Zawgyi ဖြင့်ဖတ်ရန်
Credit : cantwait2say
Unicode ဖြင့်ဖတ်ရန်
ရှေးဟောင်းအီဂျစ်လူမျိုးတို့ရဲ့ ဒဏ္ဍာရီဆန်ပြီး ရူးသွပ်ဖို့ကောင်းသော အရာများ
အီဂျစ်အကြောင်းရယ်လို့ စပြီးပြောလိုက်မြင်လိုက်တဲ့ အခါမှာ စာဖတ်သူတို့ရဲ့ ခေါင်းထဲကိုအရင်ဦးဆုံး ရောက်လာတာ ဘာများပါလည်း။ပိရမစ်တွေပါဘဲ။ဟုတ်တယ်မဟုတ်လား။ဒါပေမယ့် ရှေးဟောင်းအီဂျစ်တွေက အဲ့ထက်အများကြီးပိုတဲ့ အရာတွေရှိနေပါသေးတယ်။ဒီအရာဟာ အအောင်မြင်ဆုံးသော အရာတွေထဲက အရာတစ်ခုဖြစ်ပြီးတော့ ပိုပြီးကြာကြာခံတဲ့ပြည်သူပြည်သားတွေရှိနေသေးတာပါဘဲ။ဒါကြောင့် စာဖတ်သူတို့ အနေနဲ့ အီဂျစ်လူမျိုးတွေနှင့်ပတ်သက်ပြီးတော့ ဗဟုသုတရစေဖို့အတွက် အောက်မှာထူးထူးဆန်းဆန်း အချက်လေးတွေကို ဖော်ပြလိုက်ရပါတယ်။
(၁) ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာ အလွန်ကို စိတ်ရှည်တဲ့ မျိုးရိုးကိုပိုင်ဆိုင်ထားတဲ့ လူတွေဖြစ်ပြီး ဆေးဖက်ဆိုင်ရာ ကိစ္စတွေမှာ အစီအစဉ်မကျနတဲ့ လူတွေဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင် Dwarfism (အသက်အရွယ်ရောက်သော်လည်း ကိုယ်ခန္ဓာမဖွံ့ဖြိုးသောလူမျိုးဟာဆိုရင် ပုံမှန်ပြောလို့ရတဲ့ ကိစ္စဖြစ်ပါတယ်။ သို့သော်လည်း Dwarfs တွေဟာ အလွန်ကို ရိုသေလေးစားတက်တဲ့ လူမျိုးတွေဖြစ်ပါတယ်။၂၁ရာစုနှစ်ရဲ့ အီဂျစ်ဘုရင် Amenemope ကတော့ ဒီကိစ္စဟာအသက်အရွယ်နှင့် ကျန်းမာရေးကို ဂရုစိုက်ပြီးပုံမမှန်တာဟာ ကိုယ်ကျင့်တရားရဲ့ တာဝန်ဖြစ်တယ်လို့ ရေးသားခဲ့ဖူးပါတယ်။
(၂) အီဂျစ်ဘုရင်တွေဟာ ဆိုရင် သတ္တုနှင့်ပြုလုပ်ထားတဲ့ မုတ်ဆိတ်မွှေးတွေကို ဝတ်ဆင်ကြပါတယ်။ဘာလို့ ဒီလိုဝတ်ဆင်ရတာလည်းဆိုတော့ အဲ့ဒီဘုရင်တွေဟာ နတ်ဘုရား Osiris ကရဲ့ ပုံပန်းသွင်ပြင်ကို အတုယူပြီး တော့ ဝတ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။
(၃) ရှေးဟောင်းအီဂျစ်အမျိုးသမီးတွေဟာ မိချောင်းချေးတွေကို ကလေးမွေးဖွားတဲ့ နေရာမှာ ထိန်းချုပ်ဖို့ အတွက် အသုံးပြုခဲ့ပါတယ်။၁၈၅၀ ဘီစီတုန်းက စာတမ်းတစ်ခုမှာဆိုရင် ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ ကိစ္စအကြောင်းကို ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ မိချောင်းရဲ့ မစင်ဟာဆိုရင် အယ်ကာလိုင်းအနည်းငယ် ပါဝင်ပြီး အဲ့ဒီ အယ်ကာလိုင်းဟာဆိုရင် ယခုခေတ်ပေါ် သန္ဓေတားဆေးတွေနှင့် အနည်းငယ်ဆင်တူပါတယ်။ဒါကြောင့် အီဂျစ်အမျိုးသမီးတွေ အလုပ်ဖြစ်ခဲ့ဟန်တူပါတယ်။
