Zawgyi ျဖင့္ဖတ္ရန္

 

တိမ္စြဲျခင္း ဟာ မ်က္လံုး ဆိုင္ရာ ေရာဂါ ေတြထဲမွာ အျဖစ္မ်ားဆံုး ေရာဂါ တစ္မ်ိဳး ျဖစ္ပါတယ္ ။ မ်ားေသာအားျဖင့္ အသက္ ၆၀ေက်ာ္ လူၾကီးေတြမွာ ပိုျပီး အျဖစ္မ်ားတတ္ပါတယ္ ။ တိမ္စြဲျခင္း က မ်က္လံုး ကြယ္ျခင္းရဲ႕ အဓိကအက်ဆံုး အေၾကာင္းအရင္းလို႔လည္း သိခဲ့ရပါတယ္ ။ ေန႔စဥ္ မုန္လာဥနီ ေဖ်ာ္ရည္ ေသာက္သုံုးျခင္းက မ်က္စိ ေရာဂါ ေတြအတြက္ အေကာင္းဆံုး ၾကိဳတ င္ကာကြယ္နည္း နွင့္ ကုသနည္း ဆိုတာ အားလံုးသိရွိျပီး ျဖစ္မွာပါ ။ တိမ္စြဲျခင္းအတြက္ ခြဲစိတ္ကုသမႈ ခံယူရေလာက္တဲ့အထိ မဆိုးရြားေသာ အေနအထားမ်ိဳးဆိုလွ်င္ေတာ့ ေအာက္ပါ အိမ္တြင္းကုထံုးေတြက ထိေရာက္သက္သာေစမွာပါ။

၁။ဟင္းနုႏြယ္ အရည္

ဟင္းနုႏြယ္ တြင္ပါဝင္ေသာ lutein နွင့္ zeaxanthin ေခၚ ဓါတ္တိုး ဆန္႔က်င္ဓါတ္ ေတြဟာ မ်က္လံုး က်န္းမာေရး အတြက္ ေကာင္းမြန္ေစျပီး ေနေရာင္ျခည္ေၾကာင့္ ျဖစ္ေသာ မ်က္လံုး ထိခိုက္မႈေတြကုိလည္း မ်ားစြာ ေလွ်ာ့ခ်ေပးနိုင္ပါတယ္ ။ ဟင္းနုႏြယ္ ၁စည္းကို အရြက္ေျခြျပီး ေျပာင္စင္ေအာင္ ေဆးေၾကာသန္႔စင္ပါ ။ ျပီးလွ်င္ အိုးထဲသို႔ ေရ၁ဖန္ခြက္ထည့္ျပီး အရင္ဆံုး ဆူပြက္ေအာင္တည္ပါ ။ ေရဆူလာလွ်င္ ေျခြထားေသာ ဟင္းနုႏြယ္ ရြက္မ်ားကို ထည့္ျပီး ၁၀မိနစ္ခန္႔ ဆူပြက္ေနေအာင္ ထားပါ ။ ထို႔ေနာက္ ဟင္းနုႏြယ္အေရာင္ ေျပာင္းသြားတာကို ျမင္ရမည္ျဖစ္ျပီး ေၾကညက္သြားေအာင္ ဇြန္းျဖင့္ ေခ်လိုက္ပါ ။ အေအးခံျပီးလွ်င္ ဇကာျဖင့္ဆစ္ကာ အရည္ကိုညွစ္ယူရမွာပါ ။ ထို ဟင္းနုႏြယ္ရည္ ကို တစ္ေန႔ ၃ၾကိမ္ေသာက္သံုးျခင္ျဖင့္ ၁လအတြင္း မ်က္လံုး တိမ္ျဖစ္ျခင္းကို သက္သာလာေစမွာပါ ။

