Zawgyi ဖြင့်ဖတ်ရန်
၃ဦးအချစ်ဇာတ်လမ်း
“OK´´တဲ့။
လူကိုအပေါစားများမှတ်နေလား
ဇနီး ဖြစ်သူ အဆိုတော် မလေး စတိတ်ခ်ျရှိုးပွဲ သွား ဖျော်ဖြေနေရာ ကနေ အိမ်ပြန် နောက်ကျနေလို့ သူ့ ယောက်ျား ခမျာ သိပ်စိတ်ပူ နေသတဲ့။
ယောက်ျား က မေးတာပေါ့ “ဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲ အချစ်ရယ်၊ ပွဲပြီးတာ နောက်ကျ နေတာလား”
“ဒါဆို ဘာလို့လဲ”
“ဟင့်…”
ကုန်ပီပေါ့…
ဒီည အားလား
“တိန်”
Unicode ဖြင့်ဖတ်ရန်
သေးထွက်အောင် ရီရမယ့် ဟာသ ၃ ပုဒ်
၃ဦးအချစ်ဇာတ်လမ်း
အသက်ကြီးပိုင်း ဦးလေးကြိးတစ်ယောက်က အသက်ငယ်ငယ် ခပ်ချောချော ကောင်မလေး တစ်ယာက်ကိုယူပြီး အချိန် ကြာလာတဲ့အခါ မိန်းမ အိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ ထင်လာခဲ့ပါတယ်။ ဒါနဲ့ တစ်နေ့ အလုပ်ပ စောစော ပြန်လာပြီး အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့
မိန်းမက လင်ငယ်နဲ့ နောက်မီးလင်းနေတုန်း လင်ကြီးက တံခါးကို ဆောင့်ကန် ဝင်လာတော့ အိပ်ခန်းထဲမှာ လင်ငယ်နဲ့ ပက်ပင်း တိုးပါလေရော။
လင်ကြီးက သူ့မိန်းမကို”နင်အပြင်ထွက်နေ သူနဲ့ ငါနဲ့ ၂ ယောက်တည်း စာရင်းရှင်းမယ်”ဆိုပြီး အိပ်ထဲက သေနတ် ၂ လက်ကိုထုတ်ပြီး …
“ဒီသေနတ်တွေက ရုပ်ရှင်ထဲမှာ သုံးတဲ့ေ သနတ်တွေ အသံသာ မြည်ပြီး ကျည်ဆံ မထွက်ဘူး။မင်းနဲ့ငါ တစ်ယောက်ကို တစ်ယောက် ပစ်ပြီး သေချင်ယောင် ဆောင်မယ်။ မိန်းမက ဖက်ငို ခံရတဲ့သူက ဆက်ပေါင်းစေ၊ ကျေနပ်လား”ဆိုတော့ လင်ငယ်က
“OK´´တဲ့။
ဒါနဲ့ ၂ ယောက်သား တိုင်မင် ခေါ်ပြီး“ဒိုင်း ဒိုင်း´´ဆို မရှေးမနှောင်း ပစ်ပြီး သေချင်ယောင် ဆောင် လိုက်ကြတယ်။
သေနတ်သံ တွေလည်းကြားရော မိန်းမက အိပ်ခန်းထဲ ပြေးဝင်လာတဲ့အခါ လင်ကြီးရော လင်ငယ်ပါ ပက်လက်ကလေးတွေ လန်လို့ပေါ့။အဲဒါကိုလည်း တွေ့ရော မိန်းမက အခုလို အပေါ်ကို မော့ကြည့်ရင်း အော် ပြောလိုက်ပါတယ်။
“ထပ်ခိုးပေါ်က တစ်ယောက် ဆင်းခဲ့တော့ဒီမှာ ၂ ကောင် စလုံး သေပြီ”
လူကိုအပေါစားမာျးမှတ်နေလား
ဇနီးဖြစ်သူ အဆိုတော် မလေး စတိတ်ချ်ရှိူးပွဲ သွား ဖျော်ဖြေနေရာ ကနေ အိမ်ပြန် နောက်ကျနေလို့ သူ့ ယောကျ်ားခမျာ သိပ်စိတ်ပူ နေသတဲ့။
မိုးကြီး အတော်ချုပ်မှ ပင်ပန်း နွမ်းနယ်နေတဲ့ သူ့ဇနီး ပြန်ရောက်လာတယ်။