(၄) ရှေးဟောင်းအီဂျစ်လူမျိုးတွေမှာ မြောက်များလှစွာသော အတိတ်နိမိတ်ဖတ်ကြားမှု့တွေရှိပြီးတော့ အဲ့ဒီ ဖတ်ကြားမှု့တွေဟာဆိုရင် သင်္ချာနည်းပညာအရကော နက္ခဗေဒပညာပိုင်းဆိုင်ရာ ထက်မြက်မှု့တွေနှင့်ရော မှန်ကန်စွ တွက်ချက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီ နိမိတ်ဖတ်တာတွေကိုGiza ရဲ့ ပိရမစ်မှာ Orion ရဲ့ ခါးပတ်နှင့် အတူတူ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
(၅) ရှေးဟောင်းအီဂျစ်တွေနှင့် ပတ်သက်ပြီးတော့ အတော်ကို ထူးခြားဆန်းကြယ်တဲ့အချက်တွေ အများကြီး ရှိပါတယ်။ဥပမာပြောရရင် အချို့သော အီဂျစ်ဘုရင်တွေက သူတို့ရဲ့အစေခံတွေကို ပျားရည်တွေနှင့် ဖုံးပစ် ပြီးတော့ ယင်ကောင်တွေကို အဲ့ဒီမှာ ကပ်စေခဲ့ခြင်းအားဖြင့်ယင်ကောင်တွေဟာ အီဂျစ်ဘုရင်တွေကို အနှောက်အယှက်မပေးနိုင်တော့အောင်ပြုလုပ်ခဲ့ကြပါတယ်။
(၆) ရှေးဟောင်းအီဂျစ်ဘုရင်ဘုရင်တွေဟာ သူတို့ရဲ့ အားလပ်တဲ့ အချိန်တွေကို စိတ်ဝင်စားဖို့ကောင်းတဲ့ မြွေကစားနည်းကိုဆော့ရင်း ကုန်ဆုံးတက်ကြပါတယ်။အဆိုပါ မြွေကစားနည်းမှာနံပတ်တစ်ခုပါဝင်ပြီးတော့ “mehan” နှင့် “mancala” တို့လို (မြွေကစားနည်းတစ်မျိုး)ဖြစ်ပါတယ်။သို့သော်လည်း ပိုပြီးပေါ်ပြူလာဖြစ်တာ ကတော့ “Senet” လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ ရှေးအကျဆုံးသောဂိမ်းဘဲဖြစ်ပါတယ်။ခန့်မှန်းခြေအရ ၃၁၀၀ ဘီစီတုန်းက ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
(၇) ရောဂါကာကွယ်ဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းဖို့အတွက်နှင့် အသွင်အပြင်လက္ခဏာဟာဆိုရင် ရှေးဟောင်းအီဂျစ်လူမျိုးတို့အတွက် အလွန်အရေးကြီးတဲ့ အရာဖြစ်ပါတယ်။အမျိုးသားတွေက သူတို့ ခန္ဓာကိုယ် အနှံ့က အမွှေးတွေကို ရိတ်ကြပါတယ်။ပြီးတော့ အမျိုးသားတွေက ပန်းရနံ့နှင့် အနံ့မွှေးတဲ့ ရနံ့တွေကို အသုံးပြုရတာနှစ်သက်ကြပါတယ်။အဲ့ဒီအထဲကမှ အီဂျစ်ဘုရင်တွေကတော့ ပိုပြီး အနံ့မွှေးပါတယ်ဆိုတဲ့ ရေမွှေးတွေကို အသုံးပြုကြတာဖြစ်ပါတယ်။
