Zawgyi ျဖင့္ဖတ္ရန္

အေမရိကန္ နိုင္ငံနဲ႔ ကရစ္ဘီယမ္ တဝွမ္း ဟာရီကိန္း မုန္တုိင္း ဒဏ္ ခံရသူေတြအတြက္ ရန္ပံုေငြ ရွာတဲ့ ဂီတပြဲ ကို အေမရိကန္ သမၼတေဟာင္း ၅ ဦးတက္ေရာက္ၿပီး အတူတကြ ရပ္တည္ေပးခဲ့ၾကပါတယ္။

၂၀၁၃ ခုႏွစ္ကစၿပီး ပထမဆံုးအေနနဲ႔ သမၼတေဟာင္း ၅ ဦးကို အတူတကြ ျပန္ေတြ႔ရတာလို႔လည္း ဆုိပါတယ္။

ဒီမုိကရက္ သမၼတ ေတြျဖစ္တဲ့ ဘားရက္ အုိဘားမား၊ ကလင္တန္၊ ဂ်င္မီကာတာနဲ႔ ရီပါဘလစ္ကင္သမၼတေတြျဖစ္တဲ့ ေဂ်ာ့ခ်္အိတ္ခ်္ ဒဗလ်ဴဘုရွ္ နဲ႔ ေဂ်ာ့ခ်္ဒဗလ်ဴဘုရွ္ တုိ႔ ငါးဦးက သူတုိ႔ရဲ႕လုပ္ေဖာ္ကုိင္ဖက္ေတြ၊ ႏုိင္ငံသားေတြကို ေထာက္ခံတဲ့အေနနဲ႔ တကၠဆက္ျပည္နယ္ ေကာလိပ္စေတရွင္းၿမိဳ႕ ရိ႕ဒ္အားကစားရုံထဲမွာ က်င္းပတဲ့ One American Appeal ရန္ပံုေငြ ဂီတ ေဖ်ာ္ေျဖပြဲ ကုိ လာေရာက္ပူးေပါင္း ရပ္တည္ခဲ့ၾကတာပါ။

သတင္းဌာန ေတြရဲ႕ သမၼတ ေဒၚနယ္ထရမ့္ ဖိတ္ၾကားခံရျခင္း ရွိ မရွိဆုိတဲ့ ေမးခြန္း ေတြကိုေတာ့ အိမ္ျဖဴေတာ္ က မေျဖဆုိခဲ့ပါဘူး။

ရန္ပံုေငြ ရွာပြဲကို စတင္ခဲ့တဲ့ စက္တင္ဘာလ ၇ ရက္ေန႔က စရင္ ေငြ စုစုေပါင္း အေမရိကန္ ေဒၚလာ ၃၁ သန္း ေကာက္ခံရရွိခဲ့ၿပီး ျဖစ္ပါတယ္။

သမၼတေဟာင္း ၅ ဦးက ဘာေၾကာင့္ သူတုိ႔ ဒီပြဲကုိ လာေရာက္ပူးေပါင္းေထာက္ခံၾကသလဲဆုိတာကို ရွင္းျပထားပါတယ္။

“ယခင္ သမၼတေဟာင္း ေတြအေနနဲ႔ က်ေနာ္တုိ႔ရဲ႕ ႏုိင္ငံသား ေတြ ျပန္လည္ထူေထာင္ႏုိင္လာဖုိ႔ က်ေနာ္တုိ႔ေတြ ကူညီခ်င္တယ္” လို႔ မစၥတာ အုိဘားမား က ေျပာလိုက္ပါတယ္။

