Zawgyi ျဖင့္ဖတ္ရန္

ဗီယက္နမ္ႏိုင္ငံ မွာ အခုအပတ္ ေရႀကီးစဥ္အတြင္း အိမ္တအိ မ္ရဲ႕အေနာက္ဘက္ ၿခံဝန္း ထဲမွာ ေပ ၂၀ အရွည္ စပါးအံုး ေႁမြႀကီးကုိ အိမ္ရွင္ရဲ႕ ၃ ႏွစ္အရြယ္ ကေလး က ရယ္ေမာၿပီး ျမင္းလို လုပ္စီးခဲ့တဲ့ ႐ုပ္သံ ထြက္ေပၚလာပါတယ္။

မျမင္ဘူးထူးျခားလွတဲ့ ႐ုပ္သံ ထဲမွာ ေျခမ်က္စိထိ ျမႇဳပ္ေနတဲ့ ၿခံဝန္းေရျပင္ထဲ ကေလးငယ္ က အႏၱရာယ္ မ်ားတဲ့ ေႁမြ ကို စီးေနတာ ျမင္ရပါတယ္။

 

ထရန္(င္) လုိ႔ေခၚတဲ့ ကေလး က ေႁမြႀကီး ကို ျမင္းလုပ္မစီးခင္ ေႁမြေပၚ ခုန္တက္ၿပီး စိတ္လႈပ္ရွား ေပ်ာ္ရႊင္ေနတာကို ေတြ႔ရပါတယ္။

လူမႈကြန္ရက္ စာမ်က္ထက္ ဒီ႐ုပ္သံ ပ်ံ႔ႏွံ႔သြားခ်ိန္ လူအမ်ားစုက ဒီအံ့ၾသစရာ ထူးျခားတဲ့ ႐ုပ္သံက အတုႀကီးလုိ႔ ေျပာေပမယ့္ ကေလးရဲ႕ေဆြမ်ိဳးေတြက ဒါက တကယ့္အျဖစ္အပ်က္လုိ႔ ေျပာပါတယ္။

ကေလး ရဲ႕အေဒၚျဖစ္သူ အန္ငုရင္က “စပါးအံုး ေႁမြႀကီးက ၈၀ ကီလုိ အေလးခ်ိန္ရွိတယ္၊ ကေလး ကေတာ့ အသက္ ၃ ႏွစ္ပါ” လို႔ ေျပာပါတယ္။

“စပါးအံု ေႁမြႀကီး က မိသားစုရဲ႕ အိမ္ေမြး တိရစာၦန္ပါ၊ အိမ္မွာေမြးထားတာ ၄ ႏွစ္ရွိၿပီ၊ အရမ္းလည္း ယဥ္ပါးေနၿပီ၊ မုိးရြာတဲ့ေန႔မွာ ၿခံဝန္းထဲ ေရေတြဝင္လာလို႔ ေႁမြ ကို နားနားေနေန ကစားရေအာင္ ၿခံထဲ လႊတ္လုိက္တာ” လို႔ ေျပာပါတယ္။

ေရႀကီးမႈက ဗီယက္နမ္ သမုိင္း မွာ အဆိုးရြားဆံုးနဲ႔ ပ်က္စီးဆံုး႐ံႈးမႈမ်ားတဲ့ ေရႀကီးမႈျဖစ္ၿပီး ဒီ ႐ုပ္သံ ကို မိသားစု ရဲ႕ အိမ္ရွိရာ သန္ဟုိဝါခ႐ိုင္မွာ ႐ိုက္ကူးခဲ့တာပါ။

ေရႀကီးမႈက အိမ္ သိန္းဂဏန္းေပါင္းမ်ားစြာကို ေရနစ္ျမဳပ္ေစခဲ့ၿပီး အနည္းဆံုး လူ ၅၄ ဦး ေသဆံုး တယ္လို႔ သိရပါတယ္။

ဗီယက္နမ္ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းမွာ မုိးအႀကီးအက်ယ္ ရြာသြန္းမႈက အခ်ိဳ႕ေဒသေတြမွာ ခရီးသြားလာမႈ ျပတ္ေတာက္သြာၿပီး ေပ်ာက္ဆံုးေနသူေတြကို ကယ္ဆယ္ဖုိ႔ ႀကိဳးစားရာမွာလည္း အကန္႔အသတ္ ျဖစ္ေစခဲ့ပါတယ္။

