ချစ်သူ ဘ၀ ဟာ သာယာချမ်းမြေ့မှုတွေ လွှမ်းခြုံနေပေမယ့် အချိန်အကြာကြီးလက်တွဲဖို့ကတော့ လွယ်သယောင်နဲ့ ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ပဲချစ်ပါစေ အပြန်အလှန်နားလည်မှုနဲ့ လေးစားမှုရှိမှသာ သာယာတဲ့ ဘ၀ တစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ခိုင်မြဲတဲ့ Relationship တစ်ခုဖြစ်စေဖို့ နှစ်ဦးစလုံးလိုက်နာရမယ့် အချက်တွေကို အကြံပေးလိုက်ပါတယ်။

နှစ်သက်မှု (Like)
အချစ် နဲ့ ဆွဲဆောင်မှု ဟာ သင့်ရဲ့လက်တွဲဖော် အတွက် အရေးအကြီးဆုံးမေတ္တာနဲ့ စစ်မှန်တဲ့အချစ်ကို ရာနှုန်းပြည့်ပေးစွမ်းနိုင်တာတော့ မဟုတ်ပါဘူး။ ပျော်စရာကောင်းတဲ့ စုံတွဲ တွေဟာ တစ်ယောက်ကိုတစ်ယောက် နှစ်သက်ကြပြီး အကောင်းဆုံး သူငယ်ချင်း တွေလို တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီကြပြီး အရာအားလုံးထက်နားလည်နိုင်စွမ်းရှိကြပါတယ်။

နားထောင်ခြင်း (Listen)
ခိုင်မြဲတဲ့ အချစ် တစ်ခုဟာ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်အောင်ကြိုးစားခြင်းနဲ့ အာရုံစူးစိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ အပေါ်ယံ စကားလုံး အလှအပ များကို ဆိုလိုတာမဟုတ်ပဲ အချင်းချင်းစိတ်ထဲက အာရုံစူးစိုက်မှု ကို ဆိုလိုခြင်းဖြစ်ပါတယ်။

ရယ်မောခြင်း (Laugh)
ရယ်သောသူအသက်ရှည်၏ ဆိုတဲ့စကားလိုပဲ သင်တို့နှစ်ယောက်ရဲ့စိတ်ညစ်စရာတွေကို လျော့ကျစေသကဲ့သို့ ပျော်ရွင်စွာနေထိုင်နိုင်ဖို့အတွက် သင့်ရဲ့လက်တွဲဖော်နဲ့ရယ်စရာတွေကို ဖန်တီးသင့်ပါတယ်။

အိမ်ထောင် ကျပြီးနောက် ပြောင်းလဲသွားတဲ့ ယောက်ျားလေး တယောက်ရဲ့ဘ၀ ကိုဖော်ပြနေသောပုံများ

လေ့လာသင်ယူခြင်း (Learn)
ပျော်ရွင်နေကြတဲ့ စုံတွဲ တွေဟာ နှစ်ယောက်စလုံး ၀ါသနာ ပါရာ တစ်ခုခုကို အတူတကွ လေ့လာ သင်ယူကြပါတယ်။ အဲ့ဒီလိုအတူတကွ လေ့လာ ခြင်းဟာ တစ်ယောက်ကိုတစ်ယောက်ပိုမိုကျွမ်းဝင်စေပြီး သင့်တို့နှစ်ယောက် နှစ်ပေါင်းငါးဆယ်ကျော်အထိ အတူနေတာတောင်မှ ဖြစ်စဉ်တွေကရပ်သွားမှာ မဟုတ်ပါဘူး။

အားဖြည့်ပေးခြင်း (Lend)
တာဝန် ၀တ္တရားတွေကို မျှဝေခြင်းဟားလည်း ခိုင်မြဲတဲ့ ဆက်ဆံရေး တစ်ခုအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပျော်ရွင်နေကြတဲ့ စုံတွဲ တွေဟာ မျက်ခင်းရေလောင်းတာကအစ တစ်ယောက်နဲ့တစ်ယောက် ပြောစရာမလိုလောက်အောင် အတူတကွလုပ်ဆောင်ကြပါတယ်။

ကြည့်ပါ (Look)
ပျော်ရွင်စရာကောင်းတဲ့ စုံတွဲ တွေဟာ တစ်ယောက်ကိုတစ်ယောက် အရိပ်တကြည့်ကြည့်နေသကဲ့သို့ နှစ်ယောက်အတူတူရှိနေတဲ့အချိန်မျိုးမှာ အခြားအရာတွေအပေါ် စူးစူးစိုက်စိုက် ကြည့်ရှုမှုတွေကိုလည်း ထိန်းသိမ်းပါတယ်။

နေ့လည်စာ အတူတူစားခြင်း (Lunch)
အစားအသောက်ကောင်းတွေဟာ တစ်ယောက်ကိုတစ်ယောက်ပိုမို ရင်းနှီးကျွမ်းစေပါတယ်။ နေလည်စာ ကိုအတူတူစားခြင်းဖြင့် သံယောဇဉ် တွေကို ခိုင်မြဲစေပါတယ်။

စတင်ဆောင်ရွက်ခြင်း (Launch)
ချစ်သူ နှစ်ဦး အတူတကွလျှောက်လှမ်းဖို့အတွက် သူ/သူမရဲ့ အိမ်မက် တွေ ရည်မှန်းချက် တွေကို အမြဲတမ်းဘေးကနေ ထောက်ပံ့ပေးနေဖို့ လိုအပ်ပါတယ်။ နှစ်ယောက်စလုံးရဲ့ရည်မှန်းချက် တွေကို ညှိယူပြီး အမြန်ဆုံးအကောင်အထည်ဖော်သင့်ပါတယ်။

နားနေပါ (Lounge)
ခိုင်မြဲတဲ့ စုံတွဲ တွေဟာ အတူတကွအချိန်တွေကို ကုန်ဆုံးတာများပါတယ်။ တကယ်လို့ရွေးချယ်ရခက်တဲ့အခြေအနေမှာတောင်မှ လက်တွဲဖော် အနားမှာပဲနေကြပါတယ်။ဥပမာ- နေမကောင်းတဲ့ချစ်သူနဲ့ အိမ် မှာအတူတူ ဇာတ်ကားကြည့်မလား အရမ်းနှစ်သက်တဲ့ ပါတီပွဲ ကိုသွားမလားဆိုရင် ဒုတိယတစ်ခုကိုငြင်းမှာပါ။

နောက်ဆုံး (Last)
အပေါ်ကအချက်တွေအားလုံးကို လိုက်လံကျင့်သုံးခြင်းဖြင့် ပျော်ရွင်စရာ စုံတွဲ လေးဟာ နောက်ဆုံးအချိန်ထိ တွဲလက်တွေခိုင်မြဲနေပါလိမ့်မယ်။

Source_ fabbiosa

Credit : Life style myanmar