ဘုန်းကြီး မြို့တော် ဟု နာမည်ပေးထားသော်လည်းတစ်ကယ်တော့ ဗုဒ္ဓဘာသာ အကယ်ဒမီ စာသင်တိုက် များဖြစ်ပါတယ်..လူနေအိမ်များမဟုတ် အနီရောင် တဲအိမ်များဖြင့် တည်ဆောက်ထားသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး တဲကျောင်း များသာဖြစ်ပါတယ်..

အဓိက မိမိ တို့ လေ့လာ လိုသည့် ပရိယတ္တိ ပဋိပတ္တိပဋိဝေဒ များကိုသာ လေ့လာ ခွင့်ရှိပါတယ်..အချို့ဘုန်းကြီး များကလည်း စကား မပြောပဲ ဝစီပိတ် ကျင့်ကြံကြပါတယ်..

အလွန့်အလွန်သာယာပြီး သူတော်ကောင်း တို့ရဲ့ ဓမ္မစာပေ များသာ ကြားရပြီးဆဲဆိုသံ ရန်ဖြစ်သံ မကြားရပါ..အလွန်အေးချမ်းပြီး တိတ်ဆိတ်ငြိမ်သက်လှပါတယ်..

အလွန်အံ့သြစရာနေရာတစ်ခုလည်းဖြစ်ပါတယ်..တရုတ်နိုင်ငံ ချန်ဒူမြို့မှ မိုင်၃၇၀အကွာရှိ လာရန်ဂါတောင်ကြားတွင် ဘုန်းတော်ကြီး နှင့် သီလရှင် အပါးလေးသောင်းကျော် သီတင်းသုံး နေထိုင်ကြပါတယ်..

ဘုန်းတော်ကြီး များနှင့် သီလရှင် များတို့ရဲ့သီတင်းသုံး ထေိုင်ရာနေရာနဲ့ ကျောင်းကြားတွင်လမ်းမကြီးဖြင့် စည်းခြားထားပါတယ်..ထို ဗုဒ္ဓဘာသာ ဘုန်းကြီး မြို့တော်ကို ထင်ရှားသည့် ယင်မာလာမာ ဘုန်းတော်ကြီး တစ်ပါးဖြစ်သူ ဂျင်မီဖန့်ဆော့စ်ကလူနေထိုင်ခြင်းမရှိသည့် တောင်ကြား ၌၁၉၈၀ တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်..

ဝေးလံခေါင်သီသည့် ဒေသ တွင်ရှိသော်လည်း လာရန်ဂါ အကယ်ဒမီ မှာ ကမ္ဘာ့ ဗုဒ္ဓဘာသာ အခြေချနယ်မြေဖြစ်လာခဲ့ပါတယ်..
ချန်ဒူမြို့မှ မိုင်၃၇၀အကွာ ဆာတာဒေသရှိထို ဗုဒ္ဓဘာသာ ဘုန်းကြီး မြို့တော် သွားရောက်လိုပါကနာရီ ၂၀-ကြာခရီးကို ဖြတ်သန်းရမှာဖြစ်ပါတယ်..

သာယာလှပသည့် ထို ဒေသ တွင် tvများကို ပိတ်ပင်ထားပြီး ဘုန်းတော်ကြီး နှင့် သီလရှင် များမှာဘာသာရေးစာပေများ လေ့လာသင်ယူခြင်း ဘုရားရှိခိုး ခြင်းတို့ဖြင့် ကောင်းကျိုးရရှိရန် နေထိုင်ကြပါတယ်..ဗုဒ္ဓဘာသာ ဘုန်းကြီး မြို့တွင်တရုတ်လူမျိုး စာသင်သား များအပြင်ထိုင်ဝမ် တိဘက် ဟောင်ကောင် စင်္ကာပူနှင့် မလေးရှား မှ စာသင်သား များပါသင်ကြားဆည်းပူးလျက်ရှိပါတယ်..

သီးခြားစီခွဲခြားထားသည့် စာသင်ခန်း များတွင် န်ဒရင်း တရုတ်ဘာသာ ဖြင့် သင်ကြားပြီး စာသင်ခန်း ကျယ်ကြီးများတွင် တိဘက် ဘာသာဖြင့် သင်ကြားလျက်ရှိပါတယ်….။

Credit :https://goo.gl/aSEBN8