Zawgyi ျဖင့္ဖတ္ရန္

ေဟာလိဝုဒ္ နာမည္ႀကီး မင္းသား တဦးျဖစ္တဲ့ ဘရက္ဒ္ပစ္တ္ ဟာ သူ႔ထက္ အသက္ ၃၀ ေက်ာ္ ပိုငယ္တဲ့ ခ်စ္သူ မိန္းကေလး တဦးနဲ႔ စံုတြဲ ခုတ္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

အသက္ ၅၃ ႏွစ္ အရြယ္ ရွိေနၿပီျဖစ္တဲ့ မင္းသားႀကီး ဘရက္ဒ္ပစ္တ္ ဟာ ကာလရွည္ၾကာ လက္တြဲလာခဲဲ့တဲ့ မင္းသမီး အင္ဂ်လီနာဂ်ိဳလီ နဲ႔ လမ္းခြဲ ျပတ္စဲအၿပီးမွာ ခုလို သတင္းေတြ ထြက္ေပၚလာခဲ့တာပါ။

သူနဲ႔ စံုတြဲ ခုတ္ေနတယ္ဆိုၿပီး သတင္း ထြက္ေနတဲ့ ခ်စ္သူ မိန္းကေလး ကေတာ့ အသက္ ၂၁ ႏွစ္အရြယ္သာ ရွိေသးတဲ့ ၿဗိတိန္ သ႐ုပ္ေဆာင္ မင္းသမီး အယ္လာပါနဲလ္ ျဖစ္ၿပီး အသက္ ၃၂ ႏွစ္ေလာက္ ကြာေနတာ ျဖစ္ပါတယ္။

ေမရာသတင္းဌာ နကေတာ့ ဒီ သတင္း ဟာ ေကာလာဟလသာျဖစ္ၿပီး မဟုတ္မွန္ဘူးလို႔ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

အယ္လာ ပါနဲလ္နဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္ တခုကေတာ့ “ဒါဟာ လံုးဝ ျဖစ္လာမွာ မဟုတ္ပါဘူး။ သူတို႔ ၂ ေယာက္ ခ်ိန္းေတြ႔ေနၾကတာ မဟုတ္ပါဘူး” လို႔ ေျပာပါတယ္။

အယ္လာ ပါနဲလ္ ဟာ ဘရက္ဒ္ပစ္တ္ ရဲ႕ ဇနီးေဟာင္း အင္ဂ်လီနာဂ်ိဳလီရဲ ႕ နာမည္ႀကီး ႐ုပ္ရွင္ Maleficent ႐ုပ္ရွင္ကား မွာ မင္းသမီး ရဲ႕ ငယ္ဘဝ ေနရာကေန သ႐ုပ္ေဆာင္ ခဲ့ဖူးတာမို႔ ဘရက္ဒ္ပစ္တ္က  မ်က္စိက်ေနခဲ့တာဆိုၿပီး ခုလို သတင္းေတြထြက္ေပၚလာတာလည္း ျဖစ္ႏုိင္တယ္လို႔ ဆိုပါတယ္။

သတင္းရင္းျမစ္တခုကေတာ့ အယ္လာပါနဲလ္ဟာ မင္းသား ဘရက္ဒ္ပစ္တ္ ကို အႀကိဳက္ဆံုး သ႐ုပ္ေဆာင္ တဦးျဖစ္တယ္လို႔ သူငယ္ခ်င္းေတြကို ေျပာဖူးခဲ့တာေၾကာင့္လည္း ျဖစ္ႏုိင္တယ္လို႔ ေဖာ္ျပပါတယ္။

တခ်ိဳ႕ကလည္း မင္းသမီး ဟာ ဘရက္ဒ္ပစ္တ္ ရဲ႕ သားအႀကီးဆံုးျဖစ္တဲ့ မက္ေဒါက္ဇ္ ထက္ ၅ ႏွစ္သာ ပိုႀကီးတာမို႔ ဒီသတင္းဟာ မျဖစ္ႏုိင္ဘူးလို႔ ေျပာေနၾကတာ ျဖစ္ပါတယ္။

Credit : DVB

 

Unicode ဖြင့်ဖတ်ရန်

၂၁ နှစ်အရွယ် မင်းသမီးတဦးနှင့် စုံတွဲခုတ်နေသည်ဟု သတင်းထွက်နေသည့် ဘရက်ဒ်ပစ်တ်

ဟောလိဝုဒ် နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ ဘရက်ဒ်ပစ်တ်ဟာ သူ့ထက် အသက် ၃၀ ကျော် ပိုငယ်တဲ့ ချစ်သူမိန်းကလေးတဦးနဲ့ စုံတွဲခုတ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၅၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မင်းသားကြီး ဘရက်ဒ်ပစ်တ်ဟာ ကာလရှည်ကြာ လက်တွဲလာခဲ့တဲ့ မင်းသမီး အင်ဂျလီနာဂျိုလီနဲ့ လမ်းခွဲပြတ်စဲအပြီးမှာ ခုလို သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

 

သူနဲ့ စုံတွဲခုတ်နေတယ်ဆိုပြီး သတင်းထွက်နေတဲ့ ချစ်သူမိန်းကလေးကတော့ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ ဗြိတိန် သရုပ်ဆောင်မင်းသမီး အယ်လာ ပါနဲလ်ဖြစ်ပြီး အသက် ၃၂ နှစ်လောက် ကွာနေတာ ဖြစ်ပါတယ်။

မေရာသတင်းဌာနကတော့ ဒီသတင်းဟာ ကောလာဟလသာဖြစ်ပြီး မဟုတ်မှန်ဘူးလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အယ်လာ ပါနဲလ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုကတော့ “ဒါဟာ လုံးဝ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ ၂ ယောက် ချိန်းတွေ့နေကြတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

အယ်လာ ပါနဲလ်ဟာ ဘရက်ဒ်ပစ်တ်ရဲ့ ဇနီးဟောင်း အင်ဂျလီနာဂျိုလီရဲ့ နာမည်ကြီးရုပ်ရှင် Maleficent ရုပ်ရှင်ကားမှာ မင်းသမီးရဲ့ ငယ်ဘဝနေရာကနေ သရုပ်ဆောင်ခဲ့ဖူးတာမို့ ဘရက်ဒ်ပစ်တ်က မျက်စိကျနေခဲ့တာဆိုပြီး ခုလို သတင်းတွေထွက်ပေါ်လာတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တခုကတော့ အယ်လာ ပါနဲလ်ဟာ မင်းသား ဘရက်ဒ်ပစ်တ်ကို အကြိုက်ဆုံး သရုပ်ဆောင်တဦးဖြစ်တယ်လို့ သူငယ်ချင်းတွေကို ပြောဖူးခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဖော်ပြပါတယ်။

တချို့ကလည်း မင်းသမီးဟာ ဘရက်ဒ်ပစ်တ်ရဲ့ သားအကြီးဆုံးဖြစ်တဲ့ မက်ဒေါက်ဇ်ထက် ၅ နှစ်သာ ပိုကြီးတာမို့ ဒီသတင်းဟာ မဖြစ်နိုင်ဘူးလို့ ပြောနေကြတာ ဖြစ်ပါတယ်။

Credit : DVB