Zawgyi ျဖင့္ဖတ္ရန္

မ်က္ႏွာ ခြဲစိတ္ အလွျပင္ တဲ့ နည္းပညာ တိုးတက္ထြန္းကားလာတာနဲ႔အမၽွ ကုန္က်စရိတ္ ကလည္း နည္းလာတဲ့အတြက္ အခုဆိုရင္ လူအေတာ္မ်ားမ်ား ခြဲစိတ္ ျပဳျပင္မွု လုပ္ဖို႔ လက္လွမ္းမိလာၾကပါတယ္။ သဘာဝအတိုင္း ၿပီးျပည့္စုံတဲ့ အလွဆိုတာမရွိတတ္တာမို႔ ကိုယ့္ရဲ့ မ်က္ႏွာ ေပၚက အားနည္းခ်က္ အစိတ္အပိုင္းေလးေတြကို ခြဲစိတ္ ျပဳျပင္မွု ေတြ ျပဳလုပ္တာ ေခတ္စားလာပါတယ္။

ဒီလိုျပဳျပင္လိုက္ၿပီ ဆိုတာနဲ႔ ကိုယ့္ရဲ့ မ်က္ႏွာ ဟာ အနည္းနဲ႔အမ်ားဆိုသလို ေျပာင္းလဲသြားတတ္ၿပီး ကိုယ္နဲ႔သိကၽြမ္းခင္မင္သူေတြေတာင္ မမွတ္မိသလို ျဖစ္တတ္ပါတယ္။ ဒိလိုအျဖစ္ပ်က္ေၾကာင့္ တ႐ုပ္ အမ်ိဳးသမီး သုံးဦးဟာ ေတာင္ကိုရီးယား ေလာေရာက္ မ်က္ႏွာ အလွ ျပဳျပင္ၿပီး အိမ္အျပန္ ခရီး၊ ကိုရီးယား ေလဆိပ္ မွာ ပိတ္မိေနခဲ့ပါတယ္။

ျပသနာ ကေတာ့ သူတို႔သုံးဦးစလုံးဟာ သူတို႔ရဲ့ နိုင္ငံကူး လက္မွတ္ ထဲက ဓါတ္ပုံ နဲ႔ လုံးဝမတူေတာ့တာေၾကာင့္ လူဝင္မွုႀကီးၾကပ္ေရးက ျဖတ္သန္းခြင့္မျပဳတာျဖစ္ပါတယ္။ အမ်ိဳးသမီး သုံးဦး ရဲ့ မ်က္ႏွာ ဟာ ခြဲစိတ္ ဒဏ္ေၾကာင့္ ဖူးေရာင္ေနၿပီး လည္ပင္းတစ္ဝိုက္မွာလည္း ပတ္တီး ေတြစည္းေႏွာင္ထားပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ နိုင္ငံကူး လက္မွတ္ ထဲက ပုံနဲ႔လုံးဝ ကြဲျပားေနတာျဖစ္ပါတယ္။ နိုင္ငံတစ္ကာ ဥပေဒ အရ ယခုလိုအေျခေနမ်ိဳးမွာ ထြက္ခြာခြင့္ျပဳလို႔ မရျခင္းျဖစ္ပါတယ္။

ယခုလို အျဖစ္ပ်က္မ်ိဳး မျဖစ္ေစရန္ ခြဲစိတ္ ျပဳျပင္ေပးေသာ ေဆး႐ုံ အေနနဲ႔ ခြဲစိတ္ ျပဳျပင္မွုခံယူထားေၾကာင္း အေထာက္အထား စာရြက္စာတမ္း ထုတ္ေပးရန္လိုေၾကာင္း ေဝဖန္ထားၾကပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကိုရီးယားမှာ မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် ဒုက္ခရောက်ခဲ့တဲ့ တရုပ်အမျိုးသမီး သုံးဦး

 

မျက်နှာခွဲစိတ်အလှပြင်တဲ့နည်းပညာ တိုးတက်ထွန်းကားလာတာနဲ့အမျှ ကုန်ကျစရိတ်ကလည်း နည်းလာတဲ့အတွက် အခုဆိုရင် လူအတော်များများ ခွဲစိတ်ပြုပြင်မှုလုပ်ဖို့ လက်လှမ်းမိလာကြပါတယ်။ သဘာဝအတိုင်း ပြီးပြည့်စုံတဲ့ အလှဆိုတာမရှိတတ်တာမို့ ကိုယ့်ရဲ့ မျက်နှာပေါ်က အားနည်းချက်အစိတ်အပိုင်းလေးတွေကို ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်တာ ခေတ်စားလာပါတယ်။

ဒီလိုပြုပြင်လိုက်ပြီ ဆိုတာနဲ့ ကိုယ့်ရဲ့မျက်နှာဟာ အနည်းနဲ့အများဆိုသလို ပြောင်းလဲသွားတတ်ပြီး ကိုယ်နဲ့သိကျွမ်းခင်မင်သူတွေတောင် မမှတ်မိသလို ဖြစ်တတ်ပါတယ်။ ဒိလိုအဖြစ်ပျက်ကြောင့် တရုပ်အမျိုးသမီး သုံးဦးဟာ တောင်ကိုရီးယား လောရောက် မျက်နှာအလှပြုပြင်ပြီး အိမ်အပြန်ခရီး၊ ကိုရီးယားလေဆိပ်မှာ ပိတ်မိနေခဲ့ပါတယ်။

ပြသနာကတော့ သူတို့သုံးဦးစလုံးဟာ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်ထဲက ဓါတ်ပုံနဲ့ လုံးဝမတူတော့တာကြောင့် လူဝင်မှုကြီးကြပ်ရေးက ဖြတ်သန်းခွင့်မပြုတာဖြစ်ပါတယ်။ အမျိုးသမီးသုံးဦးရဲ့ မျက်နှာဟာ ခွဲစိတ်ဒဏ်ကြောင့် ဖူးရောင်နေပြီး လည်ပင်းတစ်ဝိုက်မှာလည်း ပတ်တီးတွေစည်းနှောင်ထားပါတယ်။ ဒါကြောင့် သူတို့ဟာ နိုင်ငံကူးလက်မှတ်ထဲက ပုံနဲ့လုံးဝ ကွဲပြားနေတာဖြစ်ပါတယ်။ နိုင်ငံတစ်ကာ ဥပဒေအရ ယခုလိုအခြေနေမျိုးမှာ ထွက်ခွာခွင့်ပြုလို့ မရခြင်းဖြစ်ပါတယ်။

ယခုလို အဖြစ်ပျက်မျိုး မဖြစ်စေရန် ခွဲစိတ်ပြုပြင်ပေးသော ဆေးရုံအနေနဲ့ ခွဲစိတ်ပြုပြင်မှုခံယူထားကြောင်း အထောက်အထား စာရွက်စာတမ်း ထုတ်ပေးရန်လိုကြောင်း ဝေဖန်ထားကြပါတယ်။

Credit : popolay