Zawgyi ျဖင့္ဖတ္ရန္

ေမြးကင္းစ အ႐ြယ္ ကေန စကားေကာင္းေကာင္း မေျပာေသးတဲ့ တႏွစ္သား ေလာက္ထိေအာင္ ကေလးငယ္ ေတြကို အိပ္ဖို႔၊ စားဖို႔၊ ငိုဖို႔ေလာက္ပဲ သိတယ္လို႔ မထင္လိုက္ပါနဲ႔။ သူတို႔မွာ သင္ မသိတဲ့ အစြမ္း ေတြ ရွိေနပါတယ္။

(၁) ေကာင္းေကာင္း အိပ္ႏိုင္ တယ္

ဘယ္ေနရာ၊ ဘယ္အခ်ိန္မွာပဲ ျဖစ္ျဖစ္ အိပ္ေပ်ာ္ေအာင္ အိပ္ႏိုင္ တဲ့ စြမ္းအင္ ရွိပါတယ္။ အပူ၊ အေအးေတြကလည္း သူတို႔ရဲ႕ အိပ္စက္မႈ ကို မဟန႔္တားႏိုင္ပါဘူး၊ အိပ္ယာ ထဲမွာ လွဲေနရင္းျဖစ္ေစ၊ ခ်ီထားရင္း အေနအထား ျဖစ္ေစလည္း အိပ္ႏိုင္ ပါ တယ္။ ဆူညံလြန္းတဲ့ အသံ မဟုတ္တဲ့ အေနအထားမွာလည္း အိပ္ႏိုင္ ပါတယ္။

(၂) ဆုပ္ကိုင္ႏိုင္စြမ္းရွိတယ္

ကေလး ေတြရဲ႕ လက္ထဲကို အရာတခုခု ဒါမွမဟုတ္ သင့္ရဲ႕လက္ေခ်ာင္း ေလး ထည့့္ေပးလိုက္ပါ။ ဆုပ္ထားပါလိမ့္မယ္။ အ ဆိုပါ ဆုပ္အားဟာ ကေလး ရဲ႕ခႏၶာကိုယ္ ကို မတ္တပ္ ရပ္ႏိုင္ေအာင္ ဆြဲထူဖို႔ေလာက္ထိေအာင္ အင္အားရွိပါတယ္။ မထ ႏိုင္ေသးတဲ့ အ႐ြယ္ မို႔လို႔သာ မထတာ ျဖစ္ေပမယ့္ ဆုပ္အား ေကာင္းေကာင္း ရွိပါတယ္။.

(၃) အရသာ ခံႏိုင္စြမ္းရွိတယ္

က်ေနာ္တို႔ အ႐ြယ္ ေရာက္ လူသားေတြထက္ အရသာ ခံႏိုင္စြမ္း ၃ဆ ပိုေကာင္းတဲ့ လွ်ာကို ပိုင္ဆိုင္ထားပါတယ္။ မိခင္ႏို႔ က ေန အျခား ႏို႔တခုခု ေျပာင္းလဲသြားတာေတြ၊ စားေနက် မဟုတ္တဲ့ အစာသစ္ ေကြၽးလာမႈေတြကို ေကာင္းေကာင္း သိပါ တယ္။

အ႐ြယ္ ႀကီးလာေလေလ အရသာ ခံႏိုင္မႈႏႈန္း ေလ်ာ့က်သြားတာ ျဖစ္ပါတယ္။

(၄) သိတတ္နားလည္ႏိုင္စြမ္း အားေကာင္း တယ္

ေမြးကင္းစ ကေလး ေတြကို ၾကည့္ပါ။ ဦးေခါင္း ဟာ ခႏၶာကိုယ္ ထည္ အနည္းငယ္ ပိုၿပီး ႀကီးေနပါတယ္။ အဆိုပါ အ႐ြယ္ဟာ ခႏၶာကိုယ္ ထည္ ဦးေႏွာက္ ဖြံ႕ၿဖိဳးမႈ အထူးအားေကာင္းေနပါတယ္။ အရာရာကို သိတတ္နားလည္းႏိုင္စြမ္း ျမန္ဆန္ ျမင့္မား ေကာင္းမြန္ေနပါတယ္။

Synapses လို႔ ေခၚတဲ့ အာ႐ုံေၾကာ ခ်ိတ္ဆက္စနစ္ ၁၀၀၀ ေလာက္ထိေအာင္ ရွိၿပီး အ႐ြယ္ေရာက္ ခ်ိန္မွာေတာ့ ၃၀၀ ေလာက္သာ က်န္ပါေတာ့တယ္။ ဒါေၾကာင္ ငယ္စဥ္မွာ သင္ၾကားတတ္ေျမာက္မႈ အားေကာင္းတာ ျဖစ္ပါတယ္။

