Zawgyi ဖြင့်ဖတ်ရန်
တနင်္ဂနွေ
အကျိုးပေးဂဏန်း ၁/၈/၎
တနင်္လာ
အကျိုးပေး ဂဏန်း ၅/၉/၂
အင်္ဂါ
အကျိုးပေးဂဏန်း ၃/၅/၇
ဗုဒ္ဓဟူး
အကျိုးပေးဂဏန်း ၅/၁/၈
ကြာသပတေး
အကျိုးပေးဂဏန်း ၅/၉/၂
သောကြာ
အကျိုးပေးဂဏန်း ၃/၄/၇
အထူးဟော ကံညံ့ပါတယ်
စနေ
အကျိုးပေးဂဏန်း ၆/၈/၎
အထူးဟော ကံသင့်ပါတယ်
၇ရက်သားသမီးအပေါင်း
Unicode ဖြင့်ဖတ်ရန်
12.10.2017 မှ 18.10.2017 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဒီကာလမှာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေရလာလိမ့်မယ်။ အလုပ်ရှာနေသူတွေအလုပ်ရမယ်။ လုပ်ငန်းအပ်နှံခြင်း ဖောက်သည်သစ်ရခြင်းမျိုးတွေရှိလာလိမ့်မယ်။
ဝန်ထမ်းများ နေရာကောင်းရခြင်း ရာထူးတစ်ဆင့်တိုးခြင်းရှိလိမ့်မယ်။ စိတ်ပူစရာ တွေဝေစရာ စိတ်ခံစားချက်တွေလဲရှိနေလိမ့်မယ်။
ပညာရေး ထူးချွန်မဲ့ကာလပါ။ ပညာရေးမှာ ဆရာကောင်းသမားကောင်းတွေနဲ့ ကြုံရဆုံရတတ်တယ်။ ဖခင်ရဲ့ ဂုဏ်ပြု ထောပနာပေးခြင်းခံရတတ်တယ် ။
အိုးအိမ်စတင်တည်ဆောက်ခြင်း၊ ဆိုင်ခန်းဆောက်လုပ်ခြင်း ၊ အိမ်ပြင်ဆင်ခြင်းတွေအထူးကောင်းတဲ့ကာလပါ။ ကျန်းမာရေးကံကြမ္မာ အရ တရှောင်ရှောင်ဖြစ်လွယ်ပါတယ်။အညံ့ကြီးတော့ မဟုတ်ပါဘူး။
အချစ်ရေးကံကတော့ အားအနည်းဆုံးပါပဲ။ အရမ်းနားလည်မှုရှိတဲ့ ချစ်သူတွေတောင် ဒီကာလမှာ နည်းနည်းတော့ ကတောက်ကဆဖြစ်လွယ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၈/၄
အထူးဟော အလုပ်တွေအဆင်ပြေလာမည်
ယတြာ ဖယောင်းတိုင် တစ်ထုပ် ရဟန်းတစ်ပါးကို လှူဒါန်းလိုက်ပါ
တနင်္လာ
ဒီကာလအတွင်း ဝင်ငွေထက်ထွက်ငွေများနေတတ်ပါတယ်။ ငွေကုန်စရာတွေတစ်ခုပြီးတစ်ခုကြုံရတတ်တယ်။
အထူးသဖြင့် ဇိမ်ခံပစ္စည်းတွေဝယ်ယူခြင်းကြောင့်ကုန်ကျတာမျိုး ဖြစ်တတ်ပါတယ်။ ချစ်ခင်မြတ်နိုးရသူတွေနဲ့ခဏတာခွဲခွာရတတ်တယ်။
မိသားစုနဲ့ အလုပ်ကြောင့်ခွဲနေရတတ်ပါတယ်။ ဒီကာလမှာ လူငယ်များ မိဘနဲ့ စကားများရတတ်တယ်။ မိဘစကားနားထောင်သင့်တဲ့ကာလပါ။ စိတ်ထင်ရာမလုပ်မိပါစေနဲ့ ။
ဒီကာလအတွင်း အခက်အခဲ ပြဿ နာတွေကို ခေါင်းအေးအေးနဲ့ ဖြေရှင်းပါက ပြေလည်သွားနိုင်မဲ့ကာလပါ။ အချစ်ရေးကံမညံ့ပေမဲ့ ချစ်သူနဲ့ဝေးနေရတတ်ပါတယ်။
ကျန်းမာရေးကံအကောင်းဆုံးပါပဲ ။ ဝေဒနာနဲ့ ဆေးနဲ့တည့်သွားပါလိမ့်မယ်။ ပညာရေးအထူးကောင်းပါတယ်။
အကျိုးပေးဂဏန်း ၅/၉/၂
