Zawgyi ျဖင့္ဖတ္ရန္
က်ေနာ္ ဟာ အမရပူရျမိဳ႕ မဟာဂႏၶာရံုေက်ာင္းေတာင္ဘက္ေတာင္ေလးလံုးေက်ာင္း(ဥဴးပညာသီတင္းသံုးခဲ႔သည့္ေက်ာင္း) ရဲ႕အေနာက္ဘက္“ေအာင္ျခင္းရွစ္ပါးေက်ာင္း”မွာ သကၤန္းဝတ္ခဲ႔တဲ႔ အခ်ိန္တုန္းက ၾကားခဲ႔ရတဲ႔ အျဖစ္အပ်က္ေလးပါ ။ အဲ႔ဒိေက်ာင္းရဲ႕အေနာက္ဘက္မွာေတာ့ “လင္းဇင္းကုန္း” ဆိုတဲ႔ ယိုးဒယား သခ်ဳိင္း ရွိတယ္ ။အခုေတာ့ အဲ႔ဒိေနရာကို ပန္းျခံလုပ္ဖို႔ စီမံကိန္းဆြဲေနပါတယ္။ က်ေနာ္သကၤန္းဝတ္တုန္းကအထိေတာ့ အဲဒိ သခ်ဳိင္း ကို အသံုးျပဳၾကပါေသးတယ္…..အဲဒိသခ်ဳိင္းရဲ႕ အေနာက္ဘက္ရပ္ကြက္မွာ ေနၾကတဲ႔ ကေလးေတြဟာ “ဆုေတာင္းျပည့္ေက်ာင္း”က ဘုန္းေတာ္ႀကီးေတြသင္တဲ႔ “ဘကေက်ာင္း”မွာ တက္ၾကပါတယ္…..အဲဒိ ဆုေတာင္းျပည့္ ေက်ာင္း ဆိုတာ မဟာဂႏၶာရံုေက်ာင္းတိုက္ႀကီးရဲ႕ အေနာက္ေတာင္ေတာင့္မွာ ကပ္လ်ွက္ရွိပါတယ္။

ဒါေၾကာင့္မို႔ အဲဒိရပ္ကြက္ကကေလးေတြဟာ“လင္းဇင္းကုန္း”သခ်ိဳင္း ကို ျဖတ္သြားရပါတယ္ …..ဒါေပမယ့္ ေၾကာက္စရာေတာ့မရွိပါဘူး……ဘာေၾကာင့္လဲဆို လူသြားလူလာလည္း မျပတ္ရွိေနတာက တေၾကာင္း …. ျပီးေတာ့ ဒီနားတဝိုက္မွာ ႀကီးျပင္းလာတာကေၾကာင္းဆိုေတာ့ ..ဒီသခ်ဳိင္းဟာ ေၾကာက္စရာပံုစံျဖစ္မေနပဲ မ်က္စိယဥ္နားယဥ္ေနၾကပါၿပီ
… က်ေနာ္တို႔ေတာင္ မနက္ ၄ခြဲေလာက္ထၿပီး ဘံုဆြမ္းေလာင္းတိုးဖို႔ ဒီသခ်ဳိင္းကို ခဏခဏျဖတ္ေနရတာပဲ …ဒါေပမယ့္ … တစ္ေန႕ေတာ့ ညေန ေစာင္းအခ်ိန္ေလးေပါ့ ….အဲဒိရပ္ကြက္က ၄ တန္းေက်ာင္းသားေလးတစ္ေယာက္ဟာ ….“ဘက”ေက်ာင္းကေနျပန္လာတယ္ … အဲဒီေန႔က သူဟာစာမရလို႔ ျပန္ခ်ိန္ ေနာက္က်ေနတာျဖစ္တယ္ …. ။