(၅) ခြဲျခား သိတတ္မႈ ရွိတယ္

ဒါက ေမြးရာပါ အစြမ္းပါ။ အေရာင္၊ ပုံစံနဲ႔ စကားလုံးေတြကို တူ၊ မတူ ခြဲျခား သိတတ္ပါတယ္။

(၆) အလိုလို အာ႐ုံခံ အသိရွိတယ္

ဒါကေတာ့ ကေလး ေတြရဲ႕ မိဘ၊ ပတ္ဝန္းက်င္ လူေတြရဲ႕ မ်က္ႏွာ ကို ဖတ္တတ္တဲ့ ပညာပါ။ ဆူလိုက္တာနဲ႔ ငိုရမယ္ ဆိုတာ သိတယ္၊ စကား နဲ႔ မဟုတ္ဘဲ လက္ဟန္ ေျခဟန္ကို ၾကည့္ၿပီး ရယ္တတ္တယ္၊ အံ့ၾသတတ္တယ္၊ ငိုတတ္တယ္ဆိုတာေတြ အာ႐ုံခံ သိေနၾကပါတယ္။

အသက္အ႐ြယ္ ႀကီးလာရင္ေတာ့ အဆိုပါ အစြမ္းေတြ ေလ်ာ့နည္းလာၿပီး အခု က်ေနာ္တို႔ အ႐ြယ္ ေရာက္ခ်ိန္မွာေတာ့ ဘာ လုပ္ဆိုတာကို ေျပာမွပဲ သိနားလည္ၾကပါေတာ့တယ္။

(၇) အျမင္ပိုင္း မွတ္သားမႈ အားေကာင္း တယ္

အသက္ ၆လသား အ႐ြယ္ မွာ ပိုၿပီး သိသာတဲ့ အျမင္ပိုင္း မွတ္သားႏိုင္မႈ အားေကာင္းျခင္း ကို ေတြ႕ရပါတယ္။ ေမ်ာက္ေတြ ပါတဲ့ ကာတြန္းကား ျပသထားသည့္တိုင္ေအာင္ ဘယ္ေမ်ာက္က ရယ္ရတယ္ ဆိုတာ ေကာင္းေကာင္း မွတ္မိပါတယ္၊ အ ေနာက္တိုင္း ကေလးေတြ ၾကားထဲမွာ တ႐ုတ္ ကေလးငယ္ တေယာက္ေရာပါေနမႈကို ခြဲျခားျပႏိုင္ပါတယ္။ ဒီလို အျမင္ပိုင္း မွတ္သားႏိုင္မႈ အားေကာင္းၾကပါတယ္။ ဒါေပမယ့္ အသက္ႀကီးလာခ်ိန္မွာေတာ့ အဆိုပါ အစြမ္းေတြ ေလ်ာ့နည္းသြားပါ ေတာ့တယ္။

(၈) အၾကားအာ႐ုံ အထူးေကာင္းမြန္တယ္

ကေလးေတြရဲ႕အၾကားအာ႐ုံ ဟာ လူႀကီးေတြနဲ႔ သိပ္မကြာပါဘူး။ တိုးဖြတဲ့ အသံေတြကိုပါ ၾကားႏိုင္၊ သိႏိုင္ပါတယ္။ အသက္ ႀကီးလာခ်ိန္မွာ အဆိုပါ အၾကားအာ႐ုံ သိသိသာသာ ေလ်ာ့နည္း မသြားေပမယ့္ အသိစိတ္ေၾကာင့္ အခ်ိဳ႕ေသာ အသံေတြ ကို က်ေနာ္တို႔ လ်စ္လ်ဴရႈလိုက္လို႔ သိပ္ၿပီး မၾကား၊ မခံစားမိေတာ့တာ ျဖစ္ပါတယ္။

(၉) အိုင္းစတိုင္း လို ဦးေႏွာက္ စြမ္းရည္ ကို ပိုင္ဆိုင္ထားတယ္

သိပၸံပညာရွင္ေတြရဲ႕ ေလ့လာခ်က္ေပါင္းမ်ားစြာအရ ကေလး ေတြရဲ႕ ဦးေႏွာက္ ဟာ သင္ၾကားႏိုင္မႈ အပါအဝင္ ျပႆနာ ေျဖရွင္းႏိုင္မႈက အစ ဦးေႏွာက္ နဲ႔ လုပ္ေဆာင္ရတဲ့ အပိုင္းေတြမွာ အ႐ြယ္ေရာက္ၿပီးသူေတြ အားလုံးထက္ ပိုမို ေကာင္း မြန္တဲ့ စြမ္းရည္ကို ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။

