Zawgyi ျဖင့္ဖတ္္ရန္

 

ပုိင္ဂီ လုိ႔ အမည္ရတဲ့ အသက္ 4 ႏွစ္အရြယ္ သမီးေလး ဟာ ဦးေႏွာက္အႀကိတ္ေရာဂါေၾကာင့္ အသက္ ရွင္သန္ဖုိ႔ တစ္ပတ္သာ က်န္ရွိေတာ့တဲ့ အေနအထား ျဖစ္ပါတယ္။ ပိုင္ဂီ က်န္းမာစဥ္က သူမရဲ႕ အျဖစ္ခ်င္ဆုံး ဆႏ ၵဟာ အေဖ နဲ႔ အေမ တုိ႔ မဂၤလာပဲြွ မွာ ပန္းက်ဲတဲ့သူ ျဖစ္ခ်င္တာပါဘဲ။

 

တကယ္ေတာ့ ပုိင္ဂီ ရဲ႕ မိဘ ေတြျဖစ္တဲ့ ဂ်က္ေကာ့ နဲ႔ တန္နီယာ တုိ႔ဟာ လာမယ့္ႏွစ္မွ မဂၤလာပြဲ ဆင္ႏႊဲဖုိ႔ ျပင္ဆင္ထားခဲ့တာပါ။ ဒါေပမယ့္ ပုိင္ဂီရဲ႕ ကာလရွည္ ေခါင္းကိုက္ေရာဂါဟာ ဦးေႏွာက္ အႀကိတ္ေၾကာင့္ ျဖစ္တယ္ဆုိတာ သိၿပီးေနာက္ပိုင္း သမီးေလးရဲ႕ ဆႏၵကုိ ျဖည့္ဆည္းေပးဖုိ႔ ႀကိဳးစားခဲ့ပါတယ္။

 

အခုေတာ့ ပိုင္ဂီ ဟာ အိပ္ယာ ထက္မွာ လွဲေနရတဲ့ အေနအထားကုိ ေရာက္ေနၿပီျဖစ္ၿပီး အေဖအေမတုိ႔ရဲ႕ မဂၤလာပြဲမွာ သူမရဲ႕ ပန္းက်ဲ မင္းသမီးေလး ျဖစ္ခ်င္တဲ့ ဆႏၵ ကေတာ့ ႏုိးထေနဦးမယ္လုိ႔ မိဘ ေတြက ယုံၾကည္ ပါတယ္။ ဒါေၾကာင့္လည္း နီးစပ္ရာ မိတ္သဂၤဟ ေတြကို ဖိတ္ၾကားၿပီး လက္ထပ္ပြဲ ဆင္ႏႊဲခဲ့ၾကပါတယ္။ ပုံေတြထဲမွာ ျမင္ေတြ႕ရတဲ့ အတုိင္း ပိုင္ဂီဟာ သူမရဲ႕ အေဖ အေမ နဲ႔အတူ ညီမေလး အီမုိဂန္တုိ႔ ၿခံရံၿပီး တြန္းလွည္းေလးေပၚမွာ ပန္းပြင့္ဖက္ ကေလးေတြ ထည့္ထားတဲ့ျခင္းေတာင္းေလးနဲ႔ အလြန္လွပေနပါတယ္။ ပန္းက်ဲ မယ့္ ပန္း နတ္သမီးေလးကေတာ့ အိပ္ေပ်ာ္ေနဆဲပါဘဲ။ ဒီအေျခအေနဟာ ဂ်က္ေကာ့နဲ႔ ဇနီးသည္တုိ ႔အတြက္ေတာ့ အလြန္ရင္နာစရာ အေျခအေနပါ။ သူတုိ႔ သမီးဟာ မၾကာမီ လူ႕ေလာကႀကီးက ထြက္ခြာသြားေတာ့မွာေလ။

 

သူတုိ႔ လက္ထပ္ပြဲ ဆင္ႏႊဲခဲ့ရာ ေနရာကလည္း ပို္င္ဂီ ကုသမႈခံယူေနတဲ့ ၾသစေတးလွ် ကြီးစ္လန္းမွာတည္ရွိတဲ့ Lady Cilento Children’s Hospital ေဆး႐ုံ မွာ ျဖစ္ပါတယ္။ မဂၤလာပြဲ ဟာ ရယ္ေမာသံ တစ္လြင္လြင္ ၾကားရမယ့္အစား၊ ေဆြးမ်ိဳးသားခ်င္းေတြရဲ႕ ယူႀကဳံးမရ ငုိခ်င္းသံေလးေတြကိုသာ ၾကားေနရပါေတာ့တယ္။

