နာမည်ကျော် ဆက်ဆီမော်ဒယ် ဇာဇာထက် က ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ရွာတွင် ရှိုးပွဲ သီချင်း သွားဆိုရင်း ရွှေတန့်တစ် ဘုရား မှာ နားကပ် တစ်ဖက်ကို ချွတ်လှူခဲ့တယ်လို့ သိရပါတယ်။

အညာဒေသ ပခုက္ကူရဲ့ နာမည်ကြီး ရွှေတန့်တစ်ရွာမှ ဘုရား ဆင်းတုတော် ဟာ အင်မတန် ဘုန်းကြီးတဲ့ ဘုရား ဖြစ်ပါတယ်။ လုပ်ငန်းရှင် သူဌေး များ၊ နာမည်ကြီးသူများ လာရောက်ကာ တန်ဖိုးရှိ ပစ္စည်းများ ချွတ်လှူလေ့ရှိသည်။

 

သရက္ခန် မြတ်စွာ ဘုရား ဖြစ်ပြီး လာရောက် ဖူးမျော်သူ များက ဦးခေါင်း ပေါ်ရွက်ကာ ပူဇော်လေ့ရှိကြသည်။ ဒီဘုရားဆင်းတုေ တ်ာက အင်တာနက် လူမှုကွန်ယက် မှာလည်း ပြန့်နှံ့ကျော်ကြားပါတယ်။

ဇာဇာထက် တစ်ယောက် ပခုက္ကူ မှာ ရောက်ရှိနေတာ ရက်အနည်းငယ်ကြားနေခဲ့ပြီး ရှိုးပွဲ ဆက်တွေ များနေတယ်လို့သိ ရပါ တယ်။ ဒီနေ့ (စက်တင်ဘာလ ၅ ရက်နေ့)မှာတော့ ရွှေတန့်တစ်မှာ နားကပ်တစ်ဖက် လှူဒါန်းခဲ့ကြောင်း ဓာတ်ပုံ များနှင့် တကွ တင်ထားတာဖြစ်ပါတယ်။

 

ဒီနေ့ ရွှေတန့် တစ်ဆုတောင်းပြည့် ဘုရား မှာရှိုးဆိုအပြီး ရွှေတန့် တစ် ဘုရား ကိုဝင်ဖူးရင်းကွယ်လွန်သူမိခင်ကြီးအားရည်စူးပြီး စိန် နားကပ် တစ်ဖက်ကို ရွှေတန့် တစ် ဘုရား မှာလှူဒါန်းခဲ့ပါတရ် ရှင့်”

လှူနေ့တဲ့ ဓာတ်ပုံ များတွင် လုံချည်မ ဝတ်ပဲ ဘောင်းဘီနှင့်ဖြစ်နေ၍ ပရိတ်သတ် အချို့က ဝေဖန်ခဲ့ကြသည်။ ဒါပေမယ့်လည်း သူမကတော့ ထမိန် ဝတ်ပြီးလှူမှ အလှူမြောက်တာမဟုတ်ဘူး၊ သဒ္ဓါတရားက အဓိကဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

 

ဇာဇာထက် က အနုပညာလောကရဲ့ အများနဲ့ ဆန့်ကျင်တဲ့ ပုံစံနဲ့ ဖောက်ထွက် နာမည်ကြီးလာသူမော်ဒယ်တစ်ဦးဖြစ်သည်။ အနုပညာ လောကတွင် ရုပ်ဆိုးသောကြောင့် နေရာမပေးခဲ့၍ ယခုလို အများနဲ့ဆန့်ကျင်ပြီး နာမည်ရအောင် လုပ်ယူခဲ့ကြော င်းလည်း အင်တာဗျူးတစ်ခုတွင် ဖွင့်ဟ ဖြေကြားဖူးသည်။

Credit – PannPwint