၂။ green tea လက္ဖက္ေျခာက္

Green Tea တြင္လည္း antioxidant မ်ား ေပါၾကြယ္ဝျပီး တိမ္စြဲျခင္း ၊ မ်က္စိမႈန္ျခင္း စသျဖင့္ မ်က္လံုးနွင့္ ပတ္သက္ေသာ ေရာဂါမ်ားကို သက္သာေစနိုင္စြမး္ ရွိပါတယ္ ။ ဒါ့အျပင္ မ်က္လံုးတိမ္စြဲျခငး္ကိုလည္း ၾကိဳတင္ကာကြယ္ေပးပါတယ္ ။ ဒီကုထံုးအတြက္ green tea လက္ဖက္ေျခာက္ ၊ ပ်ားရည္ ၊ သံပုရာရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္းခန္႔စီ နွင့္ ေရ ၁ခြက္ လိုအပ္ပါတယ္ ။ ပထမဦးစြာ ေရတစ္ခြက္ကို အိုးထဲသို႔ထည့္ျပီး မီးနည္္းနည္းျဖင့္ အပူေပးပါ ။ ထို႔ေနာက္ green tea လက္ဖက္ေျခာက္ကို ထည့္ျပီး အခ်ိန္အနည္းငယ္ၾကာ ဆူပြက္ေအာင္ ထားပါ ။ ထို႔ေနာက္ မီးဖို ေပၚမွ ခ်ျပီး အဖံုးဖံုးကာ ၅မိနစ္ခန္႔ ထားလိုက္ပါ ။ ေရေႏြးအေရာင္ ေျပာင္းလဲသြားျပီဆိုလ်ွင္ ပ်ားရည္နွင့္ သံပုယိုရည္ကို ထည့္ျပီး ေမႊျပီး ေသာက္သံုးလို႔ ရပါျပီ ။ တစ္ေန႔ ၂ၾကိမ္ ပံုမွန္ေသာက္သံုးေပးလွ်င္ မ်က္လံုး နွင့္ပတ္သက္ေသာ ေရာဂါမ်ားမွ ကင္းေဝးျပီး အျမင္အာရံုကုိလည္း ပိုမိုေကာင္းမြန္ေစမွာပါ ။

၃။ဂ်င္း၊ၾကက္သြန္နီ နွင္ ့သံပုယိုသီး

ေဖာ္ျပပါ ပါဝင္ပစၥည္း ၃မ်ိဳး ကို ဆတူအခ်ိဳးအဆအတိုင္း အရည္ညွစ္ျပီး ပုလင္းတစ္ခုထဲထည့္ကာ ေမႊလိုက္ပါ ။ ထုိအရည္ကို တိမ္ျဖစ္ေနေသာ မ်က္လံုး တြင္းသို႔ မ်က္စဥ္းခတ္ေပးပါ ။ တစ္ေန႔တစ္ခါ ခတ္ေပးရမည္ျဖစ္ျပီး တစ္ခါခတ္လွ်င္ တစ္စက္သာ ခ်ေပးပါ ။ က်န္ေသာ အရည္ မ်ားကို ေရခဲေသတၱာ တြင္းထည့္ကာ သိမ္းထားပါ ။

 

Credit : ရွှေအင်းလေး

 

Unicode ဖြင့်ဖတ်ရန်

မျက်လုံးတိမ်စွဲခြင်းကို ပျောက်ကင်းသက်သာစေမယ့် နည်းလမ်းများ

 

တိမ်စွဲခြင်းဟာ မျက်လုံးဆိုင်ရာ ရောဂါတွေထဲမှာ အဖြစ်များဆုံး ရောဂါတစ်မျိုး ဖြစ်ပါတယ် ။ များသောအားဖြင့် အသက် ၆၀ကျော် လူကြီးတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ် ။ တိမ်စွဲခြင်းက မျက်လုံးကွယ်ခြင်းရဲ့ အဓိကအကျဆုံး အကြောင်းအရင်းလို့လည်း သိခဲ့ရပါတယ် ။ နေ့စဉ် မုန်လာဥနီဖျော်ရည် သောက်သုံးခြင်းက မျက်စိရောဂါတွေအတွက် အကောင်းဆုံး ကြိုတင်ကာကွယ်နည်း နှင့် ကုသနည်းဆိုတာ အားလုံးသိရှိပြီး ဖြစ်မှာပါ ။ တိမ်စွဲခြင်းအတွက် ခွဲစိတ်ကုသမှု ခံယူရလောက်တဲ့အထိ မဆိုးရွားသော အနေအထားမျိုးဆိုလျှင်တော့ အောက်ပါ အိမ်တွင်းကုထုံးတွေက ထိရောက်သက်သာစေမှာပါ။

