Zawgyi ျဖင့္ဖတ္္ရန္

 

သီတင္းကြၽတ္ ျပီ…ဝါထြက္ၿပီ…။ တမင္သက္သက္ ေခါင္းစဥ္ တပ္ၿပီး လူစုၾကတယ္..။
ဝါတြင္းသံုးလ ေအာင့္အီးထားၾကတဲ့ အေသာက္အစား ကိစၥေလးေတြကို စတင္ဖြင့္လွစ္ၾကမယ္ဆိုၿပီး..၊တကယ္ေတာ့.. လူေတြက…..ကိုယ့္သတ္မွတ္ခ်က္နဲ႔ကိုယ္ သြားေနၾကတာပါ..။ အျဖစ္ႏိုင္ဆံုးကေတာ့..ကိုယ္နဲ႔ဘယ္ေလာက္ထိလိုက္ဖက္မလဲဆိုတဲ့ ေပတံ နဲ႔..။

ညေနေစာင္း… ေက်ာက္ကုန္း မွာဆံုၾကမယ္..၊ YAMMYမွာလူစံုေတာ့ ငါးနာရီဝန္းက်င္.. အင္းစိန္ ဘက္ကလာတဲ့သူလည္း ရွိတယ္..
ေတာင္ဥကၠလာ ဘက္ကလာသူလည္းရွိတယ္။ အားလံုးက ေလးဆယ္ေက်ာ္ အိမ္ေထာင္သည္ ေတြခ်ည္းပဲ..။
ဘီယာ ေလာက္နဲ႔စတင္ဖြင့္လွစ္လိုက္ၾကမယ္ဆိုေပမယ့္ ဝိုင္းအလယ္ေလာက္မွာ အနက္ေတာင့္ေတြ..အနီေတာင့္ ေတြပါလာ တယ္။
ဘာလဲ…ေပ်ာ္ေပ်ာ္ပါးပါးေပါ့။ ကိုယ့္ စီးပြား ကိုယ္ရွာႏိုင္ၾကသူေတြပဲဟာ။
မိသားစု တစ္ခုကို တင့္ေတာင္းတင့္တယ္ အ ျပင္ လွ်ံလန္ေနေအာင္ထားႏိုင္ၾကသူေတြေတာင္ပါေနတဲ့ဟာကို။
ဝိုင္းက မီးေပါင္ျမင့္လာနဲ႔အတူ ဟို ေခါင္းစဥ္.. ဒီ ေခါင္စဥ္ ေတြ ေရာေႏွာပါဝင္လာပါေတာ့တယ္။ ေကတီဗြီ သြားမယ္…မာဆက္ သြားမယ္။

အိမ္ေထာင္သည္ ေတြျဖစ္ေနတဲ့အတြက္.. ဒါ့ထက္ေတာ့ စည္းမေက်ာ္ၾကပါဘူး။ အေပ်ာ္လြန္တဲ့သေဘာေလာက္ပဲရွိပါတယ္..။

ေငြေၾကးသံုးစြဲႏိုင္သူေတြျဖစ္တဲ့အေလွ်ာက္..ကုန္က်စရိတ္ ကိုဘယ္ေတာ့မွ စာရင္း တို႔စရာမလို၊
စားပြဲထိုးေလးလွမ္း ေခၚၿပီး YAMMY ကထြက္ေတာ့ ႏွစ္ေသာင္ေက်ာ္သံုးေသာင္းေပးခဲ့ရတယ္။
ဒါကိုေတာင္ သူေပးမယ္ ငါေပးမယ္နဲ႔..။ ဝင္ေငြၾကမ္း တဲ့ လူေတြမ်ားေျပာပါတယ္။

