Zawgyi ျဖင့္ဖတ္ရန္

 

ဧရာဝတီတိုင္း ေဒသႀကီး ဟသၤာတခရိုင္ ျမန္ေအာင္ၿမိဳ႕နယ္ ေညာင္ခံုရြာ၊ မွ်င္ဝါးေတာင္အုပ္စု ေန မိေခ်ာ(ခ) မေအးနႏၵာလွိဳင္ အား ေက်ာင္းျပန္ခ်ိန္ တြင္ သတ္သည့္ တရားခံ ကို ေအာက္တိုဘာ ၂၄ ရက္ေန႔ကဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း ျမန္ေအာင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး (ဒုခရိုင္ရဲတပ္ဖြဲ႔မွဴး)ရဲမွဴးကံျမင့္ထံမွ သိရွိရသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၂၀ ရက္ေန႔က ညေန ေက်ာင္းဆင္းခ်ိန္ တြင္ ေက်ာင္းသူမိေခ်ာ(ခ)မေအးနႏၵာလွိဳင္ (ေညာင္ခံုရြာ၊ မွ်င္ဝါးေတာင္အုပ္စု)ေနသူသည္ စာနီစုေက်းရြာႏွင့္ငါးဘတ္က်ေက်းရြာ သြားလမ္းအနီးရွိလယ္ကြက္ထဲတြင္ ေမွာက္လ်က္ အေနအထားျဖင့္ ေတြ႕ရၿပီး လက္ပံကြင္းေဆးခန္းခန္းသို႔ပိုေဆာင္ၿပီး အင္ပင္ ေဆးရံု သို႔ ဆက္လက္ပို႔ေဆာင္ခဲ႔သည္။ ထိုမွတစ္ဆင့္ ဟသၤာတ ေဆးရံု သို႔ ဆက္လက္ပို႔ေဆာင္ေဆးကုသမႈခံယူစဥ္ ေသဆံုးခဲ႔ေၾကာင္းသိရွိရသည္။

စံုစမ္းစစ္ေဆးျခင္းမ်ားကို ဒုခရိုင္ရဲတပ္ဖြဲ႔မွဴးရဲမွဴးကံျမင့္ ကိုယ္တိုင္ဦးစီးအေျချပဳကြပ္ကဲေဆာင္ရြက္ခဲ႔ရာေအာက္တိုဘာ ၂၄ ရက္ေန႔က က်ဳံးက်ဳံးက်ေခ်ာင္းေဘး တံငါ လုပ္ၿမံဳးေထာင္သည့္ အုန္းေဌးအသက္(၃၇)ႏွစ္ ငါးဘတ္က် ေက်းရြာ၊ ငါးဘတ္က် အုပ္စု ေနသူအား မသကၤာဖြယ္ သတင္း စကား မ်ားအရ ေခၚယူစစ္ေဆးရာ အုန္းေဌးမွ ၎ကိုယ္တိုင္ ျပစ္မႈက်ဴးလြန္ ခဲ႔ေၾကာင္းဝန္ခံထြက္ဆိုခဲ႔သည္။

အမႈႏွင့္ပတ္သက္၍ သက္ေသခံ ပစၥည္း မ်ားသိမ္းဆည္းရန္၊ တရာခံ အားေျဖာင့္ခ်က္ရယူရန္၊ က်န္သက္ေသမ်ားစစ္ေဆးရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး(ဒုခရိုင္ရဲတပ္ဖြဲ႔မွဴး)ရဲမွဴးကံျမင့္ထံမွသိရွိရသည္။

Credit: Myanmaalinn

Unicode ဖြင့်ဖတ်ရန်

 

ငါးတန်းကျောင်းသူလေး ကျောင်းဆင်းအပြန် အသတ်ခံရမှုမှ လူသတ်သည့်တရားခံဖမ်းဆီးရမိ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ညောင်ခုံရွာ၊ မျှင်ဝါးတောင်အုပ်စု နေ မိချော(ခ) မအေးနန္ဒာလှိုင် အား ကျောင်းပြန်ချိန် တွင် သတ်သည့်တရားခံကို အောက်တိုဘာ ၂၄ ရက်နေ့ကဖမ်းဆီးရမိပြီဖြစ်ကြောင်း မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး (ဒုခရိုင်ရဲတပ်ဖွဲ့မှူး)ရဲမှူးကံမြင့်ထံမှ သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက်နေ့က ညနေကျောင်း ဆင်း ချိန်တွင် ကျောင်းသူမိချော(ခ)မအေးနန္ဒာလှိုင် (ညောင်ခုံရွာ၊ မျှင်ဝါးတောင်အုပ်စု)နေသူသည် စာနီစုကျေးရွာနှင့်ငါးဘတ်ကျကျေးရွာ သွားလမ်းအနီးရှိလယ်ကွက်ထဲတွင် မှောက်လျက်အနေအထားဖြင့် တွေ့ရပြီး လက်ပံကွင်းဆေးခန်းခန်းသို့ပိုဆောင်ပြီး အင်ပင်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ဟင်္သာတဆေးရုံသို့ ဆက်လက်ပို့ဆောင်ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ကြောင်းသိရှိရသည်။

စုံစမ်းစစ်ဆေးခြင်းများကို ဒုခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးကံမြင့် ကိုယ်တိုင်ဦးစီးအခြေပြုကွပ်ကဲဆောင်ရွက်ခဲ့ရာအောက်တိုဘာ ၂၄ ရက်နေ့က ကျုံးကျုံးကျချောင်းဘေးတံငါလုပ်မြုံးထောင်သည့် အုန်းဌေးအသက်(၃၇)နှစ် ငါးဘတ်ကျကျေးရွာ၊ ငါးဘတ်ကျအုပ်စုနေသူအား မသင်္ကာဖွယ် သတင်းစကားများအရ ခေါ်ယူစစ်ဆေးရာ အုန်းဌေးမှ ၎င်းကိုယ်တိုင် ပြစ်မှုကျူးလွန် ခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့သည်။

အမှုနှင့်ပတ်သက်၍ သက်သေခံပစ္စည်းများသိမ်းဆည်းရန်၊ တရာခံအားဖြောင့်ချက်ရယူရန်၊ ကျန်သက်သေများစစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး(ဒုခရိုင်ရဲတပ်ဖွဲ့မှူး)ရဲမှူးကံမြင့်ထံမှသိရှိရသည်။

Credit: Myanmaalinn