အသက္အ႐ြယ္ ႀကီးလာေလေလ ဦးေႏွာက္ စြမ္းရည္ ေလ်ာ့က် သြားေလေလ ျဖစ္ပါတယ္။

Credit : Burma irrawaddy

 

Unicode ဖြင့်ဖတ်ရန်

တနှစ်အောက် ကလေးလေးတွေရဲ့အစွမ်းအစများ

 

မွေးကင်းစ အရွယ်ကနေ စကားကောင်းကောင်း မပြောသေးတဲ့ တနှစ်သားလောက်ထိအောင် ကလေးငယ် တွေကို အိပ်ဖို့၊ စားဖို့၊ ငိုဖို့လောက်ပဲ သိတယ်လို့ မထင်လိုက်ပါနဲ့။ သူတို့မှာ သင် မသိတဲ့ အစွမ်းတွေ ရှိနေပါတယ်။

(၁) ကောင်းကောင်းအိပ်နိုင်တယ်

ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အိပ်ပျော်အောင် အိပ်နိုင်တဲ့ စွမ်းအင် ရှိပါတယ်။ အပူ၊ အအေးတွေကလည်း သူတို့ရဲ့ အိပ်စက်မှုကို မဟန့်တားနိုင်ပါဘူး၊ အိပ်ယာထဲမှာ လှဲနေရင်းဖြစ်စေ၊ ချီထားရင်း အနေအထား ဖြစ်စေလည်း အိပ်နိုင်ပါ တယ်။ ဆူညံလွန်းတဲ့ အသံ မဟုတ်တဲ့ အနေအထားမှာလည်း အိပ်နိုင်ပါတယ်။

(၂) ဆုပ်ကိုင်နိုင်စွမ်းရှိတယ်

ကလေးတွေရဲ့ လက်ထဲကို အရာတခုခု ဒါမှမဟုတ် သင့်ရဲ့လက်ချောင်းလေး ထည့့်ပေးလိုက်ပါ။ ဆုပ်ထားပါလိမ့်မယ်။ အ ဆိုပါ ဆုပ်အားဟာ ကလေးရဲ့ခန္ဓာကိုယ်ကို မတ်တပ် ရပ်နိုင်အောင် ဆွဲထူဖို့လောက်ထိအောင် အင်အားရှိပါတယ်။ မထ နိုင်သေးတဲ့ အရွယ်မို့လို့သာ မထတာ ဖြစ်ပေမယ့် ဆုပ်အားကောင်းကောင်း ရှိပါတယ်။.

(၃) အရသာခံနိုင်စွမ်းရှိတယ်

ကျနော်တို့ အရွယ်ရောက် လူသားတွေထက် အရသာ ခံနိုင်စွမ်း ၃ဆ ပိုကောင်းတဲ့ လျှာကို ပိုင်ဆိုင်ထားပါတယ်။ မိခင်နို့က နေ အခြား နို့တခုခု ပြောင်းလဲသွားတာတွေ၊ စားနေကျ မဟုတ်တဲ့ အစာသစ် ကျွေးလာမှုတွေကို ကောင်းကောင်း သိပါ တယ်။

အရွယ်ကြီးလာလေလေ အရသာ ခံနိုင်မှုနှုန်း လျော့ကျသွားတာ ဖြစ်ပါတယ်။

(၄) သိတတ်နားလည်နိုင်စွမ်း အားကောင်းတယ်

မွေးကင်းစ ကလေးတွေကို ကြည့်ပါ။ ဦးခေါင်းဟာ ခန္ဓာကိုယ်ထည် အနည်းငယ် ပိုပြီး ကြီးနေပါတယ်။ အဆိုပါ အရွယ်ဟာ ခန္ဓာကိုယ်ထည် ဦးနှောက် ဖွံ့ဖြိုးမှု အထူးအားကောင်းနေပါတယ်။ အရာရာကို သိတတ်နားလည်းနိုင်စွမ်း မြန်ဆန် မြင့်မား ကောင်းမွန်နေပါတယ်။

