အိမ်ထောင် သုံးခါကျဖူးတဲ့ အမျိုးသမီး တစ်ယောက်ရှိတယ်။ဒါပေမယ့်… သူဟာ ခုချိန်ထိ အပျိုစင် ဘဝမှာပဲ ရှိသေးတယ်တဲ့။ထူးဆန်းနေတာပေါ့….

ဒါနဲ့ သတင်းထောက် တစ်ယောက်က သွားပြီး အင်တာဗျူး တယ်… ….

“အမကြီးရယ်…. အိမ်ထောင် သုံးခါ ကျတာတောင် အပျိုစင်ပဲ ဆိုတော့ ဘာ့ကြောင့်လဲဆိုတာ သိပါရစေ”

“ဒီလိုပါ… ပထမယူတဲ့ အမျိုးသား က သွေးတိုး ရောဂါရှိတယ်၊ မင်္ဂလာဦင်္း ည မှာ သူငယ်ချင်း တွေနဲ့ အပျော်လွန်ပြီး မူးလိုက်တာ ဦးနှောက် သွေးကြောပြတ်ပြီး သေပါလေရော”

“အော်…. ဒုတိယ အိမ်ထောင် ကျတော့ရော…”

“ဒုတိယ ယူတဲ့ စစ်ဗိုလ်လေး က မင်္ဂလာဆောင် တဲ့နေ့ပဲ ရှေ့တန်းထွက်သွားတာ၊ ပြန်မလာတော့ဘူးလေ”

“အော်… နောက်ဆုံးတစ်ယောက်ရော… မင်္ဂလာဦး ညမှာ ပဲ ကွဲသွားပြန်တာလား”

“ခုထိ ပေါင်းနေပါသေးတယ် ကွယ်”

“ဒါ… ဒါဆို ဘယ်လိုဖြစ်လို့ … ”

“သူက… ဖေ့စ်ဘုတ် ခရေဇီလေ၊ မင်္ဂလာဆောင်ပြီးကတည်းက ညဘက် ညဘက် မအိပ်တန်း ဖေ့စ်ဘုတ် ထဲချည်းပဲ ဝင်နေတာ၊ ခုထိ မမ အလှည့် မရောက်သေးဘူးကွယ်”

 

Credit : Yoma Lann