Zawgyi ျဖင့္ဖတ္ရန္

 

လြန္ခဲ႔တဲ႔ တလ ေလာက္က က်ေနာ့ အမ်ိဳးသမီး ရဲ႕ အေကာင့္ကို ႏိုင္ငံျခားသားတဦး လာ add တယ္ (ေအာက္မွာသူ႔Profileပံုတင္ထားပါတယ္) အမ်ိဳးသမီး က က်ေနာ့ကို လက္ခံလုိက္ရမလား ေမးတယ္။က်ေနာ္ကလည္း လက္ခံလုိက္ေပါ့ အပ်င္းေျပစကားေျပာရတာေပါ့လုိ႔ဒီလုိနဲ႔ ၂ရက္ေလာက္ၾကာေတာ့ သူ႔ဘက္ကေန စပီး ႏွဳတ္ဆက္ တယ္ သူ႔နာမည္ Terry Leo ျဖစ္ေၾကာင္း အဂၤလန္ မွာ ေနတာျဖစ္ေၾကာင္း စတင္ မိတ္ဆက္လာပါတယ္။

အမ်ိဳးသမီး က လည္း ျပန္လည္ မိတ္ဆက္တဲ႔ေပါ့ဗ်ာ
Terry Leo ဆုိသူကျမန္မာကိုခ်စ္ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံ မွာေနခ်င္ေၾကာင္းေျပာလာပါေတာ့တယ္ သူ႔အတြက္ ကြန္ဒုိျဖစ္ျဖစ္ လံုးခ်င္းျဖစ္ျဖစ္ ဝယ္လုိေၾကာင္းကူညီႏိုင္မယ္ဆုိရင္ ကူညီေစခ်င္ေၾကာင္းဒီလုိနဲ႔ ၂ရက္ေလာက္ေနေတာ့ Terry Leo ဆုိသူက က်ေနာ့ အမ်ိဳးသမီး ကို မင္း နဲ႔ သူငယ္ခ်င္း ျဖစ္ရတာ ကံေကာင္းေၾကာင္း ကံေကာင္းျခင္းေတြ ယူေဆာင္လာေၾကာင္း စတင္ေျပာလာပါေတာ့တယ္လက္ေဆာင္ေပးခ်င္ေၾကာင္းလဲ ေျပာလာပါတယ္

အဲ႔ဒီေနာက္ပိုင္းမွာ အမ်ိဳးသမီး ကို မေျပာခိုင္းေတာ့ဘဲ က်ေနာ္ဘဲ ေျပာပါေတာ့တယ္(သူကေတာ့ က်ေနာ့ အမ်ိဳးသမီးေျပာတယ္ထင္တာေပါ့)ငါ့မွာ အိမ္ေထာင္ ရွိတယ္ ကေလးတေယာက္လဲ ရွိတယ္ မင္းေပးမယ့္ လက္ေဆာင္ေတြကို လက္မခံႏိုင္ေၾကာင္းက်ေနာ္ေျပာပါတယ္

သူ႔မွာ အဲ႔လုိစိတ္မ်ိဳးမရွိေၾကာင္းနဲ႔ ခ်စ္တဲ႔ခင္တဲ႔သူကို လက္ေဆာင္ ပစၥည္းေပးခြင့္ရွိေၾကာင္း တံုု႔ျပန္ေျပာဆုိလာပါတယ္က်ေနာ္ကေတာ့ ဘာမွ ျပန္မေျပာလုိက္ပါဘူး၁ ပတ္ေလာက္ၾကာတဲ႔အခါမွာ သူက မင္းအတြက္ လက္ေဆာင္ပစၥည္းေတြ ဝယ္ေနေၾကာင္း ေျပာပီး နာမည္ နဲ႔ ဖုန္းနံပါတ္ေတာင္းပါတယ္ က်ေနာ့နာမည္နဲ႔ ဖုန္းနံပါတ္ေပးလုိက္ပါတယ္

