Zawgyi ျဖင့္ဖတ္္ရန္

မိသားစုကုိ ပုိၿပီးေတာ့ အခ်ိန္ေပးႏုိင္ၿပီ။

ျမန္မာႏုိင္ငံ ရုပ္ရွင္ အစည္းအရုံး ဥကၠဌေဟာင္း လည္းျဖစ္တဲ့ သရုပ္ေဆာင္ အကယ္ဒမီ လူမင္း ကေတာ့ ဥကၠဌ အျဖစ္မေဆာင္ရြက္ရေတာ့ တဲ့ အေျခအေနမွာ ထင္ထားသေလာက္ ထူးထူးျခားျခားလည္းမျဖစ္ပါဘူး။ မိသားစုအတြက္ ပုိၿပီးေတာ့ အခ်ိန္ေပးႏုိင္တာေပါ့လုိ႔ Duwun Media ကုိေျပာျပခဲ့ပါတယ္။

” အရင္တုန္းကေတာ့ အဲ့ဒီလုိႀကီးေလထဲမွာ လႊင့္ၿပီးေပါ့ပါးသြားလိမ့္မယ္လုိ႔ထင္ထားတာပါ။ တကယ္လက္ေတြ႔မွာေတာ့ သိပ္ၿပီးေတာ့ လည္း ထူးထူးျခားျခား မျဖစ္ပါဘူး။ မိသားစု ကုိ ပုိၿပီးေတာ့ အခ်ိန္ေပးႏုိင္ၿပီ၊ အႏုပညာအလုပ္ေတြကုိ အရင္ကထက္ပုိၿပီးေတာ့ လုပ္ႏုိင္သြားၿပီေပါ့။ စီးပြားေရး လုပ္ျဖစ္ရင္လည္း အႏုပညာအပုိင္းနဲ႔ပတ္သက္တာပဲလုပ္ျဖစ္မွာပါ ထုတ္လုပ္သူတုိ႔၊ ဒါရုိက္တာ အပုိင္းေလးေတြလည္း ပုိလုပ္ျဖစ္မယ္၊ ဒီ ေလာက ထဲမွာပဲ ေနဦးမွာျဖစ္တဲ့အတြက္ အစ္ကုိ တစ္ဦးတည္း၊ တစ္ေယာက္တည္းဆိုတာ ထက္ ကုိယ္နဲ႔ကုိယ့္ပတ္ဝန္းက်င္ အတြက္ ဘယ္ေလာက္အထိေကာင္းက်ဳိးျပဳႏုိင္ဦးမလဲဆုိတဲ့ရည္ရြယ္ခ်က္ေလးနဲ႔ လုပ္သြားမွာပါ” လုိ႔သူကဆုိပါတယ္။


ဥကၠဌ ေရြးခ်ယ္ပြဲမတုိင္ခင္ကလည္း ဥကၠဌဘယ္သူ၊ ဘယ္ဝါ ဆုိတာကုိ ထြက္ေပၚလာတဲ့ သတင္း အမွားေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဦးလူမင္းက အခုလုိရွင္းျပခဲ့ပါတယ္။

” သတင္း အမွားေတြထြက္လာတယ္ဆုိတာကလည္း အစ္ကုိတုိ႔ေလာကထဲကပဲ ေျပာၾကဆုိၾကရင္းနဲ႔ သတင္းအမွားေတြထြက္လာတာ ပါ။ အစ္ကုိတုိ႔ရဲ႕ သေဘာသဘာဝကုိက ေရြးခ်ယ္တဲ့ေန႔မွာ အလႊာလုိက္ မဲ အမ်ားဆုံးက ဥကၠဌ ၊ ဒုတိယမဲ အမ်ားဆုံးက ဒုဥကၠဌ အေ ခၚအေဝၚက အ့ဲဒီလုိဆုိေတာ့ ရုပ္ရွင္ အစည္းအရုံး ရဲ႕ ဥကၠဌ ဆုိၿပီးေတာ့ လႊဲမွားႏုိင္တာမ်ဳိးေလးေတြလည္းရွိတတ္ပါတယ္။” လုိ႔ သူက ဆိုပါတယ္။

