Zawgyi ဖြင့်ဖတ်ရန်







Credit : Duwun

Unicode ဖြင့်ဖတ်ရန်
ကမ္ဘာ့ အကောင်းဆုံး အသင်း မှာ ၁၁ နှစ်ဆက်တိုက် ဦးဆောင်ထားနိုင်တဲ့ မက်ဆီ နဲ့ ရော်နယ်ဒို

နိုင်ငံပေါင်း ၇၁ နိုင်ငံက ပရော်ဖက်ရှင်နယ် ကစားသမား ပေါင်း ၂၆၆၂၂ ဦးက ရွေးချယ်မဲပေးရွေးချယ်တဲ့ အဆိုပါဆုကို ရော်နယ်ဒို အနေနဲ့ နှစ်နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ကပေးအပ်ချီးမြှင့်တဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ပေးအပ်ပွဲအခမ်းအနားကို မနေ့က လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဆုပေးပွဲ အခမ်းအနား တွင် နေရာလိုက် အကောင်းဆုံး ကစားသမား ဆုများအပါအဝင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ရာမှာတော့ ရော်နယ်ဒို က နှစ်နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အကောင်းဆုံး နည်းပြဆု ကိုလည်း ရီးရဲအသင်းနည်းပြ ဇီဒန်း က ဆွတ်ခူးနိုင်ခဲ့သလို အကောင်းဆုံးအသင်းမှာလည်း ရီးရဲ အသင်း က ကစားသမား ၅ ဦးနဲ့ အများဆုံး ပါဝင်နိုင်ခဲ့ပါတယ်။

နိုင်ငံပေါင်း ၇၁ နိုင်ငံက ပရော်ဖက်ရှင်နယ် ကစားသမား ပေါင်း ၂၆၆၂၂ ဦးက ရွေးချယ်မဲပေးရွေးချယ်တဲ့ အဆိုပါဆုကို ရော်နယ်ဒိုအနေနဲ့ နှစ်နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Golden Boy ဆုကို ဒမ်ဘီလီ နဲ့ဂျီးဆက်တို့ကိုကျော်လွန်ပြီး မက်ပီဆွတ်ခူး: မက်ပီ အနေနဲ့ ဘာစီလိုနာ မှ ဒမ်ဘီလီနဲ့ မန်စီးတီးမှ ဂျီးဆက်တို့နဲ့ ယှဉ်ပြိုင်ပြီး ယခုလို ဆုရရှိခဲ့တာလည်း ဖြစ်ပါတယ်။
Golden Boy ဆု ကို ဒမ်ဘီလီနဲ့ဂျီးဆက် တို့ကိုကျော်လွန်ပြီး မက်ပီဆွတ်ခူး
မက်ပီ အနေနဲ့ ဘာစီလိုနာ မှ ဒမ်ဘီလီနဲ့ မန်စီးတီးမှ ဂျီးဆက်တို့နဲ့ ယှဉ်ပြိုင်ပြီး ယခုလို ဆုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ယခုရွေးချယ်လိုက်တဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်းတွင် ၈ ဦးမှာ ယမန်နှစ်ကလည်း အရွေးချယ်ခံထားရသူများအဖြစ် ပြန်လည်ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။
၎င်းတို့ကတော့ ဘူဖွန်၊ဘိုနော့ချီ၊နေမာတို့ကလွဲ၍ ကျန်ကစားသမားများမှာ ယခင်နှစ်ကလည်း ရွေးချယ်ခံထားရသူများဖြစ်ပါတယ်။
ဒါ့အပြင် ယခု အကောင်းဆုံး ကစားသမား စာရင်းကို ဦးဆောင်နေတဲ့ ရော်နယ်ဒို နဲ့ မက်ဆီ တို့ကတော့ ယခုအရွေးချယ်ခံထားရတဲ့ ကစားသမားတွေ အားလုံး ထက် ပိုမိုသာလွန်ကောင်းမွန်တယ်လို့ ဆိုရလောက်အောင်ကို ကမ္ဘာ့ အကောင်းဆုံး ကစားသမား စာရင်း မှာ ၁၁ နှစ်ဆက်တိုက် ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

Credit : Duwun