၃ရက္ေလာက္ ၾကာတဲ႔အခါမွာ သူကေျပစာတေစာင္နဲ႔အတူ(ေအာက္မွာပံုတင္ထားပါတယ္) ပါဆယ္ပို႔လုိက္ေၾကာင္းနဲ႔ ပါဆယ္အတြင္းမွာ အိမ္ဝယ္ဘုိ႔ ေဒၚလာ ၂သိန္း၃ေသာင္းကို ဖြက္ပီး ထည့္ေပးလုိက္ေၾကာင္း မက္ေဆ့ခ်န္ခဲ႔ပါတယ္
အဲ႔ဒီမွာ စလြဲပီဆုိတာသိလုိက္ပါတယ္ ပါဆယ္ထဲမွာသူေျပာတဲ႔ ေငြပမာဏထည့္ပို႔လုိ႔မွမရတာသူေျပာပီး ၃ရက္ေျမာက္တဲ႔ေန႔မွာဘဲ ေအးဂ်င့္ဆုိသူ ေကာင္မေလးက ဖုန္းဆက္သြယ္ လာပါေတာ့တယ္ ပါဆယ္ေရာက္ေၾကာင္းနဲ႔ custom fee ေဒၚလာ 1000(ျမန္မာေငြနဲ႔တြက္ရင္ ၁၃၅၀၀၀၀)သြင္းရမယ္ ဆုိတဲ႔အေၾကာင္း ဖုန္းဆက္ပါေတာ့တယ္ က်ေနာ္လဲ ေနျပည္ေတာ္မွာျဖစ္ေနလုိ႔ လာမထုတ္ႏိုင္ေၾကာင္း ေျပာလုိက္ပါတယ္ အဲ႔အခ်ိန္မွာ ေအးဂ်င့္ ေကာင္မေလး က ဘဏ္အေကာင့္ ပို႔ေပးမည္ ျဖစ္ေၾကာင္း နဲ႔ ေငြလႊဲပီးရင္ သူ႔ကိုအေၾကာင္းျပန္ရန္ႏွင့္ ပါဆယ္ကို ေနျပည္္ေတာ္ အထိ ပို႔ေပးမည္ျဖစ္ေၾကာင္းေျပာလာပါေတာ့တယ္

အဲ႔ဒီ အေၾကာင္းအရာေတြကို TarryLeoဆုိသူကုိ အေၾကာင္းစံုေျပာျပလုိက္ပါတယ္ အဲ႔အခ်ိန္မွာသူက က်ေနာ့ကို ေငြ ခဏစိုက္ပီး ဘဏ္ကေနလႊဲေပးဘုိ႔နဲ႔ လႊဲပီးရင္လဲ ဘဏ္ေျပာစာကို သူ႔ဆီကို ပို႔ေပးဘုိ႔အေၾကာင္း ပီးမွ သူ႔ပိုက္ဆံထဲက ႏုတ္ယူဘုိ႔အေၾကာင္း စုိးရိမ္တဲ႔ ပံုစံနဲ႔ ေျပာေနပါေတာ့တယ္ အဲ႔ဒီမွာတခုခုလြဲေနပီဆုိတာ က်ေနာ္သိလုိက္ရပါတယ္
ဒုတယေန႔ေရာက္ေတာ့ Terry Leo ဆုိသူက ေငြလႊဲပီးပီလား ေမးလာပါေတာ့တယ္ က်ေနာ္လဲ မလႊဲရေသးဘူး မအားေသးဘူးလုိ႔ျပန္ေျပာလုိက္ပါတယ္

အဲ႔ဒီမွာ သူက က်ေနာ့ကို မင္းက Custom ကိုေဖါက္စစ္ေအာင္ အခ်ိန္ဆြဲေနတာလားတဲ႔က်ေနာ္ေျပာလုိက္တယ္ ဘယ္ပစၥည္းမဆုိ Custom ကိုျဖတ္ရတာဘဲလုိ႔သူကျပန္ေျပာတယ္ သူ႔ပစၥည္းက Custom ကို လံုးဝ မျဖတ္ရဘူးတဲ႔ ဒါ မျဖစ္ႏိုင္ေတာ့ဘူးဆုိတာ က်ေနာ္သိလုိက္တယ္ေအးဂ်င့္ဆုိတဲ႔ ေကာင္မေလးကလဲ ဖုန္းထပ္ဆက္လာပါတယ္(သူ႔ဖုန္းနံပါတ္ကိုေအာက္မွာတင္ေပးထားပါတယ္)ေငြအဆင္ေျပလားတဲ႔
က်ေနာ္လဲ မေျပေသးဘူးေျပာလုိက္ပါတယ္ဒီလုိနဲ႔က်ေနာ္ ဆံုးျဖတ္ခ်က္တခု ခ်လိုက္ပါတယ္ပါဆယ္ တကယ္ပို႔တာ ဟုတ္မဟုတ္ကို ရန္ကုန္မွာရွိတဲ႔ Custom Agent အကိုၾကီးတေယာက္ဆီကို ေျပစာစာရြက္ကို Viber ကေနပို႔ပီး စံုစမ္းေပးဘုိ႔ အကူညီေတာင္းလုိက္ပါတယ္ ေျပစာမွာပါတဲ႔ ကုမၸဏီက အင္တာနက္မွာ မရွိေၾကာင္းနဲ႔ ေအးဂ်င့္ေကာင္မေလးရဲ႕ဖုန္းနံပါတ္ကိုေတာင္းပါတယ္