(၈) နိုင်းမြစ်ဟာဆိုရင် အီဂျစ်လူမျိုးတို့ရဲ့ အကြီးကျယ်ဆုံးသော၊အရေးကြီးဆုံးသောအရာတစ်ခုဖြစ်ပြီးတော့ သူတို့တွေရဲ့ အဓိကရေအရင်းမြစ်ဖြစ်ပါတယ်။မြစ်ကရေတွေဟာအီဂျစ်သီလရှင်တွေရဲ့ လှုံ့ဆော်မှု့ကြောင့် စတင်စီးဆင်းခဲ့တယ်လို့ ထင်ရသော်လည်း သေဆုံးခြင်းကုန်းမြေ၊ကောင်းကင်ဘုံတွေကနေပြီးတော့ အီဂျစ်ပြည်တွင်းကို နောက်ဆုံး စီဆင်းခဲ့တာဖြစ်ပါတယ်။
(၉) ကလီယိုပတ်ထရာရဲ့ အပ်ပုံစံဟာဆိုရင် ၁၈၈၁ခုနှစ်တုန်းက အလက်ဇန္ဒားကနေ နယူးမြောက်ကို သယ်ယူလာတဲ့ရှေးဟောင်းအီဂျစ်လူမျိုးတို့ရဲ့ အထိမ်းအမှတ် လေးထောင့်ကျောက်တိုင်ပုံစံနှင့် အတူတူဘဲ ဖြစ်ပါတယ်။
(၁၀) ရှေးဟောင်းအီဂျစ်အမျိုးသမီးတွေဟာဆိုရင် အမျိုးသားတွေနှင့် ဝင်ရောက်သိမ်းပိုင်ခြင်းက လွဲပြီး အကုန်တူညီပါတယ်။အမျိုးသမီးတွေဟာ လက်ထပ်တာနှင့် ကွာရှင်းတာကို သူတို့စိတ်တိုင်းကျ လုပ်ဆောင် နိုင်ပြီးတော့ဘာအလုပ်ရှိမှ၊ဘာရာထူးရှိမှ၊သူတို့လိုချင်တဲ့ ဘယ်အရာကို ဝယ်ပေးနိုင်မှစတဲ့ အရာတွေနှင့် ပတ်သက်ပြီး သူတို့စိတ်တိုင်းကျပြုလုပ်နိုင်ပါတယ်။
(၁၁) ရှေးဟောင်းနာမည်ကျော် အီဂျစ်အရုပ်စာဟာဆိုရင် ကြည့်လိုက်ရင်တော့ အရမ်းကို အမြင်ကောင်း သော်လည်းဖန်တီးဖို့အတွက်ဆိုရင်တော့ အလွန်ကို အချိန်ယူရတာဖြစ်ပါတယ်။ဒါကြောင့် သူတို့တွေဟာ တကယ်ကို အရေးကြီးပါတယ်ဆိုတဲ့စကားလုံးတွေ(ဥပမာပြောရရင် အုတ်ဂူတွေရဲ့ အကြောင်းအရာကို ဖော်ပြတဲ့နေရာတွေမှာ) အသုံးပြုတာဖြစ်ပါတယ်။သာမန်စကားလုံးတွေကို ရိုးရှင်းတဲ့ အရုပ်စာတွေနဲ့သာ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
(၁၂) ကမ္ဘာပေါ်က လူအင်အားနှင့် ပြုလုပ်ခဲ့ကြတဲ့ နာမည်အကျော်ကြားဆုံးသော အရာတွေထဲက တစ်ခု ကတော့ Giza ပိရမစ်ဟာဆိုရင်ခန့်မှန်းခြေ ၂.၅သန်းသော ထုံးကျောက်တွေကိုအသုံးပြုပြီးတော့ ထုံးကျောက် တစ်တုံးရဲ့ အလေးချိန်ဟာဆိုရင် ၂.၆ တန်ရှိတာဖြစ်ပါတယ်။ပိရစ်တစ်ခုလုံးရဲ့ ထုထည်ဟာဆိုရင် တန်ချိန်ပေါင် ၆.၃သန်းကျော်ရှိတာဖြစ်ပါတယ်။
Credit : cantwait2say