အေပါက္ဝ ကိုဝင္လိုက္ကတည္းက ကားေနရာခ်ေပးတဲ့ ေကာင္ေလး အတြက္ တစ္ေထာင္မ်ိဳး ႏွစ္ေထာင္မ်ိဳး၊
ပင္တိုင္ ေဖာက္သည္ ေတြကေတာ့ သူ႔အမွတ္အသားနဲ႔သူ စာရင္းေပးၾကတယ္။
ဘီယာပု လင္းေတြေထာင္…….. အေၾကာ္အေလွာ္ေတြနဲ႔အ ခန္းက်ဥ္းေလးထဲက ပြဲေတာ္၊ စီးပြားေရးအေၾကာင္းေတြ…ေျပာၾကတယ္။
မိသားစု အေၾကာင္းေတြ….ေျပာၾကတယ္။ အေပါင္း အ သင္းမိတ္ေဆြေတြအေၾကာင္းကို ရယ္ပြဲဖြဲ႔ၾကတယ္။
တစ္ေယာက္ၿပီးတစ္ေယာက္ ကေလးမေလးေတြဝင္လာၾကတယ္။ ခဏေလးေဘးမွာ ဖယ္ေနၾက..

ဒီမွာေကာင္းေရာင္းေကာင္းဝယ္ေတြေဆြးေႏြးေနၾကတယ္။
ကားမွာကပ္ထားတဲ့စတစ္ကာက ေအာ္ရီဂ်င္နယ္ျဖစ္တာေၾကာင့္.. ေမာ္ေတာ္ပီကယ္က လက္သည္းနဲ႔ ကုတ္ခြာလည္းမရတဲ့အေၾကာင္း..၊
စပိုင္ကင္မရာပါတဲ့မ်က္မွန္တစ္လက္အေၾကာင္းေျပာေတာ့ ေကာင္မေလး ေတြက သူတို႔ကိုယ္သူတို႔ မလံုမလဲနဲ႔ ဖံုးၾကဖိၾက။
ဒါကိုပင္ ဝိုင္းဝန္း…သေဘာက်ေနၾကတယ္။ တကယ္လည္း မလံုမလဲတခ်ိဳ႕ပါလာတယ္။
ႏႈတ္ခမ္းနီ အရဲသားနဲ႔၊ ေမြးရန႔ံေတြကလည္း ခ်ိဳခ်ိဳအီအီ၊ အဲယာကြန္းကို အရွိန္ထပ္ျမႇင့္ခိုင္းတယ္။

ဝိတ္တာ ေကာင္ေလး ကိုလည္း တစ္ေထာင္မ်ိဳး ႏွစ္ေထာင္မ်ိဳးပစ္ခတ္ေပးၿပီး မေခၚပဲ ခဏ ခဏ ဝင္မလာနဲ႔ခိုင္းတယ္။
အခုခ်ိန္ထိ ေကာင္မေလး ေတြမွာ က်ိဳးၾကည့္ ေၾကာင္ၾကည့္..။

နံရံမွာကပ္ေပးထာတဲ့ နာရီ ..တစ္ခ်က္ခ်က္ေရြ႕ေနတယ္။
အဲဒီအတြက္ ဂရုကိုမစိုက္ၾကတာ..၊ ဒန္းေလာ့ေမြ႔ယာထူၾကီးေတြ ရဲ့ေျခရင္းမွာ ကေလးမေလးေတြက က်ံဳ႕က်ဳ႕ံထိုင္ၾကတယ္။
ေဖာက္သည္ ေတြကေတာ့ တရင္းတႏွီး၊ အသင့္ယူလာတဲ့စႏိုးတာဝါျဖဴျဖဴေအးေအးေလးေတြေဖာက္ၿပီး.. ေျခဖဝါးတိုင္းကို ဖြဖြကေလးပြတ္သပ္တိုက္ခြၽတ္လို႔၊
မ်က္ရည္ေတြမ်ား…ေတြေတြ က်ေနမလား…လို႔၊ ေျခေထာက္ဆိုတာ…….လူတစ္ကိုယ္လံုးရဲ့ အနိမ္႔က်ဆံုးေနရာ၊
သူစိမ္း ေယာက္်ား တစ္ေယာက္ရဲ့ ေျခဖဝါး ကို ကိုယ့္ရဲ့တယုတယလေမြးျမဴထားတဲ့လက္နဲ႔ ပယ္ပယ္နယ္နယ္ကိုင္တြယ္ေနရတယ္.. ၊လက္…ထမင္းစားတဲ့ လက္..။