တတိယေန႔မွာ ေအးဂ်င့္ ေကာင္မေလး ကဖုန္းထပ္ဆက္လာပါတယ္ ေငြလြဲပီးပီလားလုိ႔ထပ္ေမးပါတယ္ က်ေနာ္လဲ မေန႔က ပို႔တဲ႔ ဘဏ္အေကာင့္က ဖ်က္တဲ႔အထဲမွာပါသြားလုိ႔ ျပန္ပို႔ေပးပါအုန္းလုိ႔ ေျပာလုိက္ပါတယ္ ျပန္ပို႔လာတဲ႔ ဘဏ္အေကာင့္က မေန႔က ပို႔ထားတဲ႔ ဘဏ္အေကာင့္နဲ႔ ကြဲလြဲေနပါတယ္
တကယ္ဆုိရင္ ဘဏ္အေကာင့္ဟာ ဌာနဆုိင္ရာ နာမည္ နဲ႔ ေငြသြင္းေပးရမွာပါ ေန႔ခင္းပိုင္းေလာက္မွာ က်ေနာ့ မိတ္ေဆြ Custom Agent က အကို ဆက္သြယ္လာပါတယ္ ေအးဂ်င့္ ေကာင္မေလးကို ဖုန္းဆက္ပီးေၾကာင္းFlight နံပါတ္ နဲ႔ Arrival Time မေျပာႏိုင္ေၾကာင္း ဖုန္းခ်သြားေၾကာင္း လိမ္ေနတာသာျဖစ္ေၾကာင္းရွင္းရွင္းလင္းလင္းသိလုိက္ရပါေတာ့တယ္ ခင္ဗ်ား

(စာအရမ္းရွည္သြားမွာစုိးလုိ႔ တခ်ိဳ႕ အေၾကာင္းရာေတြ ခ်န္လွပ္ထားလုိက္ပါတယ္)

Credit – Kyaw Swar Htun

 

FB ကနေ လိမ်နည်း နောက်တမျိုး သတိတော့ ထားဗျို့

လွန်ခဲ့တဲ့ တလ လောက်က ကျနော့ အမျိုးသမီး ရဲ့ အကောင့်ကို နိုင်ငံခြားသားတဦး လာ add တယ် (အောက်မှာသူ့Profileပုံတင်ထားပါတယ်) အမျိုးသမီးက ကျနော့ကို လက်ခံလိုက်ရမလား မေးတယ်။ကျနော်ကလည်း လက်ခံလိုက်ပေါ့ အပျင်းပြေစကားပြောရတာပေါ့လို့ဒီလိုနဲ့ ၂ရက်လောက်ကြာတော့ သူ့ဘက်ကနေ စပီး နှုတ်ဆက်တယ် သူ့နာမည် Terry Leo ဖြစ်ကြောင်း အင်္ဂလန်မှာ နေတာဖြစ်ကြောင်း စတင် မိတ်ဆက်လာပါတယ်။

အမျိုးသမီးက လည်း ပြန်လည် မိတ်ဆက်တဲ့ပေါ့ဗျာ
Terry Leo ဆိုသူကမြန်မာကိုချစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာနေချင်ကြောင်းပြောလာပါတော့တယ် သူ့အတွက် ကွန်ဒိုဖြစ်ဖြစ် လုံးချင်းဖြစ်ဖြစ် ဝယ်လိုကြောင်းကူညီနိုင်မယ်ဆိုရင် ကူညီစေချင်ကြောင်းဒီလိုနဲ့ ၂ရက်လောက်နေတော့ Terry Leo ဆိုသူက ကျနော့ အမျိုးသမီးကို မင်းနဲ့သူငယ်ချင်းဖြစ်ရတာ ကံကောင်းကြောင်း ကံကောင်းခြင်းတွေ ယူဆောင်လာကြောင်း စတင်ပြောလာပါတော့တယ်လက်ဆောင်ပေးချင်ကြောင်းလဲ ပြောလာပါတယ်

