ ရွိေနေပမဲ့လည္း ကုမၼာရီျဖစ္မယ့္ မိန္းကေလးဟာ ကၽြဲကို ယဇ္ပူေဇာ္တဲ့ျမင္ကြင္းၾကည့္ၿပီး မငိုရပါဘူး။

 

အခုလိုဓေလ့ထံုးစံကို ကေလးသူငယ္မ်ား အခြင့္အေရးလႈပ္ရွားသူေတြက ဆန္႔က်င္ကန္႔ကြက္ေနၾကတယ္။ ကေလးငယ္ရဲ႕ဘ၀ကို ဥေပကၡာျပဳရာေရာက္ေၾကာင္း၊ ကေလးေတြကို လူ႔အဖြဲ႕အစည္းနဲ႔ ကင္းကြာေအာင္ထားၿပီး သူတို႔ရဲ႕ ပညာေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈကို တားဆီးပိတ္ပင္ရာေရာက္ေၾကာင္း ထုတ္ေဖာ္ကန္႔ကြက္ၾကပါတယ္။

 

၂၀၀၈ ခုႏွစ္မွာ နီေပါတရား႐ံုးခ်ဳပ္က သက္ရွိနတ္ဘုရားမ ေရြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး စီရင္ထံုးခ်ခဲ့တယ္။ ကုမၼာရီကို ပညာသင္ေပးရမယ္။ နန္းေတာ္ထဲမွာပဲ စာသင္ေပးရမယ္။ နန္းေတာ္ထဲမွာပဲ စာေမးပြဲ စစ္ရမယ္လို႔ ျပ႒ာန္းခဲ့တယ္။ ကုမၼာရီအျဖစ္က ၿပီးဆံုးသြားၿပီး လူ႕အဖြဲ႕အစည္းလည္း ျပန္လည္၀င္ေရာက္တဲ့အခါမွာ ႐ုန္းကန္ရမႈေတြနဲ႔ ပတ္သက္လို႔ ကုမၼာရီတင္ေျမွာက္ခံရဘူးတဲ့ အမ်ဳိးသမီးေတာ္ေတာ္မ်ားမ်ား ျပႆနာႀကံဳေတြ႕ရပါတယ္။ ကုမၼာရီအသစ္ေရာက္လာတဲ့အတြက္ အခု အသက္ ၁၂ ႏွစ္အရြယ္ ေရာက္ေနတဲ့ ကုမၼာရီအေဟာင္း Matine Shakya ဟာ နန္းေတာ္ေဘးတံခါးကေနၿပီး သူမရဲ႕ မိသားစုရွိရာကို ေ၀ါနဲ႔ထမ္းၿပီး ျပန္ပို႔ခံရတယ္။ သူဟာ ၂၀၀၈ ခုႏွစ္ အသက္သံုးႏွစ္အရြယ္တုန္းက ကုမၼာရီတင္ေျမွာက္ခံခဲ့ရသူ ျဖစ္ပါတယ္။

 

ထြဋ္၀င္းထြဋ္

 

Ref; Daily mail.

Credit: News Watch

Unicode-ဖြင့်ဖတ်ရန်

 

နီပေါနိုင်ငံရဲ့ သက်ရှိနတ်ဘုရားမ ကုမ္မာရီအဖြစ် သုံးနှစ်အရွယ် မိန်းကလေးကို တင်မြှောက်

နီပေါနိုင်ငံမှာ ကုမ္မာရီလို့ခေါ်တဲ့ သက်ရှိနတ်ဘုရားမတဦးကို ရွေးချယ်တင်မြှောက်လေ့ရှိပါတယ်။ ခုသက်ရှိ နတ်ဘုရားမအသစ်အဖြစ် အသက် သုံးနှစ်အရွယ်ရှိတဲ့ မိန်းကလေးတယောက်ကို ရွေးချယ်လိုက်ပြီလို့ ဆိုပါတယ်။ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ Trishna Shakya ဆိုတဲ့ ကလေးမလေးက သူ့ရဲ့ဖခင်က နတ်ဘုရားတင်မြှောက်ပွဲ အခမ်းအနားကျင်းပမဲ့ ခတ္တမန်ဒူမြို့ရှိ ဒါဗာရင်ပြင်ဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။

 

အဆိုပါ မိန်းကလေးဟာ နီပေါနိုင်ငံမြို့တော်အလယ်မှာရှိတဲ့ ဘုရားကျောင်းနန်းတော်မှာ အထူးခန့်အပ်ထားတဲ့ အစောင့်အရှောက်တွေနဲ့အတူ နေထိုင်ရမှာ ဖြစ်တယ်။ ကုမ္မာရီကို မိသားစုနဲ့ ဝတ်ရုံနီဝတ် အစောင့်အရှောက်တွေ ခြံရံပြီး ဘိသိက်တင်မြှောက်တဲ့ အခမ်းအနားကို ခြေလျင်လျှောက်သွားရတယ်။ ဒါဟာ ကုမ္မာရီကို အများပြည်သူတွေ နောက်ဆုံးမြင်ရတဲ့မြင်ကွင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကုမ္မာရီဟာ ပျိုဖော်ဝင်ချိန်ရောက်တဲ့အထိ ဘုရားကျောင်းနန်းတော်ထဲမှာပဲ နေထိုင်သွားရမှာ ဖြစ်ပါတယ်။

 