အသားခ်င္း ထိတာမ်ား… မဟုတ္ဘူး…အဲဒီမွာ ကိေလသာ ေတြ အမ်ားၾကီးပါတယ္..။

ဆန႔္ေပးထာတဲ့ေပါင္ႏွစ္ေခ်ာင္းၾကားဝင္ၿပီး ေျခသလံုး တစ္ဘက္ကိုေပါင္ေပၚဆြဲတင္လိုက္တယ္၊
ၿပီးမွ..လက္ေမာင္း သားဝင္း ဝင္းေလးလႈပ္တဲ့ထိ လက္ဖ်ံနဲ႔ ပြတ္ေျခေပးရတယ္။
အဲယားကြန္းခန္းထဲမွာ ကိုယ္ေငြ႔ေတြေရာယွက္လို႔..။ အရက္န႔ံခ်ဥ္စူးစူး ေတြကို က်ိတ္မွိတ္မ်ိဳခ်ေနရမွာေပါ့..၊
ေပါင္ခြၾကားတည့္တည့္ကို ဖေနာင့္နဲ႔ေထာက္ၿပီး.. အပူထုတ္ေပးမယ္ျပင္ေတာ့.. တစ္ ေယာက္က ဒဏ္မခံႏိုင္ဘူး..
လက္နဲ႔မွ..တဲ့..၊ ကဲ…စဥ္းစားသာၾကည့္ေပတာ့..၊ ကိုယ့္လင္ကိုယ့္သားမဟုတ္တဲ့ သူစိမ္းေယာက္်ားကို..။

စီးကရက္ မီးခိုးေငြ႔ေတြမႊန္ထူေနတယ္။
ေလခ်ဥ္တက္တဲ့ အရက္သံေတြနဲ႔၊ ဒီၾကားထဲ ဟုတ္တိပတ္တိ အႏွိပ္မခံပဲ ရည္းစား လိုလို ဘာလိုလို အတြဲဇာတ္ခင္းေနတဲ့လူကရွိေသး၊
ငုတ္တုတ္ထိုင္ခိုင္းၿပီး ေနာက္ေၾကာကိုဒူးနဲ႔ေထာက္.. လက္ႏွစ္ဘက္ကို ေနာက္ကသိမ္းယူေတာ့ ကေလးမေလးရဲ႕ရင္သား ေတြက ေက်ာမွာလာမကပ္ေပဘူးလား။
ေရွ႕ကိုအားယူလိုက္ခ်ိန္က ကိုရီးယား ကားထဲကလို ေနာက္က ခိုးနမ္းေတာ့မယ့္အတိုင္း..။ မလြယ္လွပါဘူး..။ အဲယားကြန္း ေအးေအးၾကားမွာ ေခြၽးပ်ံေန ပါလိမ့္မယ္..။

တစ္နာရီ..တစ္ဆက္ရွင္..၊

ေဘလ္ယူခဲ့………………။

တစ္ေယာက္ကို သံုးေထာင့္ငါးရာ…။ ေစ်းခ်ိဳလြန္းအားၾကီးမေနဘူးလား၊
ေပးလိုက္ရတာေတြအမ်ားႀကီး၊ လက္ခ်ိဳးေရလို႔မႏိုင္၊ ရွိသမွ်အကုန္နီးပါး၊ ျပဳစုေပးရခ်က္က.. ႏိုင္းမက၊ ရေတာ့..သံုးေထာင့္ငါးရာ..၊
“ကြၽန္မတို႔ရတာမဟုတ္ပါဘူး.. ဆိုင္ကရတာ ပါ..၊ ကြၽန္မတို႔က.. လခေျခာက္ေသာင္းေလာက္နဲ႔လုပ္ၾကရတာ”၊
တြက္ၾကည့္ေတာ့…..တစ္ရက္ႏွစ္ေထာင္..၊ အလုပ္ခ်ိန္နာရီ နဲ႔စားခ်လိုက္ရင္ တစ္နာရီစာလုပ္အားက တစ္ေထာင္မျပည့္..။
အထဲမွာ … မွာၿပီးစားေသာက္ၾကတာ ေသာင္းဂဏန္းဆို ေတာ့ ကေလးမေလးေတြအတြက္ မုန္႔ဖိုးဆိုၿပီး ထပ္ထုတ္ၾကတယ္။
တစ္ေယာက္ကေျပာတယ္…”ပါးပါးေလးပါ” တဲ့၊ ဟုတ္ ပါ့…ေတာ္ေတာ္တန္ဘိုးနည္းတဲ့ မိန္းမေတြပဲ….။

