Zawgyi ျဖင့္ဖတ္္ရန္

ရန္ကုန္ၿမိဳ ႕ရဲ႕အထင္ကရေနရာတစ္ခုျဖစ္ၿပီး ျမန္မာ႐ိုးရာ ယဥ္ေက်းမႈ လက္ရာ ေတြ၊ အဖိုးတန္ ကြၽန္းသစ္ ေတြနဲ႔ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက တည္ေဆာက္ထားတဲ့ Kandawgyi Palace Hotel ႀကီးကေတာ့ ဘာမွမက်န္ေတာ့ေလာက္ေအာင္ မီးေလာင္ ပ်က္စီး သြားခဲ့ပါၿပီ။ မီးေလာင္ ရတဲ့ အေၾကာင္းအရင္းကိုေတာ့ လက္ရွိအခ်ိန္မွာ တိတိက်က် မသိရေသးသလို ဒီမီးေလာင္မႈအေပၚ အမ်ားစုက ႏွေမ်ာတသျဖစ္ေနၾကရတာပါ။ မီးေလာင္မႈ ျဖစ္စဥ္မျဖစ္ခင္မွာ ကန္ေတာ္ႀကီးေဟာ္တယ္ရဲ႕ ေျမေအာက္ထပ္က The Clubhouse မွာေတာ့ LUCID အမည္ရ Trance Music ပါတီတစ္ခုကို က်င္းပေနခဲ့တာပါ။ အဲ့ဒီပြဲမွာ Double U ေခၚ ဒီေဂ်ဝိုင္း လည္း ပါဝင္ခဲ့ၿပီး သူကလည္း သူေတြ႕ႀကဳံခဲ့ရတဲ့ အေတြ႕အႀကဳံကို သူ႔ရဲ႕ေဖ့ဘုတ္စာမ်က္ႏွာကတစ္ဆင္ အခုလိုပဲ ေျပာျပခဲ့ပါတယ္။
ပထမဦးစြာ Hotel ႏွင့္ ဝန္ထမ္းမ်ား , ၿပီးေနာက္ Clubhouse ႏွင့္ ဝန္ထမ္းမ်ား , ထို႔ေနာက္ ကြၽန္ေတာ္တို႔ရဲ႕ Lucid ပြဲေလး… အားလုံးအတြက္စိတ္မေကာင္းေၾကာင္း။
ကြၽန္ေတာ္တို႔ပြဲလုပ္တဲ့ကလပ္က Basement ထဲမွာပါ။ မီးကေတာ့ ဟိုး အေပၚထပ္က အခန္းေတြ အလွဆင္ထားတဲ့ မုဒ္ဦးႀကီးေတြေပၚကေနေလာင္တာလို႔ထင္တာပဲ။ ကလပ္ကလူေတြအားလုံးေဘးကင္းပါတယ္။ Lucid ပြဲဟာ ၂၀၁၆ အလြန္မွာ ျမန္မာႏိုင္ငံမွာ လုပ္တဲ့ ဒုတိယေျမာက္ ရွားရွားပါးပါး လူစည္ၿပီးလူညီတဲ့ Trance ပြဲပါ။ ဒီတေခါက္ ေအာင္ျမင္ရင္ Clubhouse နဲ႔ တျခား Lucid Series ေတြ ထပ္လုပ္ၿပီး Trance အျပင္ House,Techno စစ္စစ္ေတြကို လူေတြပိုႀကိဳက္လာေအာင္ ပိုအသက္သြင္းမယ္လို႔ စီစဥ္ထားၾကခဲ့တာ။ ညတုန္းကလဲ Trance ပြဲက ေအာင္ျမင္ၿပီး ပြဲသိမ္းဖို႔ မိနစ္ 30 ေလာက္အလိုမွ ဟိုတယ္အေပၚဘက္မွာမထင္မွတ္ထားတာေတြျဖစ္ခဲ့တာ။
ကြၽန္ေတာ္ဆိုရင္ လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္ေလာက္တည္းက ဘယ္သူမွမႀကိဳက္ေလာက္ပါဘူးထင္ၿပီး လက္လႊတ္ထားခဲ့တဲ့ Trance ပြဲေလးအခုျပန္လုပ္တာ မထင္ထားေလာက္ေအာင္အရမ္းမိုက္ေနလို႔ ေပ်ာ္ၿပီး ၃နာရီဆက္တိုက္မတ္တပ္ရပ္ၿပီး သီခ်င္းဖြင့္ေနတုန္း Manager ကတက္လာၿပီး အေပၚထပ္မွာ မီးေလာင္ ေနတယ္ သီခ်င္း ပိတ္လိုက္ေတာ့လို႔ေျပာေတာ့ သာမာန္ မီးသတ္ေဆးဘူးေလာက္နဲ႔ ျဖန္းၿပီးျငႇိမ္းလို႔ရတဲ့ Minor ေလာက္ေလးေလာင္တယ္ထင္ , ဟိုတယ္ကလူေတြကအစိုးရိမ္လြန္ၿပီး သီခ်င္းလာပိတ္ခိုင္းတယ္ထင္လို႔ စိတ္ထဲတမ်ိဳးျဖစ္ေနတာ သိပ္ေတာင္ပိတ္ခ်င္ဘူး , ကလပ္ ထဲက လူေတြအကုန္ထြက္သြားၿပီး ကြၽန္ေတာ္ ရယ္ , DJ Nan Htike ရယ္ အရွည္ႀကီးရယ္ ၃ ေယာက္ပဲက်န္ခဲ့တယ္။