အိမ္နဲ႔ အေဆာက္အအံု သိန္းေပါင္းမ်ားစြာ ပ်က္စီးခဲ့ၿပီး ေမြးျမဴေရး ကြ်ဲ ႏြား တရိစာၦန္ အေျမာက္အမ်ားလည္း ေသဆံုးခဲ့တယ္လို႔ ေမရာသတင္းမွာ ေအာက္တုိဘာ ၁၄ ရက္က ေဖာ္ျပထားပါတယ္။

credit : DVb

Unicode ဖြင့်ဖတ်ရန်

ပေ ၂၀ အရှည် မြွေကြီးကို မြင်းလုပ်စီးခဲ့သည့် ၃ နှစ်အရွယ် ကလေးငယ်

 

ဗီယက်နမ်နိုင်ငံမှာ အခုအပတ် ရေကြီးစဉ်အတွင်း အိမ်တအိမ်ရဲ့အနောက်ဘက် ခြံဝန်းထဲမှာ ပေ ၂၀ အရှည် စပါးအုံး မြွေကြီးကို အိမ်ရှင်ရဲ့ ၃ နှစ်အရွယ်ကလေးက ရယ်မောပြီး မြင်းလိုလုပ်စီးခဲ့တဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။

မမြင်ဘူးထူးခြားလှတဲ့ ရုပ်သံထဲမှာ ခြေမျက်စိထိ မြှုပ်နေတဲ့ ခြံဝန်းရေပြင်ထဲ ကလေးငယ်က အန္တရာယ်များတဲ့ မြွေကို စီးနေတာ မြင်ရပါတယ်။

 

ထရန်(င်) လို့ခေါ်တဲ့ ကလေးက မြွေကြီးကို မြင်းလုပ်မစီးခင် မြွေပေါ် ခုန်တက်ပြီး စိတ်လှုပ်ရှား ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

လူမှုကွန်ရက်စာမျက်ထက် ဒီရုပ်သံ ပျံ့နှံ့သွားချိန် လူအများစုက ဒီအံ့သြစရာ ထူးခြားတဲ့ ရုပ်သံက အတုကြီးလို့ ပြောပေမယ့် ကလေးရဲ့ဆွေမျိုးတွေက ဒါက တကယ့်အဖြစ်အပျက်လို့ ပြောပါတယ်။

ကလေးရဲ့အဒေါ်ဖြစ်သူ အန်ငုရင်က “စပါးအုံးမြွေကြီးက ၈၀ ကီလို အလေးချိန်ရှိတယ်၊ ကလေးကတော့ အသက် ၃ နှစ်ပါ” လို့ ပြောပါတယ်။

“စပါးအုံးမြွေကြီးက မိသားစုရဲ့ အိမ်မွေးတိရစ္ဆာန်ပါ၊ အိမ်မှာမွေးထားတာ ၄ နှစ်ရှိပြီ၊ အရမ်းလည်း ယဉ်ပါးနေပြီ၊ မိုးရွာတဲ့နေ့မှာ ခြံဝန်းထဲ ရေတွေဝင်လာလို့ မြွေကို နားနားနေနေ ကစားရအောင် ခြံထဲ လွှတ်လိုက်တာ” လို့ ပြောပါတယ်။

ရေကြီးမှုက ဗီယက်နမ်သမိုင်းမှာ အဆိုးရွားဆုံးနဲ့ ပျက်စီးဆုံးရှုံးမှုများတဲ့ ရေကြီးမှုဖြစ်ပြီး ဒီရုပ်သံကို မိသားစုရဲ့ အိမ်ရှိရာ သန်ဟိုဝါခရိုင်မှာ ရိုက်ကူးခဲ့တာပါ။

ရေကြီးမှုက အိမ် သိန်းဂဏန်းပေါင်းများစွာကို ရေနစ်မြုပ်စေခဲ့ပြီး အနည်းဆုံး လူ ၅၄ ဦး သေဆုံးတယ်လို့ သိရပါတယ်။

ဗီယက်နမ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ မိုးအကြီးအကျယ် ရွာသွန်းမှုက အချို့ဒေသတွေမှာ ခရီးသွားလာမှု ပြတ်တောက်သွာပြီး ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ဖို့ ကြိုးစားရာမှာလည်း အကန့်အသတ် ဖြစ်စေခဲ့ပါတယ်။

အိမ်နဲ့ အဆောက်အအုံ သိန်းပေါင်းများစွာ ပျက်စီးခဲ့ပြီး မွေးမြူရေး ကျွဲ နွား တရိစ္ဆာန် အမြောက်အများလည်း သေဆုံးခဲ့တယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၁၄ ရက်က ဖော်ပြထားပါတယ်။

credit : DVb