Credit: ကိုကံညိဳ (ႀကီး)

Unicode ဖြင့်ဖတ်ရန်

ယောက်ျားလေးတိုင်း ရှောင် / မိန်းကလေးတိုင်း မဖြစ်အောင် သတိထားသင့်တဲ့ “တန်ဘိုးနည်း မိန်းမ”ဆိုတာ… !

 

သီတင်းကျွတ်ပြီ…ဝါထွက်ပြီ…။ တမင်သက်သက် ခေါင်းစဉ်တပ်ပြီး လူစုကြတယ်..။
ဝါတွင်းသုံးလ အောင့်အီးထားကြတဲ့အ သောက်အစားကိစ္စလေးတွေကို စတင်ဖွင့်လှစ်ကြမယ်ဆိုပြီး..၊
တကယ်တော့.. လူတွေက…..ကိုယ့်သတ်မှတ်ချက်နဲ့ကိုယ် သွားနေကြတာပါ..။ အဖြစ်နိုင်ဆုံးကတော့..ကိုယ်နဲ့ဘယ်လောက်ထိလိုက်ဖက်မလဲဆိုတဲ့ပေတံနဲ့..။

ညနေစောင်း… ကျောက်ကုန်းမှာဆုံကြမယ်..၊ YAMMYမှာလူစုံတော့ ငါးနာရီဝန်းကျင်.. အင်းစိန်ဘက်ကလာတဲ့သူလည်း ရှိတယ်..
တောင်ဥက္ကလာဘက်ကလာသူလည်းရှိတယ်။ အားလုံးက လေးဆယ်ကျော်အိမ်ထောင်သည်တွေချည်းပဲ..။
ဘီယာလောက်နဲ့စတင်ဖွင့်လှစ်လိုက်ကြမယ်ဆိုပေမယ့် ဝိုင်းအလယ်လောက်မှာ အနက်တောင့်တွေ..အနီတောင့်တွေပါလာ တယ်။
ဘာလဲ…ပျော်ပျော်ပါးပါးပေါ့။ ကိုယ့်စီးပွားကိုယ်ရှာနိုင်ကြသူတွေပဲဟာ။
မိသားစုတစ်ခုကို တင့်တောင်းတင့်တယ် အ ပြင် လျှံလန်နေအောင်ထားနိုင်ကြသူတွေတောင်ပါနေတဲ့ဟာကို။
ဝိုင်းက မီးပေါင်မြင့်လာနဲ့အတူ ဟိုခေါင်းစဉ်.. ဒီခေါင်စဉ် တွေ ရောနှောပါဝင်လာပါတော့တယ်။ ကေတီဗွီသွားမယ်…မာဆက်သွားမယ်။

အိမ်ထောင်သည်တွေဖြစ်နေတဲ့အတွက်.. ဒါ့ထက်တော့ စည်းမကျော်ကြပါဘူး။ အပျော်လွန်တဲ့သဘောလောက်ပဲရှိပါတယ်..။

ငွေကြေးသုံးစွဲနိုင်သူတွေဖြစ်တဲ့အလျှောက်..ကုန်ကျစရိတ်ကိုဘယ်တော့မှ စာရင်းတို့စရာမလို၊
စားပွဲထိုးလေးလှမ်း ခေါ်ပြီး YAMMY ကထွက်တော့ နှစ်သောင်ကျော်သုံးသောင်းပေးခဲ့ရတယ်။
ဒါကိုတောင် သူပေးမယ် ငါပေးမယ်နဲ့..။ ဝင်ငွေကြမ်းတဲ့ လူတွေများပြောပါတယ်။

