ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေ နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးလာနေတဲ့ ရုပ်သံဗွီဒီယိုကို ကုလသမဂ္ဂ က ထုတ်ပြန်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း ပလောင်ခလီ ဧရိယာ အပေါ်ကနေ အောက်တိုဘာ ၁၆ ရက်နေ့က ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် ထဲမှာတော့ လှေတွေနဲ့ ရောက်ရှိလာတဲ့ ဒုက္ခသည် တွေဟာ ရေလွှမ်းမိုးနေတဲ့ ကွင်းပြင်တွေကို ဖြတ်ကျော်လမ်းလျှောက်နေတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ် အတွင်း ဈေးတွေ ပိတ်ထားပြီး အကူအညီတွေကို ကန့်သတ်ထားလို့ အစာရေစာ ငတ်မွတ်နေတာကြောင့် ထွက်ခွာလာရတာလို့ ဒုက္ခသည် တွေက ပြောပါတယ်။

“ကျနော်တို့ ရွာမှာ ဘာမှ စားစရာ မရှိတော့လို ကျနော်တို့ အိမ်တွေက ထွက်ပြေးခဲ့ကြတာ” လို့ အသက် ၂၈ နှစ်အရွယ်ရှိ ရိုဟင်ဂျာ အမျိုးသား ဂျာနီအာလောင်းက  ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ မနက်ပိုင်းက ရုပ်သံ ဗွီဒီယို ထဲမှာ တွေ့ရတဲ့ ဒုက္ခသည် တွေထဲက ပလောင်ခလီ တောင်ဘက် ကီလိုမီတာ အတော်ဝေးဝေးမှာ ဒုက္ခသည် အများအပြားကို သယ်ဆောင်လာတဲ့ လှေတစီး တိမ်းမှောက်သွားခဲ့လို့ လူအနည်းဆုံး ၁၂ ဦး သေဆုံးကာ လူ ၃၅ ဦး ပျောက်ဆုံးနေခဲ့ပြီး ၂၁ ဦး အသက်ရှင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောကြားထားပါတယ်။

နတ်မြစ်ကို ဖြတ်ကျော်ဖို့ ပိုက်ဆံ အများအပြား ပိုပေးတဲ့အတွက် ဒုက္ခသည်တွေ အလွန်အကျွံတင်ဆောင်လာခြင်းကြောင့် လှေနစ်မြုပ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။



Credit : DVB

 

Unicode ဖြင့်ဖတ်ရန်

ထောင်ချီ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးလာသည့် ရုပ်သံ ကုလထုတ်ပြန်

ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နတ်မြစ်ကိုု ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာနေတဲ့ ရုပ်သံဗွီဒီယိုကို ကုလသမဂ္ဂက ထုုတ်ပြန်လိုုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ပလောင်ခလီဧရိယာအပေါ်ကနေ အောက်တိုဘာ ၁၆ ရက်နေ့က ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ လှေတွေနဲ့ ရောက်ရှိလာတဲ့ ဒုုက္ခသည်တွေဟာ ရေလွှမ်းမိုုးနေတဲ့ ကွင်းပြင်တွေကို ဖြတ်ကျော်လမ်းလျှောက်နေတာ တွေ့ရပါတယ်။

 

ရခိုုင်ပြည်နယ်အတွင်း ဈေးတွေ ပိတ်ထားပြီး အကူအညီတွေကို ကန့်သတ်ထားလို့ အစာရေစာ ငတ်မွတ်နေတာကြောင့် ထွက်ခွာလာရတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

“ကျနော်တိုု့ ရွာမှာ ဘာမှ စားစရာ မရှိတော့လို ကျနော်တိုု့ အိမ်တွေက ထွက်ပြေးခဲ့ကြတာ” လို့ အသက် ၂၈ နှစ်အရွယ်ရှိ ရိုဟင်ဂျာ အမျိုးသား ဂျာနီအာလောင်းက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ မနက်ပိုင်းက ရုပ်သံဗွီဒီယိုထဲမှာ တွေ့ရတဲ့ ဒုက္ခသည်တွေထဲက ပလောင်ခလီ တောင်ဘက် ကီလိုမီတာအတော်ဝေးဝေးမှာ ဒုုက္ခသည် အများအပြားကို သယ်ဆောင်လာတဲ့ လှေတစီး တိမ်းမှောက်သွားခဲ့လို့ လူအနည်းဆုံုး ၁၂ ဦး သေဆုံုးကာ လူ ၃၅ ဦး ပျောက်ဆုံုးနေခဲ့ပြီး ၂၁ ဦး အသက်ရှင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုုင်တွေက ပြောကြားထားပါတယ်။

နတ်မြစ်ကို ဖြတ်ကျော်ဖိုု့ ပိုုက်ဆံ အများအပြား ပိုုပေးတဲ့အတွက် ဒုုက္ခသည်တွေ အလွန်အကျွံတင်ဆောင်လာခြင်းကြောင့် လှေနစ်မြုပ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် လူမျိုးသုဉ်း ဖယ်ရှားမှု ကျူးလွန်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို မြန်မာဘက်က ငြင်းပယ်ထားပြီး ARSA အကြမ်းဖက်သမားတွေက အရပ်သားတွေကို သတ်ဖြတ်ပြီး ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့က အာဆာ အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ ဒုက္ခသည် ၅ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Credit : DVB