တစ္ျခားေက်ာင္းသားေတြက ျပန္ကုန္ၾကၿပီဆိုေတာ့ အေဖာ္ကမရွိေတာ့ဘူးေပါ့ …. ေနေတာင္ဝင္စျပဳေနၿပီ …ဒါေပမယ့္သူကေတာ့ ထံုးစံအတိုင္း ဒီသခ်ဳိင္းကို ျဖတ္ေနက်မို႔ ျဖတ္ျပန္လာခဲ႔တာေပါ့ …. အဲဒိသခ်ဳိင္းမွာ အေလာင္းကို ဂူတည္တဲ႔သူတည္တယ္ ….မီးသၿဂိဳဟ္တဲ႔သူလည္း မီးသင္းၿဂိဳဟ္ၾကတယ္ ….ဂူမတည္ မီးသင္းမၿဂိဳဟ္ပဲ ေျမ့ျမဳွပ္တဲ႔သူေတြလည္း ရွိတယ္ … ေျမျမွဳပ္တဲ႔အခါ က်င္းကို နက္နက္မတူးၾကဘူး ….တစ္ေတာင္ခြဲ နွစ္ေတာင္ေလာက္ပဲတူးၾကတာ ….အဲဒီေတာ့ ေျမးျမွဳပ္ၿပီးလို႔႔ မိုးရြာလိုက္ရင္ ေျမသားေတြက ေအာက္ကိုကြ်န္ၾကၿပီး အေလာင္းေကာင္ရဲ႕ေျခ ေတြ လက္ေတြဟာ …..ေျမသားေပၚမွာ ေခါေခါႀကီးထြက္ေနတတ္ၾကတယ္ ….တစ္ခါတစ္ေလဆို ေခါင္းရိုးေဖြးေဖြးေတာင္ေပၚေနတတ္ေသး …၄တန္းေက်ာင္းသားေလးဟာ အေလာင္း ေတြေျမျမွဳပ္တဲ႔အနားသို႔ ေရာက္လာတယ္…. မိုးေလးက အရင္ေန႔ေတြကရြာထားေတာ့ က်ေနာ္ေျပာတဲ႔အတိုင္း အေလာင္း ရဲ႕ေျခေတြလက္ေတြဟာ အျပင္မွာ ေခါထြက္ေနၾကတယ္ ….. အဲဒိ အေလာင္း ကလည္း ကေလးအေလာင္းကို ျမွဳပ္ထားတဲ႔ဟာတဲ႔ ၄တန္းေက်ာင္းသားေလးက အဲဒိကေလးအေလာင္း ေျမျမွဳပ္ ထားတဲ႔ေဘးကေန ေလ်ွာက္လာတယ္…

ေျမသားေပၚမွာ လႈပ္လႈပ္ျဖစ္ေနတာကို အဲဒိေလးတန္းသားကေလးက လွည့္ၾကည့္လိုက္မိတယ္ ….. ေျမသားေပၚက အရုိးေခါေခါ လက္ကေလးဟာ သူ႕ကို လက္ယက္ေခၚေနတယ္ …. ရုတ္တရက္ေတာ့ ကေလးကေၾကာင္ၾကည့္ေနၿပီး ေနာက္မွ လန္႔ဖ်တ္ကာ အိမ္ကို  ဒုန္းစိုင္းေျပးေတာ့တာေပါ့ ….အိမ္ေရာက္ေတာ့ ကေလးက အရမ္းေမာေနတယ္ စကားေတာင္မေျပာနိုင္ပဲ အေဖ အေမ ေတြက ဘာျဖစ္တာလဲလို႔ ေမးေတာ့ သင္ခ်ဳိင္းဘက္ကို လက္ညွိဳးပဲညြန္ျပႏိုင္ေတာ့တယ္ … အရိုးေျခာက္က သူ႕ကိုလက္ယက္ေခၚတဲ႔အေၾကာင္း ေျပာျပေပမယ့္ မိဘေတြက သိပ္မယံုဘူး ညေရာက္ေတာ့ ကေလးကဖ်ားတယ္ မိဘေတြကလည္း သာမန္အဖ်ားဆိုျပီး မဟာဂႏၶာရံုအေနာက္ဘက္က ေဆးရံု မွာ သြားျပၾကတယ္ ဆရာဝန္က နွလံုးခုန္အရမ္းျမန္လြန္းတယ္တဲ႔ … သူတို႔ဆီမွာ စက္ပစၥည္းအစံုမရွိလို႔ မႏၲေလး ေဆးရံု ႀကီးကို သြားဖို႔ေျပာတယ္ ….. ဒါနဲ႔ သူတို႔ဟာ မႏၲေလးေဆးရံုႀကီးကို သြားၾကတာေပါ့ …ဒါေပမယ့္ ေဆးရံုႀကီးကို မေရာက္ခင္လိုက္ပါဘူး …..လမ္းမွာတင္ ကေလးအသက္ေပ်ာက္သြားပါတယ္

အမွန္တကယ္က သူတို႔ ပေယာဂ ဆရာ တစ္ေယာက္ေယာက္နဲ႔ ျပၾကည့္မယ္ဆိုရင္ ကေလးအသက္ရွင္နိုင္ေလာက္တယ္လို႔ …..က်ေနာ္ ေတြးလိုက္မိေသးတယ္ ဒါေပမယ့္ ကေလး ရဲ႕ကံၾကမၼာ ကလည္း ဖန္လာလို႔ မိဘေတြက တေစၧ သရဲေတြကို အယံုအၾကည္မရွိ ျဖစ္ေနတာကိုး မယံုမရွိၾကပါနဲ႔ နာနာဘာဝဆိုတာ မျမင္ရေပမယ့္ ပတ္ဝန္းက်င္မွာ ရွိေနတတ္တယ္ ….. အားငယ္တတ္သူ ကေလးေတြ မိန္းခေလး ေတြကို သူတို႔ဟာေျခာက္လွန္႔ၿပီး သူတို႔ကို ပသ တင္မယ့္မုန္႔ပဲသေရစာ အစားအစာေတြကို ေစာင့္ေမွ်ာ္ေနတတ္ပါတယ္ …. သူတို႔ကို မပသ မတင္ရင္ေတာ့ လူကိုလုပ္ေတာ့တာပဲ. . . .

