Zawgyi ဖြင့်ဖတ်ရန်




လွန်ခဲ့သော လအနည်းခန့်က မုံရွာမြို့နယ် ကျောက္ကာ ကျေးရွာ အနီး ယာခင်းတောတစ်ကွက်အတွင်း ချစ်တင်းနှောနေသည့် တက္ကသိုလ် စုံတွဲ တစ်တွဲအား ချောင်းမြှောင်းကြည့်ရှု့သူ အုပ်စုဖွဲ့ လူငယ်တစ်စုက ၎င်းစုံတွဲအား ဓားထောက်ခြိမ်းခြောက်၍ ဆိုင်ကယ်၊ လက်စွပ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်များကို လုယူထွက်ပြေးခဲ့သည့် ဓားပြမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် တက္ကသိုလ်စုံတွဲများ ညအချိန် မတော် အမှောင်ရိပ်ခို ချိန်းဆိုချစ်တင်းနှောမည်ဆိုပါက အုပ်စုဖွဲ့ လူရမ်းကားများ၏ လက်ချက်ကြောင့် မလိုလားအပ်သော လုယက်မှု၊ လူသတ်မှုများ အပြင် မုဒိန်းမှုများ ဖြစ်ပွားပေါ်ပေါက်လာနိုင်သဖြင့် မုံရွာ နယ်မြေရဲစခန်း လှည့်ကင်း အဖွဲ့က ညစဉ်ညတိုင်းလိုလို ညအချိန် အမှောင်ရိပ်ခို ၍ ချစ်တင်းနှောနေကြသည့် တက္ကသိုလ် စုံတွဲ များအား လိုက်လံရှုင်းလင်းနေရခြင်းဖြစ်ကြောင်း သိရသည်။

Credit : apannpyay

Unicode ဖြင့်ဖတ်ရန်

ညအိပ် ညနေ ဆိုပါလား

တက္ကသိုလ်စုံတွဲအချို့ သာသနိကနယ်မြေများပေါ်သို့ကျူးကျော်ဝင်ရောက်၍ ညအိပ် ညနေ ချစ်တင်းနှောလာသဖြင့် လှည့်ကင်းရဲများက လိုက်လံရှင်းလင်းနေရ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကျောက္ကာလမ်းမကြီး၏ လမ်းဘေးဝဲယာရှိ သာသနိက နယ်မြေများပေါ်တွင် ညစဉ် ညတိုင်းလိုလို တက္ကသိုလ်ကျောင်းသား ကျောင်းသူစုံတွဲများမှာ ကျူကျော်ဝင်ရောက်၍ ညအိပ် ညနေ ချစ်တင်းနှောလာသဖြင့် မုံရွာနယ်မြေရဲစခန်း လှည့်ကင်းအဖွဲ့က လိုက်လံရှင်းလင်းနေရကြောင်း ရဲစခန်းမှူး ရဲအုပ် ရဲအောင်က အောက်တိုဘာ ၁၇ ရက် မနက် ၃ နာရီအချိန်က သတင်းထုတ်ပြန်လိုက်သည်။

အခုတော့ … အသိပညာပေးပြီး ၊ အဆောင်မှူး လက်ဝယ်နဲ့ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးတဲ့ အဆင့်မျိုးဘဲရှိပါတယ် .. နောက်ဆိုရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅ နဲ့ အရေးယူဆောင်ရွက်သွားမှာပါ .. ” ..ဟု ရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။

လွန်ခဲ့သော လအနည်းခန့်က မုံရွာမြို့နယ် ကျောက္ကာကျေးရွာအနီး ယာခင်းတောတစ်ကွက်အတွင်း ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲ တစ်တွဲအား ချောင်းမြှောင်းကြည့်ရှုု့သူ အုပ်စုဖွဲ့ လူငယ်တစ်စုက ၎င်းစုံတွဲအား ဓားထောက်ခြိမ်းခြောက်၍ ဆိုင်ကယ်၊ လက်စွပ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်များကို လုယူထွက်ပြေးခဲ့သည့် ဓားပြမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် တက္ကသိုလ်စုံတွဲများ ညအချိန်မတော် အမှောင်ရိပ်ခို ချိန်းဆိုချစ်တင်းနှောမည်ဆိုပါက အုပ်စုဖွဲ့ လူရမ်းကားများ၏ လက်ချက်ကြောင့် မလိုလားအပ်သော လုယက်မှု၊ လူသတ်မှုများ အပြင် မုဒိန်းမှုများ ဖြစ်ပွားပေါ်ပေါက်လာနိုင်သဖြင့် မုံရွာနယ်မြေရဲစခန်း လှည့်ကင်းအဖွဲ့က ညစဉ်ညတိုင်းလိုလို ညအချိန် အမှောင်ရိပ်ခို၍ ချစ်တင်းနှောနေကြသည့် တက္ကသိုလ်စုံတွဲများအား လိုက်လံရှှုင်းလင်းနေရခြင်းဖြစ်ကြောင်း သိရသည်။

Credit : apannpyay