Zawgyi ဖြင့်ဖတ်ရန်
💰မိိမိ ကျောင်း, မိမိ တက္ကသိုလ် မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားပါ
💰မိမိ ဘဝ ကိုမိမိချစ်မြတ်နိုးပါ။တောင်းဆုပြုပါ
Credit : Toptenteam
လူငယ်တွေသိထားသင့်တဲ့အချက်များ
လူငယ်တွေအတွက် ဘဝဆိုတာကစားကွင်းမဟုတ်တော့ပါဘူး။ကြမ်းတမ်းလှတဲ့သစ်တောတစ်ခုလိုပါဘဲ။လူငယ်တယောက်ရဲ့ဘဝဟာအလွန်ခက်ခဲပြီး ဆုံးဖြတ်ချက်ချရမှာ အမြဲတမ်းစိန်ခေါ ်မှုတွေနဲ့ရင်ဆိုင်ရပါတယ်။လူငယ်တွေ သူတို့ရည်မှန်းချက်တွေပြည့်ဝဖို့, ဘဝမှာအောင်မြင်ဖို့မိဘတွေမှာတာဝန်ရှိပါတယ်။လူငယ်တွေအတွက် အောက်ပါအချက်တွေကိုမျှဝေပေးပါရစေ
မိမိအတွက်အမြဲကြည့်ပါ
သင့်နှလုံးသားထဲမှာကော သင့်စိတ်ထဲမှာကော အမြဲသက်တောင့်သက်သာဖြစ်အောင်နေပါ။မိမိကိုယ်ကိုအမြဲယုံကြည်ချက်ထားပါ။
မိမိကျောင်း, မိမိတက္ကသိုလ်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားပါ
စာသင်ကျောင်းတွေ , ကောလိပ်တွေက သင့်ကိူလမ်းမှန်ရောက်စေတယ်ဆိုတာမမေ့ပါနဲ့။ဘယ်လိူဘဲ ကောလိပ်တွေ , တက္ကသိုလ်တွေကပျင်းဖ်ို့ကောင်းနေပါစေ ပညာရေးဆိုတဲ့အရာကိုသင့်ကိုလူ့အဖွဲ့အစည်းမှာနေရာတစ်ခုပေးပါတယ်။အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။ဆရာတွေစကားနားထောင်ပါ။အိမ်စာတွေကိုပုံမှန်လုပ်ပါ။အမှတ်ကောင်းအောင် အဆင့်ကောင်းအောင်ကြိုးစားပါ။သင်အမှတ်တွေ အဆင့်တွေကောင်းနေရင် အနာဂတ်မှာအလုပ်ဆိုတာ မရှားတော့ပါဘူး
အရာတစ်ခုကိုမစမ်းသပ်ခင်သေချာစဉ်းစားပါ။တွေးပါ
လူအများစုဟာသူတို့ရဲ့အမှားတွေအတွက်နောင်တရကြတယ်။ဒါပေမယ့်ဒါဟာသူတို့အရင်ကတကယ်လုပ်ချင် လိုချင်တဲ့အရာတွေဘဲ။ဘယ်အရာကိုမဆိုမစမ်းပါနဲ့။ မကောင်းတဲ့အရာတွေကစွဲလွယ်ပါတယ်။အပေါင်းအသင်းသေချာပေါင်းပါ။လမ်းကြောင်းမမှားပါနဲ့
သင်မြတ်နိုးတဲ့အရာကိုလုပ်ပါ
မိမိဝါသနာပါရာနောက်ကိုလိုက်ပါ။စာဖတ်တာဝါသနာပါတာလား? အားကစားလုပ်တာလား? သီချင်းဆိုချင်တာလား? အစရှိသဖြင့်ပေါ့။မကောင်းတာနဲ့ကောင်းတာကိုသေချာခွဲပါ
မူးယစ်ဆေးဝါးဘယ်တော့မှမသုံးပါနဲ့
