Zawgyi ျဖင့္ဖတ္ရန္

အိႏၵိယ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္ ဆရီကန္ေဘာ္လာသည္ အသက္ ၂၀ ေက်ာ္ အ႐ြယ္ တြင္ပင္ ေဒၚလာ ၇ ဒသမ ၅ သန္းေက်ာ္ တန္ဖိုး ရွိသည့္ ကုမၸဏီ ၏ ပိုင္ ရွင္ျဖစ္လာသည္။ အသက္ငယ္ငယ္ျဖင့္ ထိုမွ်ေအာင္ျမင္သည္မွာ အားက် ဖြယ္ ေကာင္းလွေသာ္လည္း ထိုထက္ အံ့ဩ ဖြယ္ေကာင္းသည့္အခ်က္က ရွိေနေသး သည္။ ယင္းမွာ ၎သည္ ေမြးရာပါ မ်က္မျမင္ ျဖစ္ေနျခင္းပင္ျဖစ္သည္။ ယခုအခါ ၎က ၎ကိုယ္၎ ကမာၻေပၚတြင္ ကံ အေကာင္းဆုံးလူသားဟု မွတ္ယူသည္။


ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ က်ိက်ိတက္ ခ်မ္းသာေသာေၾကာင့္ ၎ကိုယ္၎ ကံအေကာင္းဆုံးဟု မွတ္ယူျခင္းမဟုတ္၊ ၎ကို အၿမဲမျပတ္ စိတ္ ခြန္အား ေပးသည့္ မိဘ မ်ားအနီးတြင္ အစဥ္အၿမဲရွိေန၍ ပင္ ျဖစ္သည္။ ၎သည္ ေမြးရာပါ မ်က္မျမင္ ျဖစ္ေနၿပီး မိဘ မ်ားမွာလည္း တစ္ႏွစ္ပတ္ လုံးတြင္မွ ဝင္ေငြ ေဒၚလာ ၃၀၀ ခန႔္သာ ရသည့္ မိသားစုျဖစ္ေနသည္။ ထို႔ေၾကာင့္ ကေလးအား စြန႔္ပစ္ရန္ပတ္ဝန္းက်င္မွ လူမ်ားက ဝိုင္းတိုက္တြန္းခဲ့ၾကသည္။ သို႔ ေသာ္လည္း ၎မိဘမ်ားက စြန႔္ပစ္ မည့္ အစား ကေလးကို အေကာင္းဆုံးျပဳစုပ်ိဳး ေထာင္ၿပီး ခ်စ္ျခင္းေမတၱာအျပည့္အဝ ေပးခဲ့သည္။ စာအလြန္ထူးခြၽန္ေသာ္လည္း မ်က္မျမင္ျဖစ္သျဖင့္ အိႏၵိယ တကၠသိုလ္ တြင္ဝင္ခြင့္မရဘဲ ေနာက္ဆုံးတြင္မွ အေမ ရိကန္နည္းပညာ တကၠသိုလ္၌ ဝင္ခြင့္ရခဲ့ သည္။ ၎သည္ ပစၥည္းမ်ားကို ထုပ္ပိုးရာ တြင္သစ္႐ြက္ျဖင့္ ထုပ္ပိုးျခင္းႏွင့္ ျပန္သုံး စကၠဴမ်ားျဖင့္ ထုပ္ပိုးျခင္းတို႔ကို တီထြင္ ကာယင္းလုပ္ငန္းျဖင့္ ႀကီးပြားေအာင္ျမင္သြားျခင္းျဖစ္သည္။ ၎လုပ္ငန္းတြင္ လည္း မ်က္မျမင္ နွင့္ မသန္စြမ္းမ်ားကိုသာ ဦးစားေပးခန႔္ထားေၾကာင္း သိရသည္။

Credit : pyimyanmar

Unicode ဖြင့်ဖတ်ရန်

၂၄ နှစ်အရွယ် မျက်မမြင်က ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်လာ

အိန္ဒိယစွန့်ဦးတီထွင် လုပ်ငန်းရှင် ဆရီကန်ဘော်လာသည် အသက် ၂၀ ကျော်အရွယ်တွင်ပင် ဒေါ်လာ ၇ ဒသမ ၅ သန်းကျော်တန်ဖိုးရှိသည့်ကုမ္ပဏီ၏ ပိုင် ရှင်ဖြစ်လာသည်။ အသက်ငယ်ငယ်ဖြင့် ထိုမျှအောင်မြင်သည်မှာ အားကျဖွယ် ကောင်းလှသော်လည်း ထိုထက် အံ့ဩ ဖွယ်ကောင်းသည့်အချက်က ရှိနေသေး သည်။ ယင်းမှာ ၎င်းသည် မွေးရာပါ မျက် မမြင်ဖြစ်နေခြင်းပင်ဖြစ်သည်။ ယခုအခါ ၎င်းက ၎င်းကိုယ်၎င်း ကမ္ဘာပေါ်တွင် ကံ အကောင်းဆုံးလူသားဟု မှတ်ယူသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် ကျိကျိတက် ချမ်းသာသောကြောင့် ၎င်းကိုယ်၎င်း ကံအကောင်းဆုံးဟု မှတ်ယူခြင်းမဟုတ်၊ ၎င်းကို အမြဲမပြတ် စိတ်ခွန်အားပေးသည့် မိဘများအနီးတွင် အစဉ်အမြဲရှိနေ၍ ပင် ဖြစ်သည်။ ၎င်းသည် မွေးရာပါ မျက်မမြင် ဖြစ်နေပြီး မိဘများမှာလည်း တစ်နှစ်ပတ် လုံးတွင်မှ ဝင်ငွေ ဒေါ်လာ ၃၀၀ ခန့်သာ ရသည့် မိသားစုဖြစ်နေသည်။ ထို့ကြောင့် ကလေးအား စွန့်ပစ်ရန်ပတ်ဝန်းကျင်မှ လူများက ဝိုင်းတိုက်တွန်းခဲ့ကြသည်။ သို့ သော်လည်း ၎င်းမိဘများက စွန့်ပစ် မည့် အစား ကလေးကို အကောင်းဆုံးပြုစုပျိုး ထောင်ပြီး ချစ်ခြင်းမေတ္တာအပြည့်အဝ ပေးခဲ့သည်။ စာအလွန်ထူးချွန်သော်လည်း မျက်မမြင်ဖြစ်သဖြင့် အိန္ဒိယ တက္ကသိုလ် တွင်ဝင်ခွင့်မရဘဲ နောက်ဆုံးတွင်မှ အမေ ရိကန်နည်းပညာ တက္ကသိုလ်၌ ဝင်ခွင့်ရခဲ့ သည်။ ၎င်းသည် ပစ္စည်းများကို ထုပ်ပိုးရာ တွင်သစ်ရွက်ဖြင့် ထုပ်ပိုးခြင်းနှင့် ပြန်သုံး စက္ကူများဖြင့် ထုပ်ပိုးခြင်းတို့ကို တီထွင် ကာယင်းလုပ်ငန်းဖြင့် ကြီးပွားအောင်မြင်သွားခြင်းဖြစ်သည်။ ၎င်းလုပ်ငန်းတွင် လည်း မျက်မမြင်နှင့် မသန်စွမ်းများကိုသာ ဦးစားပေးခန့်ထားကြောင်း သိရသည်။

Credit : pyimyanmar