Zawgyi ျဖင့္ဖတ္္ရန္

သြားတုိက္ေဆး နဲ႔ မေဆးရဘူးေနာ္။ အေရာင္ က်သြားလိမ့္မယ္။ေရႊဆိုတာ အဖိုးတန္ပါတယ္။ အျမတ္တႏိုးနဲ႔လည္း ဝတ္ဆင္ၾကတယ္၊ စုေဆာင္းသိမ္းဆည္းၾကတယ္။ ဝတ္တာမ်ားလာတဲ့အခါ ေ႐ႊထည္ ေတြက အေရာင္ မွိန္သြားေရာ။ ဆိုင္ သြားၿပီး ေဆးခိုင္းမွ ျပန္ဝင္းလက္လာတယ္ေလ။

ဆိုင္ မသြားခ်င္ဘူးဆိုရင္ အိမ္မွာပဲ ေ႐ႊထည္ ေတြ သန္႔စင္ေဆးေၾကာလို႔ ရပါတယ္။ လြယ္လြယ္ေလး။ ဘာမွမခက္ဘူး။ မဒီေျပာျပမယ္။


ေရေႏြး ထဲကို ပန္းကန္ေဆး ဆပ္ျပာဆီ အနည္းငယ္ ထည့္ပါ။ ေဆးမယ့္ ေ႐ႊထည္ ကို ဆပ္ျပာရည္ ထဲ ၁၅ မိနစ္ စိမ္ေပးထားလိုက္ရပါမယ္။ ၁၅ မိနစ္ ျပည့္ေတာ့မွ သြားတုိက္တံ အႏုေလးနဲ႔ ျဖည္းျဖည္းခ်င္း ပြတ္တိုက္သန္႔စင္ေပးပါ။

ေရ ကို ေႏြးေအာင္ထားထားၿပီး ဘံုဘိုင္ေခါင္းေအာက္မွာ ေ႐ႊထည္ကို ျပန္ေဆးေပးရပါမယ္။ ေရထဲမစိမ္ပါနဲ႔။ ကပ္ေနတဲ့ ေၾကးေတြ ေရ နဲ႔အတူ ေမ်ာသြားေအာင္ ဘံုဘိုင္ေခါင္း ကိုဖြင့္ထားရတာျဖစ္ပါတယ္။ ဇကာထဲကို ေ႐ႊထည္ပစၥည္းထည့္ၿပီးေဆးရင္ ျပဳတ္မက်ေတာ့ဘူးေပါ့။

ဆပ္ျပာရည္ ေတြနဲ႔ ေၾကး(ဂ်ီး)ေတြ ေျပာင္စင္သြားၿပီဆုိေတာ့မွ ႏူးညံ့ တဲ့ အဝတ္ေျခာက္ ေလးနဲ႔ အသာအယာ ပြတ္တုိက္ၿပီး ေရေတြေျခာက္သြားလိုက္ လုပ္လိုက္ရမွာ ျဖစ္ပါတယ္။ ဒါဆုိရင္ ဆိုင္ကို တကူးတကသြားစရာမလိုဘဲနဲ႔ ေ႐ႊထည္ ပစၥည္းေလးက ဝယ္ခါစတုန္းကလို အေရာင္ျပန္တက္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္။

Credit : Duwun

Unicode ဖြင့်ဖတ်ရန်

ရွှေထည်ပစ္စည်းတွေ အရောင်တက်လာအောင် အိမ်မှာပဲဆေးနည်း

သွားတိုက်ဆေးနဲ့ မဆေးရဘူးနော်။ အရောင်ကျသွားလိမ့်မယ်။

ရွှေဆိုတာ အဖိုးတန်ပါတယ်။ အမြတ်တနိုးနဲ့လည်း ဝတ်ဆင်ကြတယ်၊ စုဆောင်းသိမ်းဆည်းကြတယ်။ ဝတ်တာများလာတဲ့အခါ ရွှေထည်တွေက အရောင်မှိန်သွားရော။ ဆိုင်သွားပြီး ဆေးခိုင်းမှ ပြန်ဝင်းလက်လာတယ်လေ။

ဆိုင်မသွားချင်ဘူးဆိုရင် အိမ်မှာပဲ ရွှေထည်တွေ သန့်စင်ဆေးကြောလို့ ရပါတယ်။ လွယ်လွယ်လေး။ ဘာမှမခက်ဘူး။ မဒီပြောပြမယ်။

ရေနွေးထဲကို ပန်းကန်ဆေးဆပ်ပြာဆီ အနည်းငယ်ထည့်ပါ။ ဆေးမယ့် ရွှေထည်ကို ဆပ်ပြာရည်ထဲ ၁၅ မိနစ် စိမ်ပေးထားလိုက်ရပါမယ်။ ၁၅ မိနစ်ပြည့်တော့မှ သွားတိုက်တံအနုလေးနဲ့ ဖြည်းဖြည်းချင်း ပွတ်တိုက်သန့်စင်ပေးပါ။

ရေကို နွေးအောင်ထားထားပြီး ဘုံဘိုင်ခေါင်းအောက်မှာ ရွှေထည်ကို ပြန်ဆေးပေးရပါမယ်။ ရေထဲမစိမ်ပါနဲ့။ ကပ်နေတဲ့ ကြေးတွေ ရေနဲ့အတူ မျောသွားအောင် ဘုံဘိုင်ခေါင်းကိုဖွင့်ထားရတာဖြစ်ပါတယ်။ ဇကာထဲကို ရွှေထည်ပစ္စည်းထည့်ပြီးဆေးရင် ပြုတ်မကျတော့ဘူးပေါ့။

ဆပ်ပြာရည်တွေနဲ့ ကြေး(ဂျီး)တွေ ပြောင်စင်သွားပြီဆိုတော့မှ နူးညံ့တဲ့အဝတ်ခြောက်လေးနဲ့ အသာအယာ ပွတ်တိုက်ပြီး ရေတွေခြောက်သွားလိုက် လုပ်လိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဆိုင်ကို တကူးတကသွားစရာမလိုဘဲနဲ့ ရွှေထည်ပစ္စည်းလေးက ဝယ်ခါစတုန်းကလို အရောင်ပြန်တက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

Credit : Duwun