အထူးဟော လူငယ်များ အမှားလုပ်မိတတ်ပါတယ်
ယတြာ လမ်းဘေးခွေးလေခွေးလွင့်များကို အာဟာရဒါနပြုပေးပါ
အင်္ဂါ
ဒီကာလအတွင်း စာရင်းဇယားကိစ္စများ ၊ စာရွက်စာတန်းကိစ္စ၊ စာချုပ်ကိစ္စ စတာတွေနဲ့ အလုပ်ရှုပ်နေရတတ်ပါတယ်။
ဒါကြောင့်ပဲ ဒီကာလဟာနည်းနည်းတော့ အလုပ်များနေရတတ်ပါတယ်။ အောက်လက်ငယ်သားတွေလဲ အားကိုးမရတဲ့ကာလပါပဲ။
ဘယ်ကိစ္စမဆို ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်ပေးပါ။လက်ဝယ်ရှိသော စက်ပစ္စည်းများ ပျက်တတ်ပါတယ်။
စက်ပစ္စည်းအသစ်တွေဝယ်ဖို့ စဉ်းစားမယ်ဆိုရင် ခဏတော့ ဆိုင်းထားပါအုံး ။ အလုပ်ကံကတော့ ကောင်းနေပါတယ်။
အလုပ်များတာ အလုပ်ဝန်ပိတာမျိုးတော့ ရှိနေတတ်ပါတယ်။ ကံညံ့နေတာမျိုး မဟုတ်ပေမဲ့ စိတ်ပန်းလူပန်းတော့ဖြစ်နေလိမ့်မယ်။
ပညာရေးကံအထူးကောင်းပါတယ်။ ပညာသစ်တွေတိုးပွားမဲ့ကာလပါ။ အချစ်ရေးကံကလဲ အထူးကောင်းနေပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၃/၅/၇
အထူးဟော အလုပ်ဝန်ပိနေတတ်တယ်
ယတြာ လျှပ်စစ်မီးချောင်း ဘုန်ကြီးကျောင်းလှူပါ
ဗုဒ္ဓဟူး
ကံအတော်လေးကောင်းနေတယ်လို့ ပြောရမဲ့ကာလပါ။ ရွှေငွေလက်ဝတ်ရတနာ အလှကုန်ပစ္စည်းတွေဝင်ခြင်း ၊လက်ဆောင်ရခြင်းမျိုးတွေရှိပါတယ်။
ကံမြင့်မားနေခြင်းကြောင့် လုပ်သမျှအဆင်ပြေခြင်း ကြံစည်သမျှပြီးမြောက်ခြင်းတွေကြုံရမှာပါ။ စိတ်ကူးထားသမျှ စတင်အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။
အလုပ်ကိစ္စ ၊ ရာထူးကိစ္စတွေ အဆင်ပြေပါလိမ့်မယ်။ မိတ်ဆွေသစ် သူငယ်ချင်းသစ်တွေရတတ်ပါတယ်။ ငွေကံကောင်းနေမှာပါ။
ကုန်စရာတွေလဲများနေပါလိမ့်မယ်။ အညွှန့်တလူလူ တတ်နေမဲ့ အချိန်ပါပဲ ။ အားနည်းချက်က ကျန်းမာရေးပါ။
အဆိုးကြီး မဟုတ်ပေမဲ့ ခေါင်းမူးခေါင်းကိုက်တော့ ဖြစ်ရလိမ့်မယ်။ အချစ်ရေးကံ ကောင်းပါတယ်။ ချစ်သူရဲ့ အလိုလိုက်ခြင်းအထူးခံရမဲ့ကာလပါ။
အကျိုးပေးဂဏန်း ၅/၁/၈
အထူးဟော ကံမြင့်မားနေပါတယ်
ယတြာ မေတ္တသုတ် နိုင်သလောက်ပွားများပေးပါ။
ကြာသပတေး
ဒီကာလဟာ ပျော်ရွှင်စရာတွေအထူးကြုံရမယ် ။
မိမိစိတ်လဲ ပေါ့ပါးလွတ်လပ်နေတတ်တယ်။
ကိုယ်ပိုင်စီးပွားများ အထူးကောင်းတယ်။
စေတနာ ကောင်းလေကံကောင်းလေဆိုတဲ့ စကားအတိုင်း ကြုံ ရမဲ့ကာလပါ။ လက်ကားစီးပွားများအထူးကောင်းမွန်ပါလိမ့်မယ်။
ဘာသာရေးနဲ့ပက်သက်သော အလှူအတန်းတွေလဲလုပ်ရတတ်ပါတယ်။ ပညာရေးအထူးကောင်းနေမည်။ စုတ်ရောလာဘ်ရောကောင်းနေတတ်တယ်။