အဲ့ဒီနောက်ပိုင်းမှာ အမျိုးသမီးကို မပြောခိုင်းတော့ဘဲ ကျနော်ဘဲ ပြောပါတော့တယ်(သူကတော့ ကျနော့ အမျိုးသမီးပြောတယ်ထင်တာပေါ့)ငါ့မှာ အိမ်ထောင် ရှိတယ် ကလေးတယောက်လဲ ရှိတယ် မင်းပေးမယ့် လက်ဆောင်တွေကို လက်မခံနိုင်ကြောင်းကျနော်ပြောပါတယ်

သူ့မှာ အဲ့လိုစိတ်မျိုးမရှိကြောင်းနဲ့ ချစ်တဲ့ခင်တဲ့သူကို လက်ဆောင်ပစ္စည်းပေးခွင့်ရှိကြောင်း တုံု့ပြန်ပြောဆိုလာပါတယ်ကျနော်ကတော့ ဘာမှ ပြန်မပြောလိုက်ပါဘူး၁ ပတ်လောက်ကြာတဲ့အခါမှာ သူက မင်းအတွက် လက်ဆောင်ပစ္စည်းတွေ ဝယ်နေကြောင်း ပြောပီး နာမည်နဲ့ ဖုန်းနံပါတ်တောင်းပါတယ် ကျနော့နာမည်နဲ့ ဖုန်းနံပါတ်ပေးလိုက်ပါတယ်

၃ရက်လောက် ကြာတဲ့အခါမှာ သူကပြေစာတစောင်နဲ့အတူ(အောက်မှာပုံတင်ထားပါတယ်) ပါဆယ်ပို့လိုက်ကြောင်းနဲ့ ပါဆယ်အတွင်းမှာ အိမ်ဝယ်ဘို့ ဒေါ်လာ ၂သိန်း၃သောင်းကို ဖွက်ပီး ထည့်ပေးလိုက်ကြောင်း မက်ဆေ့ချန်ခဲ့ပါတယ်
အဲ့ဒီမှာ စလွဲပီဆိုတာသိလိုက်ပါတယ် ပါဆယ်ထဲမှာသူပြောတဲ့ ငွေပမာဏထည့်ပို့လို့မှမရတာသူပြောပီး ၃ရက်မြောက်တဲ့နေ့မှာဘဲ အေးဂျင့်ဆိုသူ ကောင်မလေးက ဖုန်းဆက်သွယ် လာပါတော့တယ် ပါဆယ်ရောက်ကြောင်းနဲ့ custom fee ဒေါ်လာ 1000(မြန်မာငွေနဲ့တွက်ရင် ၁၃၅၀၀၀၀)သွင်းရမယ် ဆိုတဲ့အကြောင်း ဖုန်းဆက်ပါတော့တယ် ကျနော်လဲ နေပြည်တော်မှာဖြစ်နေလို့ လာမထုတ်နိုင်ကြောင်း ပြောလိုက်ပါတယ် အဲ့အချိန်မှာ အေးဂျင့်ကောင်မလေးက ဘဏ်အကောင့် ပို့ပေးမည် ဖြစ်ကြောင်း နဲ့ ငွေလွှဲပီးရင် သူ့ကိုအကြောင်းပြန်ရန်နှင့် ပါဆယ်ကို နေပြည်တော်အထိ ပို့ပေးမည်ဖြစ်ကြောင်းပြောလာပါတော့တယ်