Synapses လို့ ခေါ်တဲ့ အာရုံကြော ချိတ်ဆက်စနစ် ၁၀၀၀ လောက်ထိအောင် ရှိပြီး အရွယ်ရောက် ချိန်မှာတော့ ၃၀၀ လောက်သာ ကျန်ပါတော့တယ်။ ဒါကြောင် ငယ်စဉ်မှာ သင်ကြားတတ်မြောက်မှု အားကောင်းတာ ဖြစ်ပါတယ်။

(၅) ခွဲခြားသိတတ်မှု ရှိတယ်

ဒါက မွေးရာပါ အစွမ်းပါ။ အရောင်၊ ပုံစံနဲ့ စကားလုံးတွေကို တူ၊ မတူ ခွဲခြား သိတတ်ပါတယ်။

(၆) အလိုလို အာရုံခံ အသိရှိတယ်

ဒါကတော့ ကလေးတွေရဲ့ မိဘ၊ ပတ်ဝန်းကျင်လူတွေရဲ့ မျက်နှာကို ဖတ်တတ်တဲ့ ပညာပါ။ ဆူလိုက်တာနဲ့ ငိုရမယ် ဆိုတာ သိတယ်၊ စကားနဲ့ မဟုတ်ဘဲ လက်ဟန် ခြေဟန်ကို ကြည့်ပြီး ရယ်တတ်တယ်၊ အံ့သြတတ်တယ်၊ ငိုတတ်တယ်ဆိုတာတွေ အာရုံခံ သိနေကြပါတယ်။

အသက်အရွယ် ကြီးလာရင်တော့ အဆိုပါ အစွမ်းတွေ လျော့နည်းလာပြီး အခု ကျနော်တို့ အရွယ်ရောက်ချိန်မှာတော့ ဘာ လုပ်ဆိုတာကို ပြောမှပဲ သိနားလည်ကြပါတော့တယ်။

(၇) အမြင်ပိုင်း မှတ်သားမှု အားကောင်းတယ်

အသက် ၆လသား အရွယ်မှာ ပိုပြီး သိသာတဲ့ အမြင်ပိုင်း မှတ်သားနိုင်မှု အားကောင်းခြင်းကို တွေ့ရပါတယ်။ မျောက်တွေ ပါတဲ့ ကာတွန်းကား ပြသထားသည့်တိုင်အောင် ဘယ်မျောက်က ရယ်ရတယ် ဆိုတာ ကောင်းကောင်း မှတ်မိပါတယ်၊ အ နောက်တိုင်း ကလေးတွေ ကြားထဲမှာ တရုတ်ကလေးငယ် တယောက်ရောပါနေမှုကို ခွဲခြားပြနိုင်ပါတယ်။ ဒီလို အမြင်ပိုင်း မှတ်သားနိုင်မှု အားကောင်းကြပါတယ်။ ဒါပေမယ့် အသက်ကြီးလာချိန်မှာတော့ အဆိုပါ အစွမ်းတွေ လျော့နည်းသွားပါ တော့တယ်။

(၈) အကြားအာရုံ အထူးကောင်းမွန်တယ်

ကလေးတွေရဲ့အကြားအာရုံဟာ လူကြီးတွေနဲ့ သိပ်မကွာပါဘူး။ တိုးဖွတဲ့ အသံတွေကိုပါ ကြားနိုင်၊ သိနိုင်ပါတယ်။ အသက် ကြီးလာချိန်မှာ အဆိုပါ အကြားအာရုံ သိသိသာသာ လျော့နည်း မသွားပေမယ့် အသိစိတ်ကြောင့် အချို့သော အသံတွေ ကို ကျနော်တို့ လျစ်လျူရှုလိုက်လို့ သိပ်ပြီး မကြား၊ မခံစားမိတော့တာ ဖြစ်ပါတယ်။

(၉) အိုင်းစတိုင်းလို ဦးနှောက်စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်ပေါင်းများစွာအရ ကလေးတွေရဲ့ ဦးနှောက်ဟာ သင်ကြားနိုင်မှု အပါအဝင် ပြဿနာ ဖြေရှင်းနိုင်မှုက အစ ဦးနှောက်နဲ့ လုပ်ဆောင်ရတဲ့ အပိုင်းတွေမှာ အရွယ်ရောက်ပြီးသူတွေ အားလုံးထက် ပိုမို ကောင်း မွန်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

အသက်အရွယ် ကြီးလာလေလေ ဦးနှောက် စွမ်းရည် လျော့ကျ သွားလေလေ ဖြစ်ပါတယ်။

Credit : Burma irrawaddy