ကြၽန္ေတာ္ဆို ေပါ့ေသးေသးပဲေလာင္တယ္ထင္ၿပီး Toilet ထဲမွာေတာင္အေစာင့္နဲ႔စကားေျပာေနလိုက္ေသးတယ္။ ၿပီးေတာ့မွသူတို႔ပါ ေျပးထြက္ၾကေတာ့မွ Headphone ေတြ Stick ဘူးေတြလိုက္သိမ္း DJ စက္ေတြကတေယာက္တည္း မႏိုင္ေတာ့ အေပၚမွာေလာင္တဲ့မီးက ေသးတယ္အခ်ိန္တန္ ၿငိမ္းသြားမယ္ထင္ၿပီး ေနာက္ေန႔ ေအးေဆးမွ လာယူမယ္ဆိုၿပီး အားလုံးေတာ့ ေျပာၿပီးပါဝါေတြပိတ္ၿပီး ထားခဲ့တာ။ DJ စင္ေပၚတင္ထားတဲ့ ေၾကာင္မဲ ရယ္ ကြၽန္ေတာ္ ရယ္ နန္းထိုက္ရယ္ အရွည္ႀကီးရယ္ အျပင္ေရာက္ေတာ့မွ…. ေခါင္းေပၚမွာေရာ ေလေပၚမွာေရာ မီးစေတြက ဟိုးအေပၚေလာင္တဲ့ ေနရာေတြကေန ႏွင္းေတြၾကသလိုက်ေနတာ။ ကြၽန္ေတာ္ ရယ္ ဟိုတယ္ မွာတည္းေနတဲ့ ကြၽန္ေတာ့္ဆရာရယ္ ကိုခန႔္ရယ္ ကားသုံးစီး က မီးေလာင္ ေနတဲ့ မုဒ္ဦးေအာက္မွာရပ္ထားတာ။ ကားစီအျမန္ေျပးသြားေတာ့ လွမ္းေအာၿပီးတားၾကတယ္။ မတက္ႏိုင္ဘူး။ မီးပြါးေတြၾကားထဲ က ကားစီ အျမန္ေျပး ကာေပၚတက္စက္အျမန္ႏႈိးၿပီး ေမာင္းထြက္လာတာ။ ကိုခန႔္ Ferarri လဲ ထြက္လာႏိုင္တယ္ေျပာတယ္ ေနာက္ဆုတ္ရင္းေတာ့တိုက္မိတယ္ၾကားတယ္။
ကြၽန္ေတာ့္ဆရာကား က်န္ခဲ့တယ္။ မနက္သူဖုန္းျပန္ဆက္ေတာ့ ကားဘာမွမျဖစ္ေၾကာင္းေတာ့ ေျပာသြားတယ္။ ဟိုတယ္မွာတည္းတဲ့ဧည့္သည္ေတြကို Chartrium နဲ႔ Rose Garden မွာ ေျပာင္းထားေပးတယ္လို႔ေျပာတယ္။ အဆင္ေျပတယ္ၾကားရေတာ့ ဝမ္းသာပါတယ္။LUCID ကေတာ့ Trance သံစဥ္ ေတြနဲ႔ လူေတြနားထဲအေရာက္ရင္ထဲထည့္ေပးႏိုင္ၿပီးအားလုံးရဲ႕ရင္ထဲမွာေအာင္ျမင္ခဲ့ပါတယ္။
ဘယ္သူပိုင္တဲ့ဟာပဲျဖစ္ျဖစ္ အႏုပညာ လက္ရာေျမာက္တဲ့ အရမ္းလွတဲ့ 5 Star Hotel , ကြၽန္ေတာ္ တို႔ရင္ထဲက သီခ်င္း ေတြအတြက္လုပ္ခ်င္တာေတြလုပ္ခြင့္ရေတာ့မယ့္ အရမ္း Exclusive ျဖစ္တဲ့Club နဲ႔ LUCID ပြဲ တခုလုံးအတြက္ လာမဲ့ Upcoming Show ေတြအတြက္ စိတ္မေကာင္းတာေတာ့ အားလုံးပါပဲ။
ဝမ္းနည္းျခင္းမ်ားစြာျဖင့္
ဆိုၿပီး Yan Naung Soe (Double U ရဲ႕ Facebook) မွာ ေရးခဲ့တာပါ။

