နာမည်တူမရှား၊ လူတူမရှားဆိုပေမယ့် ယခုဖော်ပြပေးမယ့် လူ ၈ ယောက်ကတော့ အတူမရှိလောက်အောင် ထူးဆန်း တဲ့သူများဖြစ်ပါတယ်။ BrightSide ဝက်ဘ်ဆိုက် ကနေ တစ်ဆင့် ဖော်ပြပေးတာဖြစ်ပါတယ်။

ကွန်နီးခြူး

ကွန်နီခြူး ကို တရုတ် မိသားစု တစ်စုက ဟောင်ကောင်မှာ မွေးဖွားခဲ့သည်။ မိသားစု ထဲတွင် လေးယောက်မြောက် ကလေး ဖြစ်ပြီး သူတစ်ဦးတည်းသာ အသားရည် အင်မတန် ထူးခြားစွာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ နောက်တော့ မိသားစု နဲ့ ဆွီဒင်သို့ပြောင်းသည်။

အသက် ၂၄ နှစ်မှာတော့ မော်ဒယ် လုပ်ပါတယ်။ ပြီးတော့ ဂျက် အဆိုတော် တစ်ဦးလည်းဖြစ်ပါတယ်။ ဂျက်ဂီ တ ဖျော်ဖြေပွဲကြီးတွေကလည်း သူမကို မကြာခဏ ဖိတ်ပါတယ်။

နီကီယာ ဖုန်းနစ်

အမေရိကန် မော်ဒယ် တစ်ဦးဖြစ်တဲ့ သူမက တခြားလူတွေနဲ့ မတူပဲ ထူးခြားနေတဲ့ သူမရဲ့ အသားအရည်ကို ကျေးဇူးတင်နေသည်။ ဒါတင်မကသေး သဘာဝ အတိုင်း ထူးခြားနေတဲ့ ဆံပင်၊ တစ်ကိုယ်လုံးရှိ အစက်အပြောက် များကလည်း ထူးခြားသည်။

သူမက အဝတ်အစားကြော်ငြာများနှင့် ကိုကာကိုလာ ကြော်ငြာများလည်း ကြော်ငြာနေရသူဖြစ်သည်။

စတီဖင် သမ်ပ်စင်

သူက အမေရိကန် လူမျိုးတစ်ဦးဖြစ်ပါတယ်။ မော်ဒယ် တစ်ဦးဖြစ်ဖို့ စိတ်မကူးခဲ့ပါဘူး။ဒါပေမယ့် သူ့ရဲ့ထူးခြားတဲ့ အသားအရည်ကြောင့် ဓာတ်ပုံ ဆရာတွေက စိတ်ဝင်စားခဲ့ကြသည်။ ခုတော့ လူသိများ အောင်မြင်နေပါတယ်။ မဂ္ဂဇင်းတွေမှာလည်း ပါလာပါတယ်။ ဖက်ရှင် လောကတွင် လူသိများပြီး ကြော်ငြာများစွာ ရိုက်ကူးနေရသူဖြစ်သည်။

ဝိုင်နိုင်ဟာလို

ဝိုင်နိုင်က အင်စတာဂရမ် ပေါ်တွင် ဓာတ်ပုံ များတင်ခဲ့ရာ သူ့ရဲ့ထူးခြားတဲ့ အသားအရည်ကြောင့် ခုတော့ ဘာစီလိုနာ ဖက်ရှင်ကြော်ငြာများ ရိုက်ကူးနေရတဲ့ မော်ဒယ် တစ်ဦးဖြစ်နေပါပြီ။

အေးဝ ကလာကေ

အေးဝကလာကေ ကတော့ အာဖရိကန် အမေရိကန် လူမျိုး ဖြစ်ပါတယ်။ ဖန်ဆင်းထားသလား မှတ်ရအောင် မွေးရာပါ အလှနှင့်ပြည့်စုံသူလေးပါ။ ရွှေရောင်ဖျော့ဆံပင်၊ အပြာအစိမ်း မျက်လုံးကလေး၊ ပန်းရောင်နှုတ်ခမ်းလေးများနဲ့ မြင်ရသူ မေ့မောလောက်အောင် လှပသူဖြစ်ပါတယ်။ Vogue, Denim နှင့် VIP လို မဂ္ဂဇင်းများတွင် ဖော်ပြခံခဲ့ရသည်။

ခိုဒီယာ ဒီပို

အသက် ၁၉ နှစ်အရွယ်ရှိတဲ့ သူမ ကတော့ အာဖရိကအနောက်ခြမ်း နိုင်ငံတစ်ခုမှဖြစ်ပါတယ်။ သူမရဲ့ထူးခြားတဲ့ အသားအရည်နှင့် ဆံပင်တို့ကြောင့် မော်ဒယ်လ်အေဂျင်စီ များက စိတ်ဝင်စားခဲ့သည်။ အင်တာနက် မှာလည်း နာမည်ကြီးသူဖြစ်သည်။ အင်စတာဂရမ် တွင် ပရိတ်သတ် ၂၃၅ဝဝဝ ရှိသည်။ အင်တာနက်ပေါ်တွင် လူသိများသည်။

အန်နစတီယာ

မွေးရာပါ ကမ္ဘာ့ ဆံပင်အလှဆုံး အမျိုးသမီး ဟု သတ်မှတ်ခံထားရသူဖြစ်သည်။ ၁၉၉၆ ခုနှစ်က ရုရှားနိုင်ငံတွင် မွေးဖွားခဲ့သည်။ သူမက မော်ဒယ်လ် တစ်ယောက်ဖြစ်သည်။ ရုရှားနိုင်ငံ ဖက်ရှင် နှင့် အလှပ လုပ်ငန်း များ၏ ဘုရင်မ လည်းဖြစ်သည်။ သီချင်း လည်းဆိုသည်ဟု သိရသည်။

လိုလာ ခြူလ်

အင်စတာဂရမ် ပေါ်တွင် ပို့စ် ၃၉ ခုတင်ရုံနဲ့ follower ၄၆၄ဝဝဝ ကျော် ရရှိခဲ့တဲ့ ကျောင်းသူမလေး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ လော့အိန်ဂျလိမြို့တွင် နေထိုင်သည်။

ဘာသာစကား ၈ မျိုး ပြောတတ်သည်ဟု သိရသည်။ သေချာကြည့်မယ်ဆိုရင်တော့ အင်မတန် ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကို တွေ့ရမှာဖြစ်ပါတယ်။ နှာခေါင်း၊ နှုတ်ခမ်း၊ မျက်လုံးနှင့် မျက်ခုံးများ၏ အနေအထားကို ကြည့်ပါက ပန်းချီဆွဲထားသလို့ တိကျနေတာ တွေ့ရမှာပါ။

Credit : PannPwint