မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖောက်ခွဲဖိုပ ပါကစ္စတန်နိုင်ငံသားတစ်ဦး လာရောက်မယ်ဆိုတဲ့ သတင်းရလို့ အကြမ်းဖက်သမားလို့ သံသယရှိသူရဲ့ ဓာတ်ပုံကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲစခန်းတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ဖြန့်ဝေ သတိပေးထားတယ်လို့ သိရပါတယ်။
အမည်စိစစ်ဆဲဖြစ်တဲ့ ပါကစ္စတန်နိုင်ငံသားတစ်ဦးက စက်တင်ဘာ ၉ ရက်ကနေ ၁၁ ရက်အတွင်း ရန်ကုန်လေဆိပ်သို့ ပြည်ပကနေ ဝင် ရောက်လာနိုင်ကာ ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်မြို့တို့မှာ ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်နိုင်တယ်လို့ သတင်းရထားတာကြောင့် လုံခြုံရေးအထူးတင်းကျပ်ထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ ရဲအရာရှိတွေက ပြောပါတယ်။
အငြိမ်းစား တပ်ကြပ်ကြီးဖြစ်တဲ့ ပါကစ္စတန်နိုင်ငံသားက ပြည်ပကနေ ဝင်ရောက်လာမှာဖြစ်ကာ အမာခံတွေကို စုစည်းခိုင်းထားကာ ဖောက်ခွဲရေးလုပ်ငန်းတွေ ပြုလုပ်မယ်လို့ ပြည်ထဲရေးဝန်ကြီးရုံးက နိုင်ငံတော်သမ္မတရုံးကိုသတင်းတင်ပြတဲ့ စာက ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့နေပါတယ်။
မက္ကစီကိုမှာ ငလျင်ကြောင့် သေဆုံးသူ ၆၁ ဦးအထိ မြင့်တက်၊ အပူပိုင်းမုန်တိုင်း ကတ်တီယာ ဝင်ရောက်: ငလျင်လှုပ်ခတ်မှု တွေ့ကြုံခဲ့ရတဲ့ မက္ကစီကိုနိုင်ငံကို အားကောင်းတဲ့မုန်တိုင်းတစ်ခု စတင်ဝင်ရောက် တိုက်ခတ်နေပါတယ်။
မက္ကစီကိုမှာ ငလျင်ကြောင့် သေဆုံးသူ ၆၁ ဦးအထိ မြင့်တက်၊ အပူပိုင်းမုန်တိုင်း ကတ်တီယာ ဝင်ရောက်
ငလျင်လှုပ်ခတ်မှု တွေ့ကြုံခဲ့ရတဲ့ မက္ကစီကိုနိုင်ငံကို အားကောင်းတဲ့မုန်တိုင်းတစ်ခု စတင်ဝင်ရောက် တိုက်ခတ်နေပါတယ်။

‘‘သူဝင်လာမယ်ဆိုတာကိုပဲ သတင်းရထားတာ။ ဝင်လာပြီးလား၊ ဝင်မလာသေးဘူးလားဆိုတာ မသိသေးဘူး။ နေပြည်တော် က ထောက်လှမ်းရေးတပ်ဖွဲ့က သတင်းရတာ။ ရန်ကုန်က လေးခရိုင်စလုံးကို ဓာတ်ပုံတွေ ဖြန့် ထားတယ်။ ပိုက်စိပ်တိုက် ရှာနေတယ်’’လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးသက်နိုင်က ရခိုင်ဒေသအကြမ်းဖက် တိုက်ခိုက်ခံရသည့်နောက်ပိုင်း မြို့ကြီးတချို့မှာလည်း အကြမ်းဖက်ဖောက်ခွဲနိုင်တယ်ဆိုတဲ့ သတင်းတွေကို အစိုးရနဲ့ တပ်မတော်က ထုတ်ပြန်ထားပြီး ရဲတပ်ဖွဲ့က ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးကို အသိပေးထားတယ်လို့ သိရပါတယ်။
Source : 7Daydaily
Credit; Duwun