အပေါက်ဝကိုဝင်လိုက်ကတည်းက ကားနေရာချပေးတဲ့ကောင်လေးအတွက် တစ်ထောင်မျိုး နှစ်ထောင်မျိုး၊
ပင်တိုင်ဖောက် သည်တွေကတော့ သူ့အမှတ်အသားနဲ့သူ စာရင်းပေးကြတယ်။
ဘီယာပုလင်းတွေထောင်…….. အကြော်အလှော်တွေနဲ့အ ခန်းကျဉ်းလေးထဲက ပွဲတော်၊ စီးပွားရေးအကြောင်းတွေ…ပြောကြတယ်။
မိသားစုအကြောင်းတွေ….ပြောကြတယ်။ အပေါင်း အ သင်းမိတ်ဆွေတွေအကြောင်းကို ရယ်ပွဲဖွဲ့ကြတယ်။
တစ်ယောက်ပြီးတစ်ယောက် ကလေးမလေးတွေဝင်လာကြတယ်။ ခဏလေးဘေးမှာ ဖယ်နေကြ..

ဒီမှာကောင်းရောင်းကောင်းဝယ်တွေဆွေးနွေးနေကြတယ်။
ကားမှာကပ်ထားတဲ့စတစ်ကာက အော်ရီဂျင်နယ်ဖြစ်တာကြောင့်.. မော်တော်ပီကယ်က လက်သည်းနဲ့ ကုတ်ခွာလည်းမရတဲ့အကြောင်း..၊
စပိုင်ကင်မရာပါတဲ့မျက်မှန်တစ်လက်အကြောင်းပြောတော့ ကောင်မလေးတွေက သူတို့ကိုယ်သူတို့ မလုံမလဲနဲ့ ဖုံးကြဖိကြ။
ဒါကိုပင် ဝိုင်းဝန်း…သဘောကျနေကြတယ်။ တကယ်လည်း မလုံမလဲတချို့ပါလာတယ်။
နှုတ်ခမ်းနီအရဲသားနဲ့၊ မွေးရနံ့တွေကလည်း ချိုချိုအီအီ၊ အဲယာကွန်းကို အရှိန်ထပ်မြှင့်ခိုင်းတယ်။

ဝိတ်တာကောင်လေးကိုလည်း တစ်ထောင်မျိုး နှစ်ထောင်မျိုးပစ်ခတ်ပေးပြီး မခေါ်ပဲ ခဏ ခဏ ဝင်မလာနဲ့ခိုင်းတယ်။
အခုချိန်ထိ ကောင်မလေးတွေမှာ ကျိုးကြည့် ကြောင်ကြည့်..။

နံရံမှာကပ်ပေးထာတဲ့နာရီက..တစ်ချက်ချက်ရွေ့နေတယ်။
အဲဒီအတွက် ဂရုကိုမစိုက်ကြတာ..၊ ဒန်းလော့မွေ့ယာထူကြီးတွေ ရဲ့ခြေရင်းမှာ ကလေးမလေးတွေက ကျုံ့ကျုံ့ထိုင်ကြတယ်။
ဖောက်သည်တွေကတော့ တရင်းတနှီး၊ အသင့်ယူလာတဲ့စနိုးတာဝါဖြူဖြူအေးအေးလေးတွေဖောက်ပြီး.. ခြေဖဝါးတိုင်းကို ဖွဖွကလေးပွတ်သပ်တိုက်ချွတ်လို့၊
မျက်ရည်တွေများ…တွေတွေ ကျနေမလား…လို့၊ ခြေထောက်ဆိုတာ…….လူတစ်ကိုယ်လုံးရဲ့ အနိမ့်ကျဆုံးနေရာ၊
သူစိမ်းယောက်ျားတစ်ယောက်ရဲ့ခြေဖဝါးကို ကိုယ့်ရဲ့တယုတယလမွေးမြူထားတဲ့လက်နဲ့ ပယ်ပယ်နယ်နယ်ကိုင်တွယ်နေရတယ်.. ၊လက်…ထမင်းစားတဲ့လက်..။