ယောကျ်ားက မေးတာပေါ့ “ဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲ အချစ်ရယ်၊ ပွဲပြီးတာ နောက်ကျ နေတာလား”
“မဟုတ်ပါဘူး ပွဲက စောပါတယ်”
“ဒါဆို ဘာလို့လဲ”
“လမ်းမှာ ဓားပြ အတိုက်ခံနေရလို့”
“ဓားပြ တိုက်တာ ခံရတာနဲ့ နောက်ကျတာ ဘယ်လို ပတ်သက်နေလို့လဲ အချစ်ရယ်”
“ပတ်သက်တာပေါ့၊ လမ်း လူပြတ်တဲ့ နေရာမှာ ကျမကားကို လူ ၅ ယောက်က တားတယ်၊ ဓားပြတိုက်ဖို့ တားတာပဲ၊ ဒါပေမယ့် ကျမကို နာမည်ကြီး အဆိုတော် မှန်းလဲ သိရော သူတို့ကို သီချင်းဆိုပြတဲ့၊ မဆိုပြရင် ဝိုင်းပြီး ဗလက္ကာရ ကျင့်မယ် တဲ့လေ…”
“ဒါဆို.. သူတို့ကို သီချင်း ဆိုပြနေလို့ နောက်ကျ နေတာပေါ့လေ ဟုတ်လား…”
“အို…ဒီလို သူခိုး ဓားပြတွေကို သီချင်း ဆိုပြရအောင် လူကို အပေါစား အဆိုတော်များ မှတ်နေလားဟမ်..”
“ဟင့်…”
ကုန်ပီပေါ့…
ဒီည အားလား
သူမသည် ခေတ်ဆန်၏။ချော၏။လှ၏။ကိတ်၏။ပုရိသများအား ဖမ်းစားနိုင်သူဟု ဆိုနိုင်၏။သူမသည် ကျနော့် အိမ်နှင့် မျက်နှာချင်းဆိုင် တိုက်တွင် တစ်ကိုယ်တည်းနေသော အပျိုချော ဖြစ်၏။
တစ်နေ့ ညနေခင်းတွင် ကျနော် အိမ်ရှေ့ထိုင်ခုံ၌ ထိုင်နေတုန်း သူမ အိမ်ပြန်လာတာကို ငေးကြည့်နေမိသည်။
ငေးကြည့်နေစဉ် ထူးထူးခြားခြား ကျနော် ထိုင်နေရာဆီကို တန်းတန်းမက်မက် လျှောက်လာနေတော့ ကျနော် အံ့သြနေရင်း
အနားရောက်တော့ သူမက နူးညံတဲ့ အပြုံးတပွင့် ဖြင့် ကျနော့်ကိုနှုတ်ဆက်သည်။
ကျနော်လည်း ပျာပျာသလဲနှင့် မက်တပ် ရပ်လိုက်၍ သွားဖြီးကာ ပြန် နှုတ်ဆက်လိုက်သည်။
သူမက “ကျမ ဒီနေ့ အရမ်းပျော်နေတယ် သိလား စိတ်တွေတအား ထကြွနေတယ် အရမ်း လန်းပလိုက်ချင်လို့ ဒီညတော့ ကျမရဲ့စိတ်တွေကို လွှတ်ပလိုက်တော့မယ် “ဆက်ပီး” ဒီည ကျမ အရက်သောက်မယ် တစ်ညလုံးလုံး အချစ် ဆိုတာနဲ့ သာယာပစ်လိုက်မယ် ရှင် .. ဒီည ဘာလုပ်စရာရှိလဲ အားလား ”
ကျနော် တံတွေးတွေ အခါခါ မျိုချရင်း ဂလုသံကြီးနှင့် ပြောသည်။
” ဘာ .. ဘာမှလုပ်စရာ မ..မရှိပါဘူး တစ်ညလုံး အားးး ပါတယ်”လို့ပြောတော့
သူမ နှစ်လိုဖွယ်ရာ ကောင်းအောင် ပြုံးပြလိုက်ပြီး
” ဒါဆိုရင် ကျမအိမ်က ခွေးလေးကို တဆိတ်လောက် ကြည့်ထားပေးပါနော် …ကျမ ကလပ်ကို သွားမလို့”
“တိန်”
Credit :Original Uploder