နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခွဲစိတ် ကုသမှု ခံယူခဲ့ပြီးနောက် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက နေပြည်တော် ကို ပြန်လည်ရောက်ရှိလာတယ်လို့ အစိုးရ က ထုတ်ပြန်ပါတယ်။

သမ္မတ ဦးထင်ကျော် ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကတည်းက ကျန်းမာရေးဆေးစစ်မှုတွေ ခံယူဖို့အတွက် ဘန်ကောက်မြို့သို့ သွားရောက်ခဲ့တာဖြစ်ပြီး အူလမ်းကြောင်းမှာ (Colonic Polyp) တွေ့ရှိလို့ ခွဲစိတ်ကုသမှုခံယူခဲ့ရတာပါ။

 

စက်တင်ဘာ ၁၀ ရက်နေ့မှာ ခွဲစိတ်ကု သမှုတွေ ဆောင်ရွက်ခဲ့ရာမှာ ခွဲစိတ် ကုသမှု အောင်မြင် ခဲ့တယ်လို့ အစိုးရ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-MOI
Credit : DVB