အဲ့ဒီ အကြောင်းအရာတွေကို TarryLeoဆိုသူကို အကြောင်းစုံပြောပြလိုက်ပါတယ် အဲ့အချိန်မှာသူက ကျနော့ကို ငွေ ခဏစိုက်ပီး ဘဏ်ကနေလွှဲပေးဘို့နဲ့ လွှဲပီးရင်လဲ ဘဏ်ပြောစာကို သူ့ဆီကို ပို့ပေးဘို့အကြောင်း ပီးမှ သူ့ပိုက်ဆံထဲက နုတ်ယူဘို့အကြောင်း စိုးရိမ်တဲ့ ပုံစံနဲ့ ပြောနေပါတော့တယ် အဲ့ဒီမှာတခုခုလွဲနေပီဆိုတာ ကျနော်သိလိုက်ရပါတယ်
ဒုတယနေ့ရောက်တော့ Terry Leo ဆိုသူက ငွေလွှဲပီးပီလား မေးလာပါတော့တယ် ကျနော်လဲ မလွှဲရသေးဘူး မအားသေးဘူးလို့ပြန်ပြောလိုက်ပါတယ်

အဲ့ဒီမှာ သူက ကျနော့ကို မင်းက Custom ကိုဖေါက်စစ်အောင် အချိန်ဆွဲနေတာလားတဲ့ကျနော်ပြောလိုက်တယ် ဘယ်ပစ္စည်းမဆို Custom ကိုဖြတ်ရတာဘဲလို့သူကပြန်ပြောတယ် သူ့ပစ္စည်းက Custom ကို လုံးဝ မဖြတ်ရဘူးတဲ့ ဒါ မဖြစ်နိုင်တော့ဘူးဆိုတာ ကျနော်သိလိုက်တယ်အေးဂျင့်ဆိုတဲ့ ကောင်မလေးကလဲ ဖုန်းထပ်ဆက်လာပါတယ်(သူ့ဖုန်းနံပါတ်ကိုအောက်မှာတင်ပေးထားပါတယ်)ငွေအဆင်ပြေလားတဲ့
ကျနော်လဲ မပြေသေးဘူးပြောလိုက်ပါတယ်ဒီလိုနဲ့ကျနော် ဆုံးဖြတ်ချက်တခု ချလိုက်ပါတယ်ပါဆယ် တကယ်ပို့တာ ဟုတ်မဟုတ်ကို ရန်ကုန်မှာရှိတဲ့ Custom Agent အကိုကြီးတယောက်ဆီကို ပြေစာစာရွက်ကို Viber ကနေပို့ပီး စုံစမ်းပေးဘို့ အကူညီတောင်းလိုက်ပါတယ် ပြေစာမှာပါတဲ့ ကုမ္ပဏီက အင်တာနက်မှာ မရှိကြောင်းနဲ့ အေးဂျင့်ကောင်မလေးရဲ့ဖုန်းနံပါတ်ကိုတောင်းပါတယ်

တတိယနေ့မှာ အေးဂျင့်ကောင်မလေးကဖုန်းထပ်ဆက်လာပါတယ် ငွေလွဲပီးပီလားလို့ထပ်မေးပါတယ် ကျနော်လဲ မနေ့က ပို့တဲ့ ဘဏ်အကောင့်က ဖျက်တဲ့အထဲမှာပါသွားလို့ ပြန်ပို့ပေးပါအုန်းလို့ ပြောလိုက်ပါတယ် ပြန်ပို့လာတဲ့ ဘဏ်အကောင့်က မနေ့က ပို့ထားတဲ့ ဘဏ်အကောင့်နဲ့ ကွဲလွဲနေပါတယ်
တကယ်ဆိုရင် ဘဏ်အကောင့်ဟာ ဌာနဆိုင်ရာ နာမည်နဲ့ ငွေသွင်းပေးရမှာပါ နေ့ခင်းပိုင်းလောက်မှာ ကျနော့ မိတ်ဆွေ Custom Agent က အကို ဆက်သွယ်လာပါတယ် အေးဂျင့် ကောင်မလေးကို ဖုန်းဆက်ပီးကြောင်းFlight နံပါတ် နဲ့ Arrival Time မပြောနိုင်ကြောင်း ဖုန်းချသွားကြောင်း လိမ်နေတာသာဖြစ်ကြောင်းရှင်းရှင်းလင်းလင်းသိလိုက်ရပါတော့တယ် ခင်ဗျား

(စာအရမ်းရှည်သွားမှာစိုးလို့ တချို့ အကြောင်းရာတွေ ချန်လှပ်ထားလိုက်ပါတယ်)

Credit – Kyaw Swar Htun