Credut  :www.cantwiat2say.com

 

Unicode ဖြင့်ဖတ်ရန်

အသက်ရှင်ဖို့ တစ်ပတ်သာကျန်တော့တဲ့ သမီးလေးရဲ့ နောက်ဆုံး ဆႏၵ

ပိုင်ဂီလို့ အမည်ရတဲ့ အသက် 4 နှစ်အရွယ် သမီးလေးဟာ ဦးနှောက်အကြိတ်ရောဂါကြောင့် အသက် ရှင်သန်ဖို့ တစ်ပတ်သာ ကျန်ရှိတော့တဲ့ အနေအထား ဖြစ်ပါတယ်။ ပိုင်ဂီကျန်းမာစဉ်က သူမရဲ့ အဖြစ်ချင်ဆုံး ဆန္ဒဟာ အဖေနဲ့ အမေတို့ မင်္ဂလာပွဲှမှာ ပန်းကျဲတဲ့သူ ဖြစ်ချင်တာပါဘဲ။

 

တကယ်တော့ ပိုင်ဂီရဲ့ မိဘတွေဖြစ်တဲ့ ဂျက်ကော့နဲ့ တန်နီယာတို့ဟာ လာမယ့်နှစ်မှ မင်္ဂလာပွဲ ဆင်နွှဲဖို့ ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမယ့် ပိုင်ဂီရဲ့ ကာလရှည် ခေါင်းကိုက်ရောဂါဟာ ဦးနှောက်အကြိတ်ကြောင့် ဖြစ်တယ်ဆိုတာ သိပြီးနောက်ပိုင်း သမီးလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားခဲ့ပါတယ်။

အခုတော့ ပိုင်ဂီဟာ အိပ်ယာထက်မှာ လှဲနေရတဲ့ အနေအထားကို ရောက်နေပြီဖြစ်ပြီး အဖေအမေတို့ရဲ့ မင်္ဂလာပွဲမှာ သူမရဲ့ ပန်းကျဲမင်းသမီးလေး ဖြစ်ချင်တဲ့ ဆန္ဒကတော့ နိုးထနေဦးမယ်လို့ မိဘတွေက ယုံကြည်ပါတယ်။ ဒါကြောင့်လည်း နီးစပ်ရာ မိတ်သင်္ဂဟတွေကို ဖိတ်ကြားပြီး လက်ထပ်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။ ပုံတွေထဲမှာ မြင်တွေ့ရတဲ့ အတိုင်း ပိုင်ဂီဟာ သူမရဲ့ အဖေအမေနဲ့အတူ ညီမလေး အီမိုဂန်တို့ ခြံရံပြီး တွန်းလှည်းလေးပေါ်မှာ ပန်းပွင့်ဖက်ကလေးတွေ ထည့်ထားတဲ့ခြင်းတောင်းလေးနဲ့ အလွန်လှပနေပါတယ်။ ပန်းကျဲမယ့် ပန်းနတ်သမီးလေးကတော့ အိပ်ပျော်နေဆဲပါဘဲ။ ဒီအခြေအနေဟာ ဂျက်ကော့နဲ့ ဇနီးသည်တို့အတွက်တော့ အလွန်ရင်နာစရာ အခြေအနေပါ။ သူတို့ သမီးဟာ မကြာမီ လူ့လောကကြီးက ထွက်ခွာသွားတော့မှာလေ။

သူတို့ လက်ထပ်ပွဲဆင်နွှဲခဲ့ရာ နေရာကလည်း ပိုင်ဂီ ကုသမှုခံယူနေတဲ့ သြစတေးလျှ ကွီးစ်လန်းမှာတည်ရှိတဲ့ Lady Cilento Children’s Hospital ဆေးရုံမှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲဟာ ရယ်မောသံ တစ်လွင်လွင် ကြားရမယ့်အစား၊ ဆွေးမျိုးသားချင်းတွေရဲ့ ယူကြုံးမရ ငိုချင်းသံလေးတွေကိုသာ ကြားနေရပါတော့တယ်။

Credut  :www.cantwiat2say.com