၁။ဟင်းနုနွယ်အရည်

ဟင်းနုနွယ်တွင်ပါဝင်သော lutein နှင့် zeaxanthin ခေါ် ဓါတ်တိုးဆန့်ကျင်ဓါတ်တွေဟာ မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပြီး နေရောင်ခြည်ကြောင့် ဖြစ်သော မျက်လုံးထိခိုက်မှုတွေကိုလည်း များစွာ လျှော့ချပေးနိုင်ပါတယ် ။ ဟင်းနုနွယ် ၁စည်းကို အရွက်ခြွေပြီး ပြောင်စင်အောင် ဆေးကြောသန့်စင်ပါ ။ ပြီးလျှင် အိုးထဲသို့ ရေ၁ဖန်ခွက်ထည့်ပြီး အရင်ဆုံး ဆူပွက်အောင်တည်ပါ ။ ရေဆူလာလျှင် ခြွေထားသော ဟင်းနုနွယ်ရွက်များကို ထည့်ပြီး ၁၀မိနစ်ခန့် ဆူပွက်နေအောင် ထားပါ ။ ထို့နောက် ဟင်းနုနွယ်အရောင် ပြောင်းသွားတာကို မြင်ရမည်ဖြစ်ပြီး ကြေညက်သွားအောင် ဇွန်းဖြင့် ချေလိုက်ပါ ။ အအေးခံပြီးလျှင် ဇကာဖြင့်ဆစ်ကာ အရည်ကိုညှစ်ယူရမှာပါ ။ ထိုဟင်းနုနွယ်ရည်ကို တစ်နေ့ ၃ကြိမ်သောက်သုံးခြင်ဖြင့် ၁လအတွင်း မျက်လုံး တိမ်ဖြစ်ခြင်းကို သက်သာလာစေမှာပါ ။

၂။ green tea လက်ဖက်ခြောက်

Green Tea တွင်လည်း antioxidant များ ပေါကြွယ်ဝပြီး တိမ်စွဲခြင်း ၊ မျက်စိမှုန်ခြင်း စသဖြင့် မျက်လုံးနှင့် ပတ်သက်သော ရောဂါများကို သက်သာစေနိုင်စွမ်း ရှိပါတယ် ။ ဒါ့အပြင် မျက်လုံးတိမ်စွဲခြင်းကိုလည်း ကြိုတင်ကာကွယ်ပေးပါတယ် ။ ဒီကုထုံးအတွက် green tea လက်ဖက်ခြောက် ၊ ပျားရည် ၊ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်စီ နှင့် ရေ ၁ခွက် လိုအပ်ပါတယ် ။ ပထမဦးစွာ ရေတစ်ခွက်ကို အိုးထဲသို့ထည့်ပြီး မီးနည်းနည်းဖြင့် အပူပေးပါ ။ ထို့နောက် green tea လက်ဖက်ခြောက်ကို ထည့်ပြီး အချိန်အနည်းငယ်ကြာ ဆူပွက်အောင် ထားပါ ။ ထို့နောက် မီးဖိုပေါ်မှ ချပြီး အဖုံးဖုံးကာ ၅မိနစ်ခန့် ထားလိုက်ပါ ။ ရေနွေးအရောင် ပြောင်းလဲသွားပြီဆိုလျှင် ပျားရည်နှင့် သံပုယိုရည်ကို ထည့်ပြီး မွှေပြီး သောက်သုံးလို့ ရပါပြီ ။ တစ်နေ့ ၂ကြိမ် ပုံမှန်သောက်သုံးပေးလျှင် မျက်လုံးနှင့်ပတ်သက်သော ရောဂါများမှ ကင်းဝေးပြီး အမြင်အာရုံကိုလည်း ပိုမိုကောင်းမွန်စေမှာပါ ။

၃။ဂျင်း၊ကြက်သွန်နီ နှင့်သံပုယိုသီး

ဖော်ပြပါ ပါဝင်ပစ္စည်း ၃မျိုးကို ဆတူအချိုးအဆအတိုင်း အရည်ညှစ်ပြီး ပုလင်းတစ်ခုထဲထည့်ကာ မွှေလိုက်ပါ ။ ထိုအရည်ကို တိမ်ဖြစ်နေသော မျက်လုံးတွင်းသို့ မျက်စဉ်းခတ်ပေးပါ ။ တစ်နေ့တစ်ခါ ခတ်ပေးရမည်ဖြစ်ပြီး တစ်ခါခတ်လျှင် တစ်စက်သာ ချပေးပါ ။ ကျန်သော အရည်များကို ရေခဲသေတ္တာတွင်းထည့်ကာ သိမ်းထားပါ ။

 

Credit : ရွှေအင်းလေး