“ကျွန်တော့်ရင်ထဲမှာတော့ တမျိုးကြီးပဲ ခံစားနေရတယ်။ ကျွန်တော့်သမီးလေးက ကုမ္မာရီဖြစ်လာတာတော့ ကောင်းပါတယ်။ ဝမ်းသာပါတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော်တို့နဲ့ ခွဲနေရတာကိုတော့ စိတ်မကောင်းဘူး”လို့ ဖခင်ဖြစ်သူ ဘီဂျာရာရတနာရှာကျာက ပြောပြခဲ့တယ်။ ရှာကျာလို့ခေါ်တဲ့ မိန်းကလေးရဲ့ အမြွှာပူးအစ်ကိုကတော့ ညီမဖြစ်သူကို ခေါ်သွားလို့ ဝမ်းနည်းငိုကြွေးခဲ့ပါတယ်။ ဟိန္ဒူနတ်ဘုရားမ Telejku ဝင်စားတယ်လို့ သတ်မှတ်ခံရတဲ့ ကုမ္မာရီဟာ အထူးစားသောက်ပွဲတွေ ကျင်းပတဲ့အချိန်ကျမှ တနှစ်မှာ ၁၃ ကြိမ်လောက်ပဲ အပြင်ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။

 

အခမ်းအနားကျင်းပတဲ့ သန်းခေါင်ယံအချိန်မှာတော့ ဟိန္ဒူဘုန်းကြီးတွေက ယဇ်ပူဇော်ပွဲကျင်းပမှာဖြစ်ပြီး ကုမ္မာရီက နတ်ဘုရားမအဖြစ် တက်ရောက်ရမှာ ဖြစ်တယ်။ အစဉ်အလာအရကတော့ ကျွဲ၊ ဆိတ်၊ ကြက်၊ ဘဲနဲ့ ဥတွေ စုစုပေါင်း ၁၀၈ ခုကို ယဇ်ပူဇော်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ကန့်ကွက်မှုကြောင့် ယဇ်ပူဇော်မဲ့ တိရစ္ဆာန်အရေအတွက်ကို လျှော့ချထားတယ်လို့ သိရပါတယ်။

 

တကယ်တော့ အခုလို အခမ်းအနားနဲ့ ကုမ္မာရီရွေးချယ်တင်မြှောက် ယဇ်ပူဇော်ပွဲဟာ နီပေါ ဘုရင်မိသားစုနဲ့ ဆက်နွှယ်နေပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ ခုနှစ်မှာ နီပေါနိုင်ငံ ဘုရင်စနစ်ဖျက်သိမ်းခဲ့ပေမဲ့လည်း ဒီအစဉ်အလာကို ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ ကုမ္မာရီရွေးချယ်ရာမှာလည်း တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်။ ပြစ်မျိုးမှည့်မထင် စင်းလုံးချော ခန္ဓာကိုယ်ရှိရမယ်။ ရင်ဘတ်ဟာ ခင်္သြေ့ပုံစံလို ဖြစ်ရမယ်။ ခြေတံက သမင်မ ခြေတံဖြစ်ရမယ်။ ဒီလို အရည်အချင်းတွေ ရှိနေပေမဲ့လည်း ကုမ္မာရီဖြစ်မယ့် မိန်းကလေးဟာ ကျွဲကို ယဇ်ပူဇော်တဲ့မြင်ကွင်းကြည့်ပြီး မငိုရပါဘူး။

 

အခုလိုဓလေ့ထုံးစံကို ကလေးသူငယ်များ အခွင့်အရေးလှုပ်ရှားသူတွေက ဆန့်ကျင်ကန့်ကွက်နေကြတယ်။ ကလေးငယ်ရဲ့ဘဝကို ဥပေက္ခာပြုရာရောက်ကြောင်း၊ ကလေးတွေကို လူ့အဖွဲ့အစည်းနဲ့ ကင်းကွာအောင်ထားပြီး သူတို့ရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးပိတ်ပင်ရာရောက်ကြောင်း ထုတ်ဖော်ကန့်ကွက်ကြပါတယ်။

 

၂၀၀၈ ခုနှစ်မှာ နီပေါတရားရုံးချုပ်က သက်ရှိနတ်ဘုရားမ ရွေးချယ်မှုနဲ့ပတ်သက်ပြီး စီရင်ထုံးချခဲ့တယ်။ ကုမ္မာရီကို ပညာသင်ပေးရမယ်။ နန်းတော်ထဲမှာပဲ စာသင်ပေးရမယ်။ နန်းတော်ထဲမှာပဲ စာမေးပွဲ စစ်ရမယ်လို့ ပြဋ္ဌာန်းခဲ့တယ်။ ကုမ္မာရီအဖြစ်က ပြီးဆုံးသွားပြီး လူ့အဖွဲ့အစည်းလည်း ပြန်လည်ဝင်ရောက်တဲ့အခါမှာ ရုန်းကန်ရမှုတွေနဲ့ ပတ်သက်လို့ ကုမ္မာရီတင်မြှောက်ခံရဘူးတဲ့ အမျိုးသမီးတော်တော်များများ ပြဿနာကြုံတွေ့ရပါတယ်။ ကုမ္မာရီအသစ်ရောက်လာတဲ့အတွက် အခု အသက် ၁၂ နှစ်အရွယ် ရောက်နေတဲ့ ကုမ္မာရီအဟောင်း Matine Shakya ဟာ နန်းတော်ဘေးတံခါးကနေပြီး သူမရဲ့ မိသားစုရှိရာကို ဝေါနဲ့ထမ်းပြီး ပြန်ပို့ခံရတယ်။ သူဟာ ၂၀၀၈ ခုနှစ် အသက်သုံးနှစ်အရွယ်တုန်းက ကုမ္မာရီတင်မြှောက်ခံခဲ့ရသူ ဖြစ်ပါတယ်။

 

ထွဋ်ဝင်းထွဋ်

 

Ref; Daily mail.

Credit: News Watch