၂၁ ရာစုရဲ့ ခေတ်သတ် အနာထပိဏ် သူဌေး လို့ တင်စားထိုက်တဲ့ လူတစ်ဦးရှိပါတယ်။ ဆရာလေး၊ ဆရာကြီး သီလရှင် ပေါင်း ၃ဝဝဝ ကျော်ကို ပင့်ဖိတ်ပြီး တစ်လလျှင် ၂ ကြိမ် လှူဒါန်းမှု တွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သုဓမ္မမဏိဇောတဓရ ဦးအောင်သန်းစိန် လို့ခေါ်ပြီး ဇနီးဖြစ်သူ က ဒေါ်အေးအေးမြင့်သန်း သမီး က  မစိုးစိုးသန်းလို့ ခေါ်ပါတယ်။ ဦးကြွယ်ဟိုးလမ်းတွင် သီလရှင် အပါး ၃ဝဝဝ ကျော်တို့အား လှူဒါန်းမှု ပြုလုပ်ခဲ့တဲ့ ဓာတ်ပုံ များ ဗွီဒီယိုဖိုင် များ မနေ့(စက်တင်ဘာလ ၅ရက်နေ့)က လူမှုကွန်ယက်ပေါ် ပြန့်နှံ့လာပါတယ်။

တစ်ကြိမ် လှူဒါန်းမှု အတွက် သိန်း ၅ဝ ကျော် ကုန်ကျသည်။ တစ်လကို နှစ်ကြိမ်ပြုလုပ်သည်ဟု သိရသည်။ သဒ္ဓါတရားကြီမားကာ အကြိမ်ကြိမ်ပြုလုပ်လာခဲ့သဖြင့် သီလရှင် ဆရာလေး များကလည်း အံ့သြလောက်ဖွယ် အရေအတွက်ဖြင့် လာရောက်ချီးမြှောက်ကြခြင်းဖြစ်သည်။

” ရခိုင်ပြည်သူ များနှင် မြန်မာနိုင်ငံ သူနိုင်ငံသားများ ငြိမ်းချမ်းသာယာ ဝပြောပါစေရန် ယနေ့ မနက်တွင် အလှူ ရှင်မိသားစုနှင့်  သီလရှင် ဆရာကြီး ဆရာလေး များက မေတ္တာသုတ် ပရိတ်ရွတ်ဖတ်ပြီးအထူး ဆုတောင်မေတ္တာ ပို့ သ ကြပါသည်။ နတ်လူ သာဓုခေါ်စေသော်။ ရခိုင်ပြည် နှင့် မြန်မာ နိုင်ငံတော်ကြီး ကပ်ဘေးဆိုးမှ အမြန်လွတ်မြေက်ပါစေ။ တရားသောမင်း များ ပေါ်ပေါက်ပါစေ။” ဟု ယခု လှူရှင်အကြောင်းကို တင်ထားသူ Wisdom Seeker ဆိုသည့် ဖေ့စ်ဘွက်စာမျက်နှတွင် ရေးသားထားသည်။

ဦးအောင်သန်းစိန်ဟာ တစ်နိုင်ငံလုံးရှိ နယ်၊ မြို့ နေရာ အများအပြားတွင်လည်း လှူဒါန်းမှု များ ပြုလုပ်နေသူဖြစ်သည်။ နိုင်ငံတော်မှ ပေးအပ်သော သုဓမ္မမဏိဇောတဓရဘွဲပေးအပ်ခံထားရသည်။ အင်မတန်မွန်မြတ်သော အလှူရှင် ဖြစ်ကာ ရှားရှားပါးပါး သီလရှင် များနှင့် အလှူရေစက်ဆုံနေတာလည်းဖြစ်ပါတယ်။

သာသာနာ့ အလံ ကလေး ကိုင်ကာ ပီတီသောမနဿများဖြင့် မျက်နှာက အမြဲတမ်းပြုံးနေလျှက်ရှိသည်။ အင်မတန်ကြီးကျယ် အကုန်အကျများပြားတဲ့ အလှူကြီးပေးနေသည်။

ဒါပေမယ် သူ့နှင့် သူ့ မိသားစု ရဲ့ ဝတ်စားဆင်ယင် နေထိုင်ပုံကတော့ မြင်ရတဲ့အတိုင်း အင်မတန်ရှင်းစင်းလှပါတယ်။ တွေ့ရ ကြားရသူတိုင်း သာဓု  ခေါ်လောက်ဖွယ် မြန်မာပြည် မှ ခေတ်သစ် အနာထပိဏ် ပင် ဖြစ်ပါတော့သည်။

Credit : PannPwint