ဂီတပြဲ မတုိင္ခင္ အေမရိကန္ႏုိင္ငံရဲ႕ ၄၁ ဆက္ေျမာက္ သမၼတ ေဂ်ာ့ခ်္အိတ္ခ်္ဒဗလ်ဴဘုရွ္ က “ဒီဆုိးရြားတဲ့ မုန္တုိင္းဒဏ္ ကုိခံရၿပီး ျပန္လည္ထူေထာင္ဖုိ႔ လမ္းခရီးက ၾကာရွည္မယ္၊ ထာဝရ အတြက္ပဲလုိ႔ ထင္ေနသူေတြအတြက္ ဒီတာေဝးခရီးရွည္ႀကီးမွာ က်ေနာ္တုိ႔က ခင္ဗ်ား တုိ႔နဲ႔ အတူရွိေနမယ္ဆိုတာ သိဖုိ႔က အေရးႀကီးပါတယ္” လုိ႔ ေျပာခဲ့ပါတယ္။

ဒီ ေဖ်ာ္ေျဖပြဲ ကုိ သမၼတ ေဒၚနယ္ထရမ့္ မတက္ေရာက္ေပမယ့္ ႐ုပ္သံ ပုိ႔လိုက္ၿပီး အေမရိကန္ နိုင္ငံရဲ႕ အေကာင္းဆံုး ျပည္သူ႔ ဝန္ထမ္း ေတြကုိ ေက်းဇူးတင္ပါတယ္လုိ႔ ေျပာပါတယ္။

“ဒီလို ထူးျခား အံၾသဖြယ္ အားထုတ္မႈက က်ေနာ္တုိ႔အားလံုးဟာ တကယ္ပဲ ဘုရားသခင္ ရဲ႕ အမိုးေအာက္မွာ ရွိတဲ့ ႏုိင္ငံတႏုိင္ငံျဖစ္တယ္ဆုိတာကို သတိေပးလိုက္တာပဲ။ က်ေနာ္တုိ႔ရဲ႕ တဦးနဲ႔တဦးအေပၚ ထားရွိတဲ့ ႀကီးမားတဲ့ ေမတၱာတရား အေလးထားမႈ က်ေနာ္ တုိ႔ရဲ႕ တန္ဖုိးေတြနဲ႔ အားလံုးအတူတကြ စုစည္းညီညြတ္ေနၾကတယ္။”

ဂီတပြဲ ကို ေလဒီဂါဂါ ဂီတဂရမ္မီဆု ေလးႀကိမ္ ရရွိခဲ့တဲ့ လီလီလုိဗက္ တုိ႔ အပါအဝင္ နာမည္ေက်ာ္ ၾကယ္ပြင့္ေတြ ပါဝင္ေဖ်ာ္ေျဖမယ္လုိ႔ ေမရာသတင္း မွာ ေအာက္တုိဘာလ ၂၂ ရက္ေန႔က ေဖာ္ျပထားပါတယ္။

Credit : DVB

 

Unicode ဖြင့်ဖတ်ရန်

အမေရိကန်သမ္မတဟောင်း ၅ ဦး တက်ရောက်ခဲ့သည့် ရန်ပုံငွေဖျော်ဖြေပွဲ

အမေရိကန်နိုင်ငံနဲ့ ကရစ်ဘီယမ်တဝှမ်း ဟာရီကိန်းမုန်တိုင်းဒဏ် ခံရသူတွေအတွက် ရန်ပုံငွေရှာတဲ့ ဂီတပွဲကို အမေရိကန်သမ္မတဟောင်း ၅ ဦးတက်ရောက်ပြီး အတူတကွ ရပ်တည်ပေးခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ်ကစပြီး ပထမဆုံးအနေနဲ့ သမ္မတဟောင်း ၅ ဦးကို အတူတကွ ပြန်တွေ့ရတာလို့လည်း ဆိုပါတယ်။

 

ဒီမိုကရက်သမ္မတတွေဖြစ်တဲ့ ဘားရက်အိုဘားမား၊ ကလင်တန်၊ ဂျင်မီကာတာနဲ့ ရီပါဘလစ်ကင်သမ္မတတွေဖြစ်တဲ့ ဂျော့ချ်အိတ်ချ် ဒဗလျူဘုရှ်နဲ့ ဂျော့ချ်ဒဗလျူဘုရှ်တို့ ငါးဦးက သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ နိုင်ငံသားတွေကို ထောက်ခံတဲ့အနေနဲ့ တက္ကဆက်ပြည်နယ် ကောလိပ်စတေရှင်းမြို့ ရိ့ဒ်အားကစားရုံထဲမှာ ကျင်းပတဲ့ One American Appeal ရန်ပုံငွေဂီတ ဖျော်ဖြေပွဲကို လာရောက်ပူးပေါင်း ရပ်တည်ခဲ့ကြတာပါ။

သတင်းဌာနတွေရဲ့ သမ္မတဒေါ်နယ်ထရမ့် ဖိတ်ကြားခံရခြင်း ရှိ မရှိဆိုတဲ့ မေးခွန်းတွေကိုတော့ အိမ်ဖြူတော်က မဖြေဆိုခဲ့ပါဘူး။

ရန်ပုံငွေရှာပွဲကို စတင်ခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က စရင် ငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၃၁ သန်း ကောက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။

သမ္မတဟောင်း ၅ ဦးက ဘာကြောင့် သူတို့ ဒီပွဲကို လာရောက်ပူးပေါင်းထောက်ခံကြသလဲဆိုတာကို ရှင်းပြထားပါတယ်။

“ယခင်သမ္မတဟောင်းတွေအနေနဲ့ ကျနော်တို့ရဲ့ နိုင်ငံသားတွေ ပြန်လည်ထူထောင်နိုင်လာဖို့ ကျနော်တို့တွေ ကူညီချင်တယ်” လို့ မစ္စတာ အိုဘားမားက ပြောလိုက်ပါတယ်။

ဂီတပွဲမတိုင်ခင် အမေရိကန်နိုင်ငံရဲ့ ၄၁ ဆက်မြောက် သမ္မတ ဂျော့ချ်အိတ်ချ်ဒဗလျူဘုရှ်က “ဒီဆိုးရွားတဲ့ မုန်တိုင်းဒဏ်ကိုခံရပြီး ပြန်လည်ထူထောင်ဖို့ လမ်းခရီးက ကြာရှည်မယ်၊ ထာဝရအတွက်ပဲလို့ ထင်နေသူတွေအတွက် ဒီတာဝေးခရီးရှည်ကြီးမှာ ကျနော်တို့က ခင်ဗျားတို့နဲ့ အတူရှိနေမယ်ဆိုတာ သိဖို့က အရေးကြီးပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒီဖျော်ဖြေပွဲကို သမ္မတဒေါ်နယ်ထရမ့် မတက်ရောက်ပေမယ့် ရုပ်သံပို့လိုက်ပြီး အမေရိကန်နိုင်ငံရဲ့ အကောင်းဆုံး ပြည်သူ့ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။

“ဒီလိုထူးခြားအံသြဖွယ် အားထုတ်မှုက ကျနော်တို့အားလုံးဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အမိုးအောက်မှာ ရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်ဆိုတာကို သတိပေးလိုက်တာပဲ။ ကျနော်တို့ရဲ့ တဦးနဲ့တဦးအပေါ် ထားရှိတဲ့ ကြီးမားတဲ့ မေတ္တာတရား အလေးထားမှု ကျနော်တို့ရဲ့ တန်ဖိုးတွေနဲ့ အားလုံးအတူတကွ စုစည်းညီညွတ်နေကြတယ်။”

ဂီတပွဲကို လေဒီဂါဂါ ဂီတဂရမ်မီဆု လေးကြိမ် ရရှိခဲ့တဲ့ လီလီလိုဗက်တို့ အပါအဝင် နာမည်ကျော် ကြယ်ပွင့်တွေ ပါဝင်ဖျော်ဖြေမယ်လို့ မေရာသတင်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။

Credit : DVB