အိမ်ထောင်သည်များ စန်းပွင့်နေတဲ့ အတွက် အနေအထိုင်ဆင်ခြင်ဖို့လိုပါတယ်။ ခရီးကောင်းတွေလဲသွားရတတ်ပါတယ်။
ချစ်သူမရှိသေးသူများချစ်သူသစ်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ဗိုက်အောက်ဗိုက်နာတော့ ဖြစ်လွယ်တယ်ဗျ ။
အကျိုးပေးဂဏန်း ၅/၉/၂
အထူးဟော စိတ်ချမ်းမြေ့ရမည်။
ယတြာ ပန်းပေါင်းစုံ ၅မျိုးဘုရားလှူပါ
သောကြာ
ဒီကာလဟာ စိတ်ကျဉ်းကြပ် ပင်ပန်းရတတ်ပါတယ်။ ဘာရယ်မဟုတ်ဘဲ စိတ်ညစ်နေတတ်တယ်။
ရည်ရွယ်ထားတဲ့ ခရီးကိစ္စတွေပျက်ရတတ်တယ်။ စိတ်ကူးပုံဖော်ထားတာမျိုးရှိရင်လဲ ဒီကာလ လက်တွေ့ မလုပ်ပါနဲ့အုံး။
ပိုက်ဆံချေးငှားခြင်းမလုပ်သင့်ပါ။ ကုန်သွယ်မှု လုပ်ငန်းများ /ကုန်ရောင်းကုန်ဝယ်လုပ်ကိုင်သူများ ရောင်းမှား/ဝယ်မှား ဖြစ်တတ်ပါတယ်။
ဒီကာလဟာ အနေအထိုင်အပြောအဆို ဆင်ခြင်မယ်ဆို အဆင်ပြေမဲ့ ကာလပါပဲ ။ စကားအမှားတွေကြောင့် အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ စိတ်ဝမ်းကွဲရတတ်ပါတယ်။
ဘယ်ကိစ္စမဆို စဉ်းစားပြီးမှ လုပ်ကိုင်ပြောဆိုပါ။ ကျန်းမာရေးကတော့ အထူးကောင်းပါတယ်။
ကျန်းမာရေးအတွက် လုံးဝပူပင်စရာမလိုပါ။ ပညာရေးကံအထူးညံ့နေပါတယ်။ အချစ်ရေးကံက အရမ်းကောင်းသွားနိုင်သလို အရမ်းလဲ ဆိုးသွားနိုင်တဲ့အနေအထားပါ။
အကျိုးပေးဂဏန်း ၃/၄/၇
အထူးဟော ကံညံ့ပါတယ်
ယတြာ သရက်ယို ဘုရားကပ်လှူပေးပါ။
စနေ
လူအများရဲ့ ယုံကြည်မှုတွေဆုံရှုံးရတတ်ပါတယ်။ မိမိမှန်ပေမဲ့ မိမိအပေါ်အထင်လွဲအမြင်စောင်းနေတတ်ပါတယ်။ ဒီအတွက်ဘာမှခွန်းတုန့်မပြန်ပါနဲ့။
အချိန်ကမိမိမှန်ကြောင်းသက်သေပြပါလိမ့်မယ်။ မိသားစုအတွင်း စိတ်ဝမ်းကွဲစရာကြုံရပါလိမ့်မယ်။ ဒီကာလအတွင်း အမှုအခင်းစတင်ဖြစ်ပွားပါက အမှုရှည်ကြာတတ်ပါတယ်။
တတ်နိုင်သလောက် ပြဿ နာနဲ့ ဝေးဝေးမှာနေထိုင်ပေးပါ။ ညီအကိုမောင်နှတွေ မစည်းလုံးတဲ့ကာလပါပဲ။ မိတ်ဆွေရင်းတွေရဲ့ အကူအညီကတော့ ရမှာပါ။
ရွှေလဲ ဝင်တတ်ပါတယ်။ လာဘ်လဲရွင်လာလိမ့်မယ်။ အမျိုးသားများ မိန်းမအနှောက်အယှက်ရှိပါတယ်။ အချစ်ရေးကံကောင်းပါလိမ့်မယ်။ ပညာရေးအလွန်ထူးချွန်မဲ့ ကာလပါ။
ကျန်းမာရေးအတွက် ပူပန်စရာ လုံးဝမလိုပါဘူး။
အကျိုးပေးဂဏန်း ၆/၈/၄
အထူးဟော ကံသင့်ပါတယ်
ယတြာ ငွေထီးလေး ၂လက် ဘုရားလှူပါ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)