အကယ္ဒမီ လူမင္း ရဲ႕ အႏုပညာ လႈပ္ရွားမႈအေနနဲ႔ ေအာင္ေစပုိင္ေစ ရုပ္ရွင္ ဇာတ္ကားႀကီးထဲမွာ ေအာင္ေစ ဆုိတဲ့ လူတစ္ေယာက္ ၊ ပိုင္ေစ ဆုိတဲ့ သူငယ္ခ်င္းနဲ႔ ေပါင္းၿပီး ေက်းရြာတစ္ရြာ ၿပီးတစ္ရြာကုိ လူမုိက္ေယာင္ေဆာင္ကာ လိမ္လည္ေနၾကတဲ့ ဇာတ္ရုပ္ပုံစံအျဖစ္ ပါဝင္သရုပ္ေဆာင္ထားပါတယ္။
Credit : Duwun

 

Unicode ဖြင့်ဖတ်ရန်

စီးပွားရေးလုပ်ဖြစ်ရင် အနုပညာနဲ့ပတ်သက်တာပဲလုပ်ဖြစ်မယ်ဆိုတဲ့ အကယ်ဒမီလူမင်း

မိသားစုကို ပိုပြီးတော့ အချိန်ပေးနိုင်ပြီ။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်းလည်းဖြစ်တဲ့ သရုပ်ဆောင်အကယ်ဒမီ လူမင်းကတော့ ဥက္ကဌအဖြစ်မဆောင်ရွက်ရတော့ တဲ့ အခြေအနေမှာ ထင်ထားသလောက် ထူးထူးခြားခြားလည်းမဖြစ်ပါဘူး။ မိသားစုအတွက် ပိုပြီးတော့ အချိန်ပေးနိုင်တာပေါ့လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

” အရင်တုန်းကတော့ အဲ့ဒီလိုကြီးလေထဲမှာ လွှင့်ပြီးပေါ့ပါးသွားလိမ့်မယ်လို့ထင်ထားတာပါ။ တကယ်လက်တွေ့မှာတော့ သိပ်ပြီးတော့ လည်း ထူးထူးခြားခြား မဖြစ်ပါဘူး။ မိသားစုကို ပိုပြီးတော့ အချိန်ပေးနိုင်ပြီ၊ အနုပညာအလုပ်တွေကို အရင်ကထက်ပိုပြီးတော့ လုပ်နိုင်သွားပြီပေါ့။ စီးပွားရေးလုပ်ဖြစ်ရင်လည်း အနုပညာအပိုင်းနဲ့ပတ်သက်တာပဲလုပ်ဖြစ်မှာပါ ထုတ်လုပ်သူတို့၊ ဒါရိုက်တာ အပိုင်းလေးတွေလည်း ပိုလုပ်ဖြစ်မယ်၊ ဒီလောကထဲမှာပဲ နေဦးမှာဖြစ်တဲ့အတွက် အစ်ကို တစ်ဦးတည်း၊ တစ်ယောက်တည်းဆိုတာ ထက် ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင် အတွက် ဘယ်လောက်အထိကောင်းကျိုးပြုနိုင်ဦးမလဲဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ လုပ်သွားမှာပါ” လို့သူကဆိုပါတယ်။

ဥက္ကဌရွေးချယ်ပွဲမတိုင်ခင်ကလည်း ဥက္ကဌဘယ်သူ၊ ဘယ်ဝါ ဆိုတာကို ထွက်ပေါ်လာတဲ့ သတင်းအမှားတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးလူမင်းက အခုလိုရှင်းပြခဲ့ပါတယ်။

” သတင်းအမှားတွေထွက်လာတယ်ဆိုတာကလည်း အစ်ကိုတို့လောကထဲကပဲ ပြောကြဆိုကြရင်းနဲ့ သတင်းအမှားတွေထွက်လာတာ ပါ။ အစ်ကိုတို့ရဲ့ သဘောသဘာဝကိုက ရွေးချယ်တဲ့နေ့မှာ အလွှာလိုက် မဲအများဆုံးက ဥက္ကဌ၊ ဒုတိယမဲ အများဆုံးက ဒုဥက္ကဌ အခေါ်အဝေါ်က အဲ့ဒီလိုဆိုတော့ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌ ဆိုပြီးတော့ လွှဲမှားနိုင်တာမျိုးလေးတွေလည်းရှိတတ်ပါတယ်။” လို့ သူက ဆိုပါတယ်။

အကယ်ဒမီလူမင်းရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ အောင်စေပိုင်စေ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အောင်စေ ဆိုတဲ့ လူတစ်ယောက် ၊ ပိုင်စေ ဆိုတဲ့ သူငယ်ချင်းနဲ့ ပေါင်းပြီး ကျေးရွာတစ်ရွာ ပြီးတစ်ရွာကို လူမိုက်ယောင်ဆောင်ကာ လိမ်လည်နေကြတဲ့ ဇာတ်ရုပ်ပုံစံအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
Credit : Duwun