Credit : momolay 

 

 

Unicode ဖြင့်ဖတ်ရန်

မီးလောင်တဲ့အချိန် ကလပ်ထဲဒီဂျေတီးနေမိတဲ့ ဒီဂျေဝိုင်းရဲ့ အတွေ့အကြုံ

 

ရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်ပြီး မြန်မာရိုးရာယဉ်ကျေးမှုလက်ရာတွေ၊ အဖိုးတန်ကျွန်းသစ်တွေနဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ဆောက်ထားတဲ့ Kandawgyi Palace Hotel ကြီးကတော့ ဘာမှမကျန်တော့လောက်အောင် မီးလောင်ပျက်စီးသွားခဲ့ပါပြီ။ မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ လက်ရှိအချိန်မှာ တိတိကျကျ မသိရသေးသလို ဒီမီးလောင်မှုအပေါ် အများစုက နှမျောတသဖြစ်နေကြရတာပါ။ မီးလောင်မှုဖြစ်စဉ်မဖြစ်ခင်မှာ ကန်တော်ကြီးဟော်တယ်ရဲ့ မြေအောက်ထပ်က The Clubhouse မှာတော့ LUCID အမည်ရ Trance Music ပါတီတစ်ခုကို ကျင်းပနေခဲ့တာပါ။ အဲ့ဒီပွဲမှာ Double U ခေါ် ဒီဂျေဝိုင်းလည်း ပါဝင်ခဲ့ပြီး သူကလည်း သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကတစ်ဆင် အခုလိုပဲ ပြောပြခဲ့ပါတယ်။
ပထမဦးစွာ Hotel နှင့် ဝန်ထမ်းများ , ပြီးနောက် Clubhouse နှင့် ဝန်ထမ်းများ , ထို့နောက် ကျွန်တော်တို့ရဲ့ Lucid ပွဲလေး… အားလုံးအတွက်စိတ်မကောင်းကြောင်း။
ကျွန်တော်တို့ပွဲလုပ်တဲ့ကလပ်က Basement ထဲမှာပါ။ မီးကတော့ ဟိုး အပေါ်ထပ်က အခန်းတွေ အလှဆင်ထားတဲ့ မုဒ်ဦးကြီးတွေပေါ်ကနေလောင်တာလို့ထင်တာပဲ။ ကလပ်ကလူတွေအားလုံးဘေးကင်းပါတယ်။ Lucid ပွဲဟာ ၂၀၁၆ အလွန်မှာ မြန်မာနိုင်ငံမှာ လုပ်တဲ့ ဒုတိယမြောက် ရှားရှားပါးပါး လူစည်ပြီးလူညီတဲ့ Trance ပွဲပါ။ ဒီတခေါက် အောင်မြင်ရင် Clubhouse နဲ့ တခြား Lucid Series တွေ ထပ်လုပ်ပြီး Trance အပြင် House,Techno စစ်စစ်တွေကို လူတွေပိုကြိုက်လာအောင် ပိုအသက်သွင်းမယ်လို့ စီစဉ်ထားကြခဲ့တာ။ ညတုန်းကလဲ Trance ပွဲက အောင်မြင်ပြီး ပွဲသိမ်းဖို့ မိနစ် 30 လောက်အလိုမှ ဟိုတယ်အပေါ်ဘက်မှာမထင်မှတ်ထားတာတွေဖြစ်ခဲ့တာ။
ကျွန်တော်ဆိုရင် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်တည်းက ဘယ်သူမှမကြိုက်လောက်ပါဘူးထင်ပြီး လက်လွှတ်ထားခဲ့တဲ့ Trance ပွဲလေးအခုပြန်လုပ်တာ မထင်ထားလောက်အောင်အရမ်းမိုက်နေလို့ ပျော်ပြီး ၃နာရီဆက်တိုက်မတ်တပ်ရပ်ပြီး သီချင်းဖွင့်နေတုန်း Manager ကတက်လာပြီး အပေါ်ထပ်မှာမီးလောင်နေတယ် သီချင်းပိတ်လိုက်တော့လို့ပြောတော့ သာမာန် မီးသတ်ဆေးဘူးလောက်နဲ့ ဖြန်းပြီးငြှိမ်းလို့ရတဲ့ Minor လောက်လေးလောင်တယ်ထင် , ဟိုတယ်ကလူတွေကအစိုးရိမ်လွန်ပြီး သီချင်းလာပိတ်ခိုင်းတယ်ထင်လို့ စိတ်ထဲတမျိုးဖြစ်နေတာ သိပ်တောင်ပိတ်ချင်ဘူး , ကလပ်ထဲက လူတွေအကုန်ထွက်သွားပြီး ကျွန်တော်ရယ် , DJ Nan Htike ရယ် အရှည်ကြီးရယ် ၃ ယောက်ပဲကျန်ခဲ့တယ်။
ကျွန်တော်ဆို ပေါ့သေးသေးပဲလောင်တယ်ထင်ပြီး Toilet ထဲမှာတောင်အစောင့်နဲ့စကားပြောနေလိုက်သေးတယ်။ ပြီးတော့မှသူတို့ပါ ပြေးထွက်ကြတော့မှ Headphone တွေ Stick ဘူးတွေလိုက်သိမ်း DJ စက်တွေကတယောက်တည်း မနိုင်တော့ အပေါ်မှာလောင်တဲ့မီးက သေးတယ်အချိန်တန် ငြိမ်းသွားမယ်ထင်ပြီး နောက်နေ့ အေးဆေးမှ လာယူမယ်ဆိုပြီး အားလုံးတော့ ပြောပြီးပါဝါတွေပိတ်ပြီး ထားခဲ့တာ။ DJ စင်ပေါ်တင်ထားတဲ့ ကြောင်မဲရယ် ကျွန်တော်ရယ် နန်းထိုက်ရယ် အရှည်ကြီးရယ် အပြင်ရောက်တော့မှ…. ခေါင်းပေါ်မှာရော လေပေါ်မှာရော မီးစတွေက ဟိုးအပေါ်လောင်တဲ့ နေရာတွေကနေ နှင်းတွေကြသလိုကျနေတာ။ ကျွန်တော် ရယ် ဟိုတယ်မှာတည်းနေတဲ့ ကျွန်တော့်ဆရာရယ် ကိုခန့်ရယ် ကားသုံးစီး က မီးလောင်နေတဲ့ မုဒ်ဦးအောက်မှာရပ်ထားတာ။ ကားစီအမြန်ပြေးသွားတော့ လှမ်းအောပြီးတားကြတယ်။ မတက်နိုင်ဘူး။ မီးပွါးတွေကြားထဲ က ကားစီ အမြန်ပြေး ကာပေါ်တက်စက်အမြန်နှိုးပြီး မောင်းထွက်လာတာ။ ကိုခန့် Ferarri လဲ ထွက်လာနိုင်တယ်ပြောတယ် နောက်ဆုတ်ရင်းတော့တိုက်မိတယ်ကြားတယ်။
ကျွန်တော့်ဆရာကား ကျန်ခဲ့တယ်။ မနက်သူဖုန်းပြန်ဆက်တော့ ကားဘာမှမဖြစ်ကြောင်းတော့ ပြောသွားတယ်။ ဟိုတယ်မှာတည်းတဲ့ဧည့်သည်တွေကို Chartrium နဲ့ Rose Garden မှာ ပြောင်းထားပေးတယ်လို့ပြောတယ်။ အဆင်ပြေတယ်ကြားရတော့ ဝမ်းသာပါတယ်။LUCID ကတော့ Trance သံစဉ်တွေနဲ့ လူတွေနားထဲအရောက်ရင်ထဲထည့်ပေးနိုင်ပြီးအားလုံးရဲ့ရင်ထဲမှာအောင်မြင်ခဲ့ပါတယ်။
ဘယ်သူပိုင်တဲ့ဟာပဲဖြစ်ဖြစ် အနုပညာလက်ရာမြောက်တဲ့ အရမ်းလှတဲ့ 5 Star Hotel , ကျွန်တော်တို့ရင်ထဲကသီချင်းတွေအတွက်လုပ်ချင်တာတွေလုပ်ခွင့်ရတော့မယ့် အရမ်း Exclusive ဖြစ်တဲ့Club နဲ့ LUCID ပွဲ တခုလုံးအတွက် လာမဲ့ Upcoming Show တွေအတွက် စိတ်မကောင်းတာတော့ အားလုံးပါပဲ။
ဝမ်းနည်းခြင်းများစွာဖြင့်
ဆိုပြီး Yan Naung Soe (Double U ရဲ့ Facebook) မှာ ရေးခဲ့တာပါ။

 

Credit : momolay