Credit: Lin Lin

Unicode ဖြင့်ဖတ်ရန်

လက်ယက်ခေါ်တဲ့ လူသေလောင်း

 

ကျနော်ဟာ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတောင်ဘက်တောင်လေးလုံးကျောင်း(ဥူးပညာသီတင်းသုံးခဲ့သည့်ကျောင်း) ရဲ့အနောက်ဘက်“အောင်ခြင်းရှစ်ပါးကျောင်း”မှာ သင်္ကန်းဝတ်ခဲ့တဲ့ အချိန်တုန်းက ကြားခဲ့ရတဲ့ အဖြစ်အပျက်လေးပါ ။ အဲ့ဒိကျောင်းရဲ့အနောက်ဘက်မှာတော့ “လင်းဇင်းကုန်း” ဆိုတဲ့ ယိုးဒယားသချိုင်းရှိတယ် ။အခုတော့ အဲ့ဒိနေရာကို ပန်းခြံလုပ်ဖို့ စီမံကိန်းဆွဲနေပါတယ်။ ကျနော်သင်္ကန်းဝတ်တုန်းကအထိတော့ အဲဒိသချိုင်းကို အသုံးပြုကြပါသေးတယ်…..အဲဒိသချိုင်းရဲ့ အနောက်ဘက်ရပ်ကွက်မှာ နေကြတဲ့ ကလေးတွေဟာ “ဆုတောင်းပြည့်ကျောင်း”က ဘုန်းတော်ကြီးတွေသင်တဲ့ “ဘကကျောင်း”မှာ တက်ကြပါတယ်…..အဲဒိဆုတောင်းပြည့်ကျောင်းဆိုတာ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရဲ့ အနောက်တောင်တောင့်မှာ ကပ်လျှက်ရှိပါတယ်။

ဒါကြောင့်မို့ အဲဒိရပ်ကွက်ကကလေးတွေဟာ“လင်းဇင်းကုန်း”သချိုင်း ကို ဖြတ်သွားရပါတယ် …..ဒါပေမယ့် ကြောက်စရာတော့မရှိပါဘူး……ဘာကြောင့်လဲဆို လူသွားလူလာလည်း မပြတ်ရှိနေတာက တကြောင်း …. ပြီးတော့ ဒီနားတဝိုက်မှာ ကြီးပြင်းလာတာကကြောင်းဆိုတော့ ..ဒီသချိုင်းဟာ ကြောက်စရာပုံစံဖြစ်မနေပဲ မျက်စိယဉ်နားယဉ်နေကြပါပြီ
… ကျနော်တို့တောင် မနက် ၄ခွဲလောက်ထပြီး ဘုံဆွမ်းလောင်းတိုးဖို့ ဒီသချိုင်းကို ခဏခဏဖြတ်နေရတာပဲ …ဒါပေမယ့် … တစ်နေ့တော့ ညနေ စောင်းအချိန်လေးပေါ့ ….အဲဒိရပ်ကွက်က ၄ တန်းကျောင်းသားလေးတစ်ယောက်ဟာ ….“ဘက”ကျောင်းကနေပြန်လာတယ် … အဲဒီနေ့က သူဟာစာမရလို့ ပြန်ချိန် နောက်ကျနေတာဖြစ်တယ် …. ။

