Zawgyi ဖြင့်ဖတ်ရန်


 




Credit : Htoo

Unicode ဖြင့်ဖတ်ရန်

-၁၀ နှစ်သား ကလေးငယ် က ကား ခိုးယူ ပြီး မောင်နှင် ထွက်ပြေး ခြင်းကြောင့် ရဲတပ်ဖွဲ့ များ အလုပ် များခဲ့ရ

အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်မှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ယောက်က မိခင် ဖြစ်သူရဲ့ကား ကို ယူပြီး မောင်းနှင်ထွက်ပြေးခဲ့လို့ ရဲတပ်ဖွဲ့ဝင် များ အလွန်အလုပ်များခဲ့ရကြောင်း သိရပါသည်။

 

အဆိုပါ ကား ဟာ Toyota Avalon အမျိုးအစား ကားတစ်စင်းဖြစ်ပြီး ယင်း ကလေးငယ် ဟာ အိုဟိုင်းယိုး၊ မီလန်မှာ အလွန်လျှင်မြန်တဲ့အရှိန်နဲ့ တစ်နာရီလျှင်မိုင် ၁၀၀ နှုန်းအထိ မောင်းနှင်ခဲ့ပြီး ၁၅ မိုင်ပတ်လည် ဧရိယာ တစ်ခုအတွင်းမှာ ရဲတပ်ဖွဲ့ဝင်များက တစ်နာရီမပြည့်မီ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကလေးငယ် ဟာ ကားလမ်းဘေးမြက်ခင်းတွင်းမှ မောင်းနှင်ခဲ့ပြီး နောက်ဆုံး ရဲတပ်ဖွဲ့ဝင် ကား များက ဘေးတစ်ဖက်တစ်ချက်စီမှညှပ်လျှက် ဆိုင်းဘုတ်လမ်းညွှန်ပြားတစ်ခုကို တိုက်မိ၍ ရပ်တန့်သွားချိန်မှာ ဖမ်းဆီး ရရှိခဲ့ရာ ယင်း ကလေးငယ် ဟာ ရဲတပ်ဖွဲ့ဝင် များကို ပြန်လည်တိုက်ခိုက်ပြီး တံတွေးနဲ့ထွေးတဲ့အတွက် ရဲအချုပ်သို့ ခေတ္တ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဆိုပါ ကလေးငယ် ဟာ ဒီလို ကား မောင်းနှင်ထွက်ပြေးမှုမှာ နှစ်ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။

Credit : Htoo