ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ခရီးသည် တင် ယာဉ်လိုင်း အားလုံး စက်တင်ဘာလကုန် နောက်ဆုံးထားပြီး အလုံးစုံအာမခံထားရှိရမယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)လက်အောက်ရှိ YBS ခရီးသည် တင်ဘတ်(စ်)ကားအစီးရေ(၃၅၀၀)ကျော်လုံးအလုံးစုံအာမခံထားရှိရမှာဖြစ်ပါတယ်။ ` ဒီလိုအာမခံထားရှိရာမှာ အများပိုင် ကုမ္ပဏီ တွေထဲမှ တစ်ခုဖြစ်တဲ့ YUPT ကုမ္ပဏီ အနေနဲ့ ယာဉ်လိုင်းပေါင်း(၂၁)လိုင်းမှ ယာဉ်စီးရေပေါင်း(၁၀၀၀)နီးပါး အလုံးစုံ အာမခံ ထားရှိထားပြီး ဖြစ်ပါတယ်။

အခုလိုYBS ယာဉ်လိုင်း တွေ အာမခံ ထားရှိရာမှာ ယာဉ် တန်ဖိုး အလိုက်တစ်နှစ်ကို အလုံးစုံအာမခံကြေး ငွေကျပ်(၂)သိန်းကျော်ကနေ ငွေကျပ်(၃)သိန်းကျော်အထိ ပေးသွင်းရမယ်လို့သိရပါတယ်။ စက်တင်ဘာကုန်မှာ ခရီးသည်တင် ယာဉ်လိုင်း တွေထဲမှ အာမခံထားရှိခြင်းမရှိတဲ့ ယာဉ်တွေဟာ မိမိတို့ပြေးဆွဲနေတဲ့ ယာဉ်လိုင်း မှာ ပြေးဆွဲခွင့်ရှိတော့မှာ မဟုတ်ဘူးလို့သိရပါတယ်။ YBS ခရီးသည်တင် ယာဉ်လိုင်း အားလုံးကို အလုံးစုံ အာမခံ ထားရှိခိုင်းတာဟာ မိမိတို့မောင်းနှင်နေတဲ့ဘတ်(စ်)ကား တွေကြောင့် အခြားယာဉ်တွေကိုတိုက်မိတာမျိုးတွေဖြစ်ပေါ်ပါက ဖြေရှင်းရလွယ်ကူစေဖို့အတွက် ထားရှိခိုင်းတာဖြစ်တယ်လို့သိရပါတယ်။အလုံးစုံ အာမခံ မထားချင်တဲ့ ယာဉ် ပိုင်ရှင် အချို့ လည်းရှိနေသေးတယ်လို့သိရပါတယ်။

Credit : popolay