တစ်ခြားကျောင်းသားတွေက ပြန်ကုန်ကြပြီဆိုတော့ အဖော်ကမရှိတော့ဘူးပေါ့ …. နေတောင်ဝင်စပြုနေပြီ …ဒါပေမယ့်သူကတော့ ထုံးစံအတိုင်း ဒီသချိုင်းကို ဖြတ်နေကျမို့ ဖြတ်ပြန်လာခဲ့တာပေါ့ …. အဲဒိသချိုင်းမှာ အလောင်းကို ဂူတည်တဲ့သူတည်တယ် ….မီးသဂြိုဟ်တဲ့သူလည်း မီးသင်းဂြိုဟ်ကြတယ် ….ဂူမတည် မီးသင်းမဂြိုဟ်ပဲ မြေ့မြုှပ်တဲ့သူတွေလည်း ရှိတယ် … မြေမြှုပ်တဲ့အခါ ကျင်းကို နက်နက်မတူးကြဘူး ….တစ်တောင်ခွဲ နှစ်တောင်လောက်ပဲတူးကြတာ ….အဲဒီတော့ မြေးမြှုပ်ပြီးလို့ မိုးရွာလိုက်ရင် မြေသားတွေက အောက်ကိုကျွန်ကြပြီး အလောင်းကောင်ရဲ့ခြေ တွေ လက်တွေဟာ …..မြေသားပေါ်မှာ ခေါခေါကြီးထွက်နေတတ်ကြတယ် ….တစ်ခါတစ်လေဆို ခေါင်းရိုးဖွေးဖွေးတောင်ပေါ်နေတတ်သေး …၄တန်းကျောင်းသားလေးဟာ အလောင်းတွေမြေမြှုပ်တဲ့အနားသို့ ရောက်လာတယ်…. မိုးလေးက အရင်နေ့တွေကရွာထားတော့ ကျနော်ပြောတဲ့အတိုင်း အလောင်းရဲ့ခြေတွေလက်တွေဟာ အပြင်မှာ ခေါထွက်နေကြတယ် ….. အဲဒိအလောင်းကလည်း ကလေးအလောင်းကို မြှုပ်ထားတဲ့ဟာတဲ့ ၄တန်းကျောင်းသားလေးက အဲဒိကလေးအလောင်းမြေမြှုပ်ထားတဲ့ဘေးကနေ လျှောက်လာတယ်…

မြေသားပေါ်မှာ လှုပ်လှုပ်ဖြစ်နေတာကို အဲဒိလေးတန်းသားကလေးက လှည့်ကြည့်လိုက်မိတယ် ….. မြေသားပေါ်က အရိုးခေါခေါ လက်ကလေးဟာ သူ့ကို လက်ယက်ခေါ်နေတယ် …. ရုတ်တရက်တော့ ကလေးကကြောင်ကြည့်နေပြီး နောက်မှ လန့်ဖျတ်ကာ အိမ်ကို ဒုန်းစိုင်းပြေးတော့တာပေါ့ ….အိမ်ရောက်တော့ ကလေးက အရမ်းမောနေတယ် စကားတောင်မပြောနိုင်ပဲ အဖေ အမေတွေက ဘာဖြစ်တာလဲလို့ မေးတော့ သင်ချိုင်းဘက်ကို လက်ညှိုးပဲညွန်ပြနိုင်တော့တယ် … အရိုးခြောက်က သူ့ကိုလက်ယက်ခေါ်တဲ့အကြောင်း ပြောပြပေမယ့် မိဘတွေက သိပ်မယုံဘူး ညရောက်တော့ ကလေးကဖျားတယ် မိဘတွေကလည်း သာမန်အဖျားဆိုပြီး မဟာဂန္ဓာရုံအနောက်ဘက်က ဆေးရုံမှာ သွားပြကြတယ် ဆရာဝန်က နှလုံးခုန်အရမ်းမြန်လွန်းတယ်တဲ့ … သူတို့ဆီမှာ စက်ပစ္စည်းအစုံမရှိလို့ မန္တလေး ဆေးရုံကြီးကို သွားဖို့ပြောတယ် ….. ဒါနဲ့ သူတို့ဟာ မန္တလေးဆေးရုံကြီးကို သွားကြတာပေါ့ …ဒါပေမယ့် ဆေးရုံကြီးကို မရောက်ခင်လိုက်ပါဘူး …..လမ်းမှာတင် ကလေးအသက်ပျောက်သွားပါတယ်

အမှန်တကယ်က သူတို့ ပယောဂဆရာတစ်ယောက်ယောက်နဲ့ ပြကြည့်မယ်ဆိုရင် ကလေးအသက်ရှင်နိုင်လောက်တယ်လို့ …..ကျနော် တွေးလိုက်မိသေးတယ် ဒါပေမယ့် ကလေးရဲ့ကံကြမ္မာကလည်း ဖန်လာလို့ မိဘတွေက တစ္ဆေ သရဲတွေကို အယုံအကြည်မရှိ ဖြစ်နေတာကိုး မယုံမရှိကြပါနဲ့ နာနာဘာဝဆိုတာ မမြင်ရပေမယ့် ပတ်ဝန်းကျင်မှာ ရှိနေတတ်တယ် ….. အားငယ်တတ်သူ ကလေးတွေ မိန်းခလေးတွေကို သူတို့ဟာခြောက်လှန့်ပြီး သူတို့ကို ပသ တင်မယ့်မုန့်ပဲသရေစာ အစားအစာတွေကို စောင့်မျှော်နေတတ်ပါတယ် …. သူတို့ကို မပသ မတင်ရင်တော့ လူကိုလုပ်တော့တာပဲ. . . .

Credit: Lin Lin