စိတ်ထဲမှာအမြဲမှတ်ထားပါ။မူးယစ်ဆေးဝါးဘယ်တော့မှမသူံးပါနဲ့။သေစေနိုင်ပါတယ်။သင်ဒီအရာတွေကိုလူငယ်ဘဝမှာရှောင်ကြဉ်နိုင်ရင် သင်ကြီးပြင်းလာတဲ့အခါရှောင်ကြဉ်ဖို့လွယ်ကူသွားသလိူ ကျန်းမာရေးများစွာအထောက်အကူပြုပါတယ်
သင့်ရဲ့အနာဂတ်ကိုပုံဖော်ပါ
ဘဝဆိုတာသင်ယူစရာတွေ ဆန်းကြယ်တဲ့အရာတွေနဲ့ပြည့်နေတာပါ။သင့်ရည်မှန်းချက်တွေဆီရောက်ဖို့ခြေတစ်လှမ်းကနေစတင်ပါ။သင်ဖြစ်ချင်တဲ့ဘဝပုံစံကိုစတင်ပြီးစိတ်ကူးယဉ်ကြည့်ပါ။ဒါပေမယ့် သင်ဝါသနာပါရာ သင်စိတ်ဝင်စားတဲ့အရာပေါ ်အခြေခံပြီးရွေးချယ်ပါ။သင့်ဘဝတစ်လျေှက်လုံးမြတ်မြတ်နိုးနိုးလူပ်သွားမယ့်အလုပ်တစ်ခုပေါ့
မိမိဘဝကိုမိမိချစ်မြတ်နိူးပါ။တောင်းဆုပြုပါ
ငယ်ဘဝဆိုတဲ့အချိန်ကတိုတောင်းလွန်းပါတယ်။သင်လူလတ်ပိုင်းလောက်ရောက်လာတဲ့အခါ ” ငါငယ်တုန်းက ဒါကိုလုပ်လိုပ်ရရင်ကွာ” ဆိုတဲ့တောင်းဆုပြုသံတွေနဲ့သင့်ဘဝကိုဖြတ်သန်းရမှာပါ။ဘဝကိုပျော်ပျော်နေပါ။ ဘယ်ဘာသာဝင်မဆို မိမိယုံကြည်ရာဘာသာကို ကိုင်းရှိုင်းပါ
သင့်သူငယ်ချင်းတွေကိုသေချာရွေးချယ်ပါ
သင်နဲ့သဟဇာတမဖြစ်တဲ့သူတွေနဲ့ဘယ်တော့မှ အတူတူအပြင်မထွက်ပါနဲ့။သင့်ကိုပျော်စေတဲ့ , သင့်ကိုအမြဲအားပေးတဲ့သူတွေနဲ့အပြင်ထွက်ပါ။သင်ချစ်တဲ့သူတွေနဲ့နွေးထွေးတဲ့ဆက်ဆံရေးကိုတည်ဆောက်ပါ။
အမြဲတတ်တတ်ကြွကြွရှိပါစေ
ကျောင်းမှာ ဒါမှမဟုတ် အပြင်မှာရှိတဲ့အားကစားအသင်းတစ်ခုမှာဝင်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။အမြဲဖုံးတလုံးနဲ့အချိန်ကုန်မခံပါနဲ့။သင့်ကိုစိတ်ကော လူကော ကျန်းမာစေပါတယ်
ဖြစ်လာနိုင်တဲ့ပြဿနာတွေ, အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ
အောင်မြင်တဲ့သူတွေဟာ ဝမ်းနည်းစရာ ဝမ်းသာစရာတွေကြုံလာရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာသဘောပေါက်ကြတယ်။သူတို့အမှားတွေ , သူတိူ့ခံစားချက်တွေကို တခြားတယောက်အပေါ ်မှာဘယ်တော့မှပုံမချဘူး။
အားလုံးလိမ္မာပြည့်စုံတဲ့လူငယ်လေးများဖြစ်ကြပါစေလို့ဆုတောင်းရင်း
Credit : Toptenteam