အသားချင်းထိတာများ… မဟုတ်ဘူး…အဲဒီမှာကိလေသာတွေ အများကြီးပါတယ်..။

ဆန့်ပေးထာတဲ့ပေါင်နှစ်ချောင်းကြားဝင်ပြီး ခြေသလုံးတစ်ဘက်ကိုပေါင်ပေါ်ဆွဲတင်လိုက်တယ်၊
ပြီးမှ..လက်မောင်း သားဝင်း ဝင်းလေးလှုပ်တဲ့ထိ လက်ဖျံနဲ့ ပွတ်ခြေပေးရတယ်။
အဲယားကွန်းခန်းထဲမှာ ကိုယ်ငွေ့တွေရောယှက်လို့..။ အရက်နံ့ချဉ်စူးစူး တွေကို ကျိတ်မှိတ်မျိုချနေရမှာပေါ့..၊
ပေါင်ခွကြားတည့်တည့်ကို ဖနောင့်နဲ့ထောက်ပြီး.. အပူထုတ်ပေးမယ်ပြင်တော့.. တစ် ယောက်က ဒဏ်မခံနိုင်ဘူး..
လက်နဲ့မှ..တဲ့..၊ ကဲ…စဉ်းစားသာကြည့်ပေတာ့..၊ ကိုယ့်လင်ကိုယ့်သားမဟုတ်တဲ့ သူစိမ်းယောက်ျားကို..။

စီးကရက်မီးခိုးငွေ့တွေမွှန်ထူနေတယ်။
လေချဉ်တက်တဲ့ အရက်သံတွေနဲ့၊ ဒီကြားထဲ ဟုတ်တိပတ်တိ အနှိပ်မခံပဲ ရည်းစား လိုလို ဘာလိုလို အတွဲဇာတ်ခင်းနေတဲ့လူကရှိသေး၊
ငုတ်တုတ်ထိုင်ခိုင်းပြီး နောက်ကြောကိုဒူးနဲ့ထောက်.. လက်နှစ်ဘက်ကို နောက်ကသိမ်းယူတော့ ကလေးမလေးရဲ့ရင်သားတွေက ကျောမှာလာမကပ်ပေဘူးလား။
ရှေ့ကိုအားယူလိုက်ချိန်က ကိုရီးယားကားထဲကလို နောက်က ခိုးနမ်းတော့မယ့်အတိုင်း..။ မလွယ်လှပါဘူး..။ အဲယားကွန်းအေးအေးကြားမှာ ချွေးပျံနေ ပါလိမ့်မယ်..။

တစ်နာရီ..တစ်ဆက်ရှင်..၊

ဘေလ်ယူခဲ့………………။

တစ်ယောက်ကို သုံးထောင့်ငါးရာ…။ ဈေးချိုလွန်းအားကြီးမနေဘူးလား၊
ပေးလိုက်ရတာတွေအများကြီး၊ လက်ချိုးရေလို့မနိုင်၊ ရှိသမျှအကုန်နီးပါး၊ ပြုစုပေးရချက်က.. နိုင်းမက၊ ရတော့..သုံးထောင့်ငါးရာ..၊
“ကျွန်မတို့ရတာမဟုတ်ပါဘူး.. ဆိုင်ကရတာ ပါ..၊ ကျွန်မတို့က.. လခခြောက်သောင်းလောက်နဲ့လုပ်ကြရတာ”၊
တွက်ကြည့်တော့…..တစ်ရက်နှစ်ထောင်..၊ အလုပ်ချိန်နာရီ နဲ့စားချလိုက်ရင် တစ်နာရီစာလုပ်အားက တစ်ထောင်မပြည့်..။
အထဲမှာ … မှာပြီးစားသောက်ကြတာ သောင်းဂဏန်းဆို တော့ ကလေးမလေးတွေအတွက် မုန့်ဖိုးဆိုပြီး ထပ်ထုတ်ကြတယ်။
တစ်ယောက်ကပြောတယ်…”ပါးပါးလေးပါ” တဲ့၊ ဟုတ် ပါ့…တော်တော်တန်ဘိုးနည်းတဲ့ မိန်းမတွေပဲ….